ချဲလ်ဆီးနဲ့ပွဲမှာ ဘယ်သူ့ကိုစိတ်ပျက်ပြီး ဘာတွေမကျေမနပ်ဖြစ်ခဲ့တာလဲရိုနယ်ဒို

မနေ့ညကယှဥ်ပြိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ယူနိုက်တက်အသင်းတို့ဟာ တဖက်တဂိုးစီသရေကျခဲ့ ပါတယ်။ နှစ်သင်းလုံးအပြိုင်အဆိုင် ဖိအားပေးကစားနိုင်ခဲ့တယ်ဆိုပေမယ့် ချဲလ်ဆီးအသင်းကယူနိုက် တက်အသင်းထက်ပိုပြီး အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်။

ယူနိုက်တက် အသင်းဟာ ဖိအားတွေအောက်မှာ သိသိသာသာရောက်ရှိနေတဲ့အသင်းတစ်သင်းဖြစ်ပြီး နည်းပြအပြောင်းလဲကြောင့်လဲ အရမ်းကြီးယုံကြည်လို့မရတဲ့ အခြေအနေတခုမှာ ရှိနေတာ ဖြစ်ပါတယ်။ ယာယီနည်းပြသစ် ခေါ်ယူထားပေမယ့်အလုပ် ပါမစ်ကိစ္စတွေ အပြီး မသတ်နိုင်သေးတာကြောင့် လက်ထောက်နည်းပြ ကာရစ်ကပဲ  နည်းပြတာဝန်ယူပြီး ယူနိုက်တက်အသင်းရဲ့ ပျောက်ဆုံးနေတဲ့ပုံရိပ်တွေကို ၂  ပွဲ ဆက်ရှာဖွယ်ထားနိုင်ခဲ့ပါတယ်။

ယာယီနည်းပြ မိုက်ကယ်ကာရစ်ဟာ မနေ့ညကပွဲ မှာ အသင်းရဲ့ အထောင်တိုက်စစ်မူးရိုနယ်ဒိုကို အရံနေရာမှာဘဲထားခဲ့ပါတယ်။ ဒါကလဲသူဆော့ချင်တဲ့ ပုံစံတခုရဲ့အနေထားမှာ ရိုနယ်ဒိုကိုအနားပေးဖို့လို အပ်တာကြောင့်ဆိုတာကို ပြောကြားထားခဲ့ပြီလဲ ဖြစ်သလို ယင်းကစားသမားကိုယ်တိုင်ကလက်ခံခဲ့ ကြောင်း ဆက်လက်ပြီး ပြောကြားခဲ့ပါတယ်။

မနေ့ကပွဲမှာ ရိုနယ်ဒို တခုခုကိုသက်သေပြချင်နေပါတယ်။ အထူးသဖြင့်သူ့ရဲ့မှတ်တမ်းတခုဖြစ်တဲ့ ချဲလ်ဆီးအသင်း ကို ဂိုးသွင်းရခက်ခဲတဲ့စံချိန်ကိုချိုးဖျက်ချင်နေပါတယ်။ ဒါကြောင့် ပွဲချိန် ၆၄ မိနစ်မှာလူစားဝင်လာခဲ့ပြီးကြိုးစားကစားခဲ့ပါတယ်။ ဒါပေမယ့်လည်း အခွင့်ရေးအတွေရှာမရခဲ့တဲ့အပြင် အသင်းနဲ့အံဝင်အောင် ခက်ခက်ခဲခဲလိုက်ကစားနေရတာကိုလဲ တွေ့ရပါတယ်။ ဒါတင်မကသေးပါဘူး ဒိုင်ကိုစောဒကတက်လို့လဲ ပွဲချိန် မိနစ် ၉၀ကျော်မှာ အဝါကဒ်ပြခံခဲ့ရပါသေးတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်မနေ့က ရိုနယ်ဒိုဟာ ပုံမှန်ခြေစွမ်းအောက်ကိုရောက်နေခဲ့တာကိုလဲ တွေ့ရပါတယ်။

ပွဲပြီးတဲ့အခါမှာလဲ ပရိတ်သတ်တွေရှိတဲ့ဖက်ကိုတချက်တောင်မကြည့်တဲ့အပြင် ပြိုင်ဖက်အသင်းက စားသမားတွေနဲ့လဲ လက်ဆွဲနူတ်ဆက်ခြင်းများမရှိခဲ့ပဲ ဥမင်ထဲကိုစိတ်ပျက်လက်ပျက်ဝင်သွားခဲ့တာကို တွေ့ ရပါတယ်။  ဒါကြောင့် နီးစပ်ရာသတင်းအသိုင်းအဝိုင်းများက ရိုနယ်ဒိုတယောက် အခြေအနေတွေဒီထက် ပိုမဆိုးခင် စောစောအနားယူလိုက်သင့်ပြီလို့လဲ ဝေဖန်ခဲ့ကြတယ်လို့ သိရပါတယ်။

တဖက်မှာတော့  ရိုနယ်ဒိုနည်းတူအခြား  GOAT တစ်ဦးဖြစ်တဲ့ မက်ဆီကတော့  ဖန်တီးမှုဟက်ထရစ်ရခဲ့ပြီး ပါရီမြေမှာခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဆယ်စုနှစ် ၂ ခုစာ ဘောလုံး‌လောကကို အုပ်စိုးခဲ့ကြတဲ့ ဘုရင်ကြီးတွေဟာ နောက်ဆုံးနှစ်တွေမှာတော့ ရုန်းကန်နေကြရတာကိုမြင်နေရပြီဖြစ်ပါတယ်။

Leave a comment

Website Powered by WordPress.com.

Up ↑

Design a site like this with WordPress.com
Get started