အိုးထရက်ဖို့ဒ်ပွဲ အတိုချုပ်

အာဆင်နယ်ပရိတ်သတ်တွေ အချိန်ကုန်မြန်ချင်မယ့် ကာလပဲဖြစ်ပါတယ်။ ဒါပေမယ့် ရှေ့ဆက်ကြရမှာပဲမဟုတ်လား။ မန်ချက်စတာယူနိုက်တက်ကို ၃-၂ နဲ့ရှုံးခဲ့တဲ့ပွဲကို ပြန်ကြည့်ရင် စိတ်ပျက်စရာတွေ ၊ ဒေါသ ဖြစ်စရာ တွေများခဲ့ပေမယ့် ကောင်းတဲ့ အချက်တွေနဲ့ပဲ စလိုက်ကြတာပေါ့။ 

မာတင်နယ်လီအကြောင်းအရင်ပြောပါမယ်။

ဆာကာတစ်ယောက်ကြံ့ခိုင်မှုမပြည့်ဝတဲ့အတွက် ပွဲထွက်ခဲ့တဲ့မာတင်နယ်လီဟာ တမူထူးခြားစွာ တင်ဆက်ခဲ့ပါတယ်။  နယူးကာဆယ်နဲ့ပွဲအပြီးမှာ ကျွန်တော်တို့အားလုံးက မာတင်နယ်လီကို အမြန်ဆုံးသုံးဖို့ ဖိအားပေးခဲ့ကြပေမယ့် သူ့စိတ်ကြိုက်နေရာမဟုတ်တဲ့ တောင်ပံကနေကစားလာချိန်မှာ တော့ အနဲငယ်စိုးရိမ်ခဲ့ကြပါတယ်။ တကယ်ကစားချိန်မှာ ပူပန်စရာတစ်ခုမှမရှိခဲ့ပါဘူး။

မာတင်နယ်လီဟာ သက်တောင့်သက်သာ ပဲ နေရာသစ်မှာကစားပြသွားပြီး ဂန်နားတို့ဖက်ရဲ့  Man Of The Match အဖြစ်ပြောလို့ရတဲ့ထိခြေစွမ်းပြခဲ့ပါတယ်။  မနေ့ကညမှာ သူသိပ်ကောင်းပါတယ်။ အိုဒီဂတ်ရဲ့ ဂိုးကိုလည်း သူပဲဖန်တီးပေးခဲ့တာဖြစ်ပါတယ်။   ဒီအသက် ၂၀ အရွယ်ကစားသမားလေးဟာ တဖြေးဖြေးနဲ့ ထိမ်းမရတဲ့အဆင့်တစ်ခုကိုရောက်လာတော့မှာပါ။  ဒီအချက်ကိုမြင်ချင်ရင် ဖရက်ဒ်နဲ့ တဲလက်စ်တို့ကို သူတောင်ပံတွေမှာ ရင်ဆိုင်သွားပုံကိုကြည့်ပါ။  အာတီတာအနေနဲ့  မာတင်နယ်လီကို ယုံယုံကြည်ကြည်နေရာပေးဖို့လိုနေပါပြီ

ကဲ .. ဒါဆိုရင်မေးပြီး  အဲဗာတန်နဲ့ပွဲ မာတင်နယ်လီပွဲထွက်မှာလား။

ဆာကာတစ်ယောက်လဲပြန်ကစားနိုင်ပြီဆိုတော့ တောင်ပံမှာဆိုရင် သူတို့နှစ်ဦးထဲက တစ်ယောက် ယောက် ရွေးရမယ့်အနေအထားပါ။

တကယ်လို့သာ အာတီတာ ဟာ မာတင်နယ်လီကို သူ့ရဲ့ ကပ္ပတိန်ကြီးနေရာမှာ အစားထိုးလိုက်ပြီ ဆိုရင်တော့  ဒါဟာသိပ်ကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်လာမှာပါပဲ။

အိုးထရက်ဖို့ဒ်ပုံပြင်ဟောင်း

ကောင်းမွန်တဲ့အစ တစ်ခုကို ပြုလုပ်နိုင်ခဲ့ပြီးနောက် အာတီတာ ဟာ ကျန်ရှိတဲ့ မိနစ် ၇၀ ကျော်ကို ခံစစ်အသားပေးပြီးကစားဖို့ဆုံးဖြတ်လိုက်ပုံရပါတယ်။  ပထမ ၁၅ မိနစ်မှာသိပ်ကောင်းခဲ့တဲ့ ကစားပုံတွေဟာ ပျောက်ဆုံးသွားတော့တာပါပဲ။ ဒါပေမယ့် အာတီတာမျှော်လင့်နေတဲ့ပုံစံလည်း မဟုတ်ပြန်ပါဘူး။ အာတီတာ ဘာလိုချင်ပြီး အသင်းသားတွေက ဘာမှားခဲ့ပါသလဲ။

ဘောလုံးကိုင်တဲ့အပိုင်းမှာ  အားနဲခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ပြိုင်ဖက်ဆီကိုဘောလုံးတွေ ပို့မိရက်သားဖြစ်နေခဲ့ပြီး Pressing လဲ ကောင်းကောင်းမပေးနိုင်ခဲ့ပါဘူး။  ကျွန်တော်တို့မှာ ဘယ်လို ကစားမယ်ဆိုတဲ့ပုံစံရှိနေပေမယ့် ဘောလုံးတွေက ပြိုင်ဖက်ဆီရောက်နေခဲ့ပါတယ်။ ထင်မှတ်မထားတဲ့ အမှားတွေလုပ်မိခဲ့ပြီး  သူတို့အတွက် အခွင့်အရေးတွေဖြစ်စေခဲ့ပါတယ်။   လို့   ပွဲအပြီးမှာပြောပါတယ်။

အာဆင်နယ်တို့ ထိပ်ဆုံးလေးသင်းမှာ ရပ်တည်ချင်ရင်လုပ်စရာတွေများနေတာအသေအချာပါပဲ။

အာတီတာဟာ သူ့အသင်းရဲ့ အခြေအနေကို များသောအားဖြင့်အကောင်းပြောလေ့ရှိပေမယ့် ဒီနေ့ပွဲမှာတော့ စီနီယာကစားသမားတွေဆီက ဘာလိုချင်တယ်ဆိုတာအထိကို ထုတ်ပြောလာခဲ့ပါတယ်။

စီနီယာကစားသမားတွေက ဦးဆောင်ပြီး လူငယ်တွေကနောက်က လိုက်ရမှာပါ  လို့သူကဆိုပါတယ်။ ဒါဟာ  ပါတေး ၊ အူဘာမီယန် တို့ကိုရည်ရွယ်တာမှန်းသိသာပါတယ်။ တကယ်လည်း သိသိသာသာကို အားနဲခဲ့ကြတာပါ။ ပွဲကို လူငယ်တွေကသာရသလောက်ဦးဆောင်သွားခဲ့ကြတာကို မြင်ရမှာပါ။

ပါတေး အဆင်ပြေလား

ပါတေးရဲ့  ကိန်းဂဏန်းတွေကအဆင်ပြေခဲ့ပါတယ်။ ဂါနာသားကြီးဟာ   ပြိုင်ဖက်အသင်းဇုန်ထဲမှာ  ၇ ကြိမ် ပေးပို့နိုင်ခဲ့တယ်။  ကြားဖြတ်ယူမှု ၇ ကြိမ်လုပ်နိုင်ခဲ့တယ်။  မာတင်အိုဒီဂတ်ရဲ့ဂိုးဖြစ်လာစေမယ့် အကြိုပေးပို့မှုကို မာတင်နယ်လီဆီအရောက်ပို့ခဲ့တယ်။  ဒါပေမယ့် ပွဲကြည့်သူတွေရဲ့အသံက မတူညီခဲ့ပါဘူး။ အာဆင်နယ်ကွင်းလယ်လူအနေနဲ့ တကယ်အဆင်ပြေရဲ့လား။

ကျွန်တော့်အထင်တော့ ဆမ်ဘီ နဲ့ အယ်နီနီ အပြောင်းအလဲက သူ့အတွက်ခက်ခဲသွားပုံရပါတယ်။ လိုကွန်ဂါဟာ အရှေ့ပိုတက်ကစားတတ်တဲ့သဘောရှိပါတယ်။ အယ်နီနီကတော့ ခံစစ်ကို အာရုံပိုစိုက်ရင်း ပါတေးတစ်ယောက် အထီးကျန်နေခဲ့ပုံပါပဲ။ ထို့အတူ ခံစစ်ကြောင်းအတွက်လဲ ပါတေးနဲ့ အယ်နီနီတို့က သပ်သပ်စီကစားနေကြသလိုဖြစ်နေခဲ့ပါတယ်။

အာဆင်နယ်ရဲ့အနဲငယ်သော စီနီယာကစားသမားဆီက အာတီတာ ဒီထက်ပိုလိုချင်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။

ဂါနာသားကြီးကတော့အမှားတွေကိုပြင်ဆင်ပြီး ပြန်လာခဲ့ပါမယ်လို့ က တိပေးသွားခဲ့ပါတယ်။ ပြီးတော့ တစ်သင်းလုံးအတူတကွကြိုးစားနေခဲ့တာကိုလဲ  အသိပေးသွားခဲ့ပါတယ်။ အာတီတာအတွက်ကတော့ နောက်တစ်ပွဲမြန်မြန်ကစားပြီးရလဒ်ကောင်းယူပြဖို့သာရှိပါတယ်။

အနှစ်ချုပ်ပြောရရင် ဖြစ်နေကျပြသနာ ပါပဲ။ အာတီတာလိုချင်တဲ့ အရာက အသင်းသားတွေနဲ့ ဝေးကွာနေတာပါပဲ။ ဒါဆိုရင်တော့ အာတီတာ တစ်ယောက် ဆောင်းရာသီမှာ လူဖြည့်ရပါလိမ့်မယ်။ အာဆင်နယ်ဟာ Rhythm  မိနေတဲ့ အသင်းလတ်တစ်သင်းနဲ့တူနေပြီး အသင်းကြီးသိပ်မဆန်သေး တာလက်တွေ့ဖြစ်ပါတယ်။

Football London ရဲ့  အာဆင်နယ်သတင်းသီးသန့်တင်ဆက်သူ ကာယာကေနက် ရဲ့  အိုးထရက်ဖို့ပွဲအချက်အလက် စုစည်းသုံးသပ်မှုကို အတိုချုံးတင်ပြထားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: