သူရဲကောင်းတို့ခေတ်ပြန်လည်ရှင်သန်လာပြီလား

Star Wars ဇာတ်လမ်းထဲမှာ ကာလတစ်ခုရှိခဲ့တယ်။ Galaxy ထဲမှာ တချိန်တုန်းက  Jedi သူရဲကောင်းတွေရှိခဲ့တယ်ဆိုတာ ပုံပြင်တစ်ပုဒ်လိုဖြစ်နေခဲ့တာပေါ့။ ယုံတမ်းလိုလိုဘာလိုလို ။ ဘောလုံးလောကနဲ့ ခိုင်းနှိုင်းပြီးပြောရရင် ဆယ်စုနှစ် ၂ ခုစာလောက်အောင်မြင်မှုနဲ့ဝေးနေပြီးတဲ့နောက် အာဆင်နယ်အသင်းဆိုတာ တချိန်က အသင်းကြီးဆိုတာကို ယုံကြည်သူလဲနဲပါးလာခဲ့တယ်။  ကောင်းခဲ့တဲ့သမိုင်းတစ်ခုရှိတယ်ဆိုရင်တောင် သြော် .. ဟုတ်လား။ ဒီလောက်မှာတင်ပြီးခဲ့တယ်။ ဘယ်အသင်းလာလာ ဒူးထောက်ရတဲ့ ၊ တချက်ထိ အမြန်ပေး တိုက်စစ်ဆင်ကစားပုံတွေရှိခဲ့တယ်ဆိုတာ ယုံရခက်လာတယ်။

တကယ်လည်း ယုံရခက်လောက်အောင်အသင်းက နိမ့်ကျနေခဲ့တာကိုး။ တိုက်စစ်နဲ့ ကမ္ဘာကျော်တဲ့အသင်းဟာ ဂိုးတစ်ဂိုးရဖို့ရုန်းကန်ရတာ ရာသီပေါင်းမနဲ။ တချိန်က အောင်မြင်ခဲ့တယ်ဆိုတာတောင် ယုံရခက်ခက်။ ချန်ပီယံလိဂ်နဲ့လဲမဆိုင်တာကြာပြီ။  သို့သော် .. ဒီအိမ်မက်ဆိုးတွေကနေ ပြန်ထလာဖို့အတွက် ရောင်နီအနဲငယ်စမြင်ရပြီဖြစ်ပါတယ်။ မျိုးဆက်သစ်တို့ရဲ့အား .. နောက်ပြီး တချိန်ကအသင်းခေါင်းဆောင်ဖြစ်ခဲ့သူ အာတီတာ ရဲ့ ဦးဆောင်မှု။ ဒီနေရာမှာ သူရဲ့ဦးဆောင်မှုကလည်း အငြင်းပွားစရာတော့ရှိနေပါသေးတယ်။  ဒါပေမယ့် သူနဲ့ပတ်သတ်တဲ့အမြင်တွေစတင်ပြောင်းလဲစပြုလာပြီ။ ရီယိုဖာဒီနန်လို ကစားသမားတွေကလည်း အသိအမှတ်ပြုလာပြီ။ ဝေဖန်သူတွေဖြစ်တဲ့အသင်းရဲ့  Legend  ကြီးတွေကလည်း အပေါင်းလက္ခဏာဆောင်တာတွေစပြောလာကြပြီ။ သူတို့တကယ်ခေတ်တခေတ်ကို တည်ထောင်တော့မှာလား ….

သူတို့တည်ထောင်နေတာကလမ်းကြောင်းကရှင်းပါတယ်။ အကယ်ဒမီထွက်လူငယ်လေးတွေကို အဓိကထားအားပြုထားတယ်။ ပြီးတော့ စျေးကွက်ထဲက စိတ်ကြိုက် လူငယ်တွေနဲ့ပေါင်းစပ်ပြီးခေတ်တစ်ခေတ်ကိုတည်ထောင်မယ်။ အချိန်ယူရမယ်။ များပြားလှတဲ့လုပ်ငန်းစဥ်တွေရှိမယ်။ ကာလတစ်ခုကြာရင်အောင်မြင်မယ်။ ဒါက  စီစဥ်ထားတဲ့  Plan တွေ။ တကယ်ရောလက်တွေ့ဖြစ်ရဲ့လား ..

ဒီနေရာမှာ လူငယ်ဆိုတာမှာလည်း အကုန်လုံးကကြယ်ပွင့်တွေဖြစ်သွားခဲ့တာမျိုးတော့မဟုတ်။ အလယ်အလတ်အဆင့်မှာပဲရပ်နေတာတွေ ၊ ကြယ်ပွင့်ဖြစ်သွားတာတွေ နောက်ပြီး ဖြစ်ကိုမလာတာတွေ စသည်ဖြင့်အစုံပါပဲ။ ဒါပေမယ့် လတ်တလောရလဒ်တွေအရတော့ ခြုံကြည့်ရင်ဖြစ်ထွန်းမှုတွေက ပိုများနေပါတယ်။ ဆာကာနဲ့ စမစ်ရို တို့အထူးခြေစွမ်းပြနေကြပြီး  အခြားအလားအလာကောင်းတဲ့ လူငယ်လေးတွေလဲ အပြိုင်းအယိုင်းနာမည်ကြီးနေကြပါတယ်။ ဒါက အကယ်ဒမီအပိုင်း။

ခေါ်ယူထားတဲ့လူငယ်တွေကလည်း အကုန်လုံးလိုလိုခြေစွမ်းပြနေကြပါတယ်။ လိုကွန်ဂါ ၊ တိုမီယာစု ၊တာဗာရက်စ် ၊ရမ်းစ်ဒေး ..အကုန်လုံးရဲ့ အစွမ်းတွေက ဒီနေ့ ၉ ပွဲဆက်မရှုံးတဲ့အာဆင်နယ်ကို ဖြစ်တည်စေတာပါပဲ။ အထူးသဖြင့် နောက်တန်းနဲ့ ကွင်းလယ်ကစားပုံတွေဟာ အတက်ဖက်ကိုတောက်လျှောက်ပြနေခဲ့ပါတယ်။ နည်းပြလိုချင်တာနဲ့ သူတို့လုပ်ဆောင်နိုင်စွမ်းက တစ်ထပ်တည်းကျစပြုလာပါတယ်။ တချိန်ကအာဆင်နယ်ရဲ့ပုံရိပ်ကို သတိရစေတဲ့ တချက်ထိအမြန်ပေးတွေလဲ ပြန်မြင်လာရပြီး ၊ ခေတ်နဲ့လျှော်ညီတဲ့   Pressing Game ပုံစံတွေကိုလည်းကစားပြနေပါတယ်။

အခြားအသင်းတွေနဲ့မတူတာက  လူကြီးတွေကလူငယ်တွေကိုဦးဆောင်တာမဟုတ်ပဲ ၊ လူငယ်တွေက ပြန်ဦးဆောင်နေတာမျိုး။ လူငယ်တွေရဲ့ပြင်းအားက စီနီယာတွေဆီပြန်ကူးစက်တယ်ထင်ပ။ အူဘာမီယန်တောင် ဘောလုံးတွေဘာတွေလိုက်ကစားလို့။

ရှုံးပွဲတွေရပ် နိုင်ပွဲတွေစပေမယ့် တချိန်တုန်းက ပီရက်စ် ၊ အွန်နရီ ၊ ဘားကင့် တို့တွေတိုက်စစ်ဆင်လာရင် ဂိုးရဖို့ တဝက်သေချာနေတယ်ဆိုတဲ့ အနေအထားမျိုးနဲ့တော့အဝေးကြီးပါ။ အထူးသဖြင့်တိုက်စစ်မှာရုန်းကန်နေရတယ်။ ကွင်းလယ်ကလဲ အရံလူမရှိသေး။ ရှာခါနာသွားတာနဲ့တင် စိတ်ပူစရာအများကြီးဖြစ်နေခဲ့တယ်။ ဒါပေမယ့် အနေအထားတစ်ခုကိုတော့ပြန်ပြီးဦးတည်လာနေတာ ငြင်းမရတာကတော့အသေအချာပါပဲ။အသင်းလိုက်စကားပုံနဲ့ စိတ်ဓါတ်က သိသိသာသာတက်လာပါတယ်။

အခု နောက်ဆုံး ၂ လတာမှာ အသင်းက အဆင့်တစ်ခုကို ပြသနိုင်ပြီ။ အခုလာမယ့်လထဲမှာ လီဗာပူးအပါအဝင်ပွဲကြပ်တွေစောင့်နေပါတယ်။ ရာသီအစတုန်းက ဝေဖန်မှုတွေကတော့ အတော်ကလေး လျော့နည်းနေပါပြီ။ ဆက်ပြီးတော့ အာတီတာနဲ့လူငယ်တသိုက်ဘယ်လောက်ထိရောက်နိုင်မလဲ။ တချိန်တုန်းက သူရဲကောင်းတွေထွန်းကားခဲ့ရာ အမြှောက်တပ်ပြန်လည်ရှင်သန်လာမလားဆိုတာ စောင့်ကြည့်စရာကောင်းလွန်းလှပါတယ်။

တကယ်လို့များ ခေတ်တခေတ်ပြန်လာရင်တော့  သူရဲကောင်းတို့ပြန်လည်ရှင်သန်လာပြီလို့ သစ္စာတရားကြီးမားတဲ့ ပရိတ်သတ်တွေ လက်မထောင်နိုင်ပြီဖြစ်ကြောင်းပါ။

Miracle Sport View ၏ ကိုယ်ပိုင် အရေးအသားဖြစ်သောကြောင့် ပြည်လည်ကူးယူတင်ပြခြင်းများ မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါသည်။ မူရင်းပို့စ်ကိုရှဲပေးခြင်းဖြင့် အားပေးနိုင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: