အဆန်ဆီယိုကို ဒုတိယအကြိမ်ကမ်းလှမ်းမယ်
ပြီးခဲ့တဲ့ရာသီမှာ ပေါင်း ၃၄ သန်းနဲ့ကမ်းလှမ်းခဲ့ပေမယ့် ရီးရဲဖက်က ပယ်ချခဲ့တာကြောင့် မအောင်မြင်ခဲ့တဲ့ ကွင်းလယ်လူအဆန်ဆီယိုကို အာဆင်နယ်ဖက်က ဒုတိယအကြိမ်ဆက်လက်ကမ်းလှမ်းသွားမယ်လို့ 442 ကဆိုပါတယ်။

တိုမီယာဆု အပေါ် ဂန္တဝင်ကြီး အီယန်ရိုက် ရဲ့ပြောစကား
လုံးဝအကြီးအကျယ်ပဲဗျာ … ကျွန်တော်တို့သူ့ကို စာချုပ်တုန်းက အတော်လေးအပြောခံရတာပါ။ ဒါပေမယ့် ခုချိန်ထိ 1 vs 1 သူကို့မကျော်နိုင်ကြသေးဘူး၊ ပြီးတော့ တောက်လျှောက်လန်းနေတာဗျာ… ဒါတွေက မပြီးဘူးဗျ ၊ ထူးရှယ်ခြေစွမ်းတွေမြင်ရဦးမှာ

သံယောဇဥ်ကြီးတဲ့ မတ်ရိုင်ယန်
အသင်းမှာ ခနတာပဲလာရောက်ကစားခဲ့ပေမယ့် ဂိုးသမား မတ်ရိုင်ယန်က အသင်းဖော်ဟောင်း ဂရန်းနစ်ရှာခါအတွက် အမြန်သက်သာစေဖို့ Twitter မှာ Speedy Recovery Bro လို့ ဆုတောင်းပေးသွားခဲ့ပါတယ်။ ရှာခါဟာ ထင်ထားတာထက်ပိုပြီးအနားယူရဖို့ရှိပြီးအသင်းနဲ့ နှစ်ကုန်လောက်မှာသာပူးပေါင်းနိုင်မယ့်သဘောရှိနေပါတယ်။
ဘေဘီဂျက်ကို အသင်းမှာတွေ့နိုင်မလား
ကာလအတိုင်းအတာတစ်ခုထိနားရတော့မယ့် ကွင်းလယ်လူရှာခါရဲ့နေရာကို အစားထိုးဖို့ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူဟောင်း ဂျက်ဝီးရှိုင်းယား အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ ပရိတ်သတ်တွေက ဆန္ဒရှိနေပါတယ်။
ဘာစီလိုနာအသင်းရဲ့လျာထားနည်းပြစာရင်းမှာပါဝင်နေတဲ့ အာတီတာ
ရလဒ်တွေ တောက်လျှောက်ဆိုးရွားနေတဲ့ ဘာစီလိုနာအသင်းဟာ နည်းပြကိုးမန်းနေရာမှာအစားထိုးဖို့ လျာထားစာရင်းမှာ ၉/၁ လေး နဲ့အတူ နည်းပြအာတီတာလဲပါဝင်နေပါတယ်။

Leave a Reply