နောက်ဆုံးရ အာဆင်နယ် သတင်းများ (4Dec-10am)

အသံတွေ ဆူညံလာတဲ့ ကဲဗက်လီဝင်

အာဆင်နယ်အသင်းဟာ  လာကာဇက်နေရာအစားထိုးဖို့ ကဲဗက်လီဝင်ကို  လျာထားပြီဖြစ်ကြောင်း   Daily Mail  ၊  Mirror ၊  The Times  ၊ Telegraph သတင်းဌာနတွေက ဆက်တိုက်ဖော်ပြလာကြပါတယ်။ ကစားသမားဟာ ၂၀၂၅  ခုနှစ်အထိ စာချုပ်ရှိနေတာကြောင့် ပြောင်းရွှေ့ကြေးကတော့မြင့်မားမယ်လို့ တညီတညွတ်ထဲ ဖော်ပြနေကြပါတယ်။ ကဲဗက်လီဝင်ဟာ လက်ရှိမှာ ဒဏ်ရာကြောင့်နားနေရတာဖြစ်ပြီး  ဒီရာသီမှာ ၃ ဂိုးသာ သွင်းထားနိုင်ပါသေးတယ်။

အူဘာကိုလူစားလဲလို့ ဝေဖန်တဲ့ အွန်နရီ

အူဘာမီယန်ကို လူစားလဲလိုက်တဲ့ အာတီတာကို အွန်နရီက သူ့ရဲ့ရှု့ထောင်ကနေ ဝေဖန်ပြောဆိုသွားပါတယ်။ ဂန္တဝင်ကြီးက   အူဘာက ခင်ဗျားရဲ့  အသင်းခေါင်းဆောင်ဖြစ်တယ် ၊ ဂိုးသွင်းယူမယ့်သူလဲဖြစ်တယ် ။  ပွဲပြီးဖို့  ၁၅ မိနစ်အလို ၊ ၃-၂ နဲ့ရှုံးနေချိန်မှာ  သူ့ ကိုလူစားလဲလိုက်တယ်။ အသင်းရဲ့ တိုက်စစ်ပြယုဂ်တစ်ခုကို  ဂိုးလိုအပ်ချိန်မှာလူစားလဲလိုက်တယ် ၊။  ကိုယ့်အတွက် ဂိုးသွင်းယူပေးမယ့်သူက ကွင်းထဲမှာရှိမနေဘူးဗျာ     ဆိုပြီး  ဝေဖန်သွားတာဖြစ်ပါတယ်။

အာဆင်နယ် နဲ့ပွဲမှာ အဲဗာတန်ပရိတ်သတ်တွေ ဆန္ဒပြကြမယ်

အာဆင်နယ်အသင်းနဲ့ကစားမယ့်ပွဲမှာ  အဲဗာတန်ပရိတ်သတ်တွေဟာ  ချီတက်ဆန္ဒပြကြမယ်လို့  သိရပါတယ်။ ရလဒ်တွေဆက်တိုက်ဆိုးရွားနေတဲ့အပြင်   မာဆေးဆိုက်ဒ် ဒါဘီမှာ ခြေပြတ်ဂိုးပြတ်ရှုံးခဲ့ရတာအပေါ် ပရိတ်သတ်တွေက လက်မခံနိုင်တော့တာဖြစ်ပါတယ်။  အခြားသတင်းတွေအရလဲ နည်းပြဘင်နီတက်စ် ကိုထုတ်ပယ်ဖို့အတွက် ပြင်ဆင်နေကြပြီလို့ ဖော်ပြနေကြပါတယ်။

ဂျိုနသန်ဒေးဗီးစ် နဲ့လည်း သတင်းတွေစိပ်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ကာလရှည် စိတ်ဝင်တစားစောင့်ကြည့်နေရတဲ့  လိုင်လီတိုက်စစ်မှုး ဂျိုနသန်ဒေးဗီးစ်ဟာ  လာကာဇက်နေရာမှာအစားထိုးဖို့ ပိုမိုပစ်မှတ်ထားလာတယ်လို့  L Eqipe  အပါအဝင် သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ အဆိုပါတိုက်စစ်မှုးဟာ  အွန်နရီနဲ့   အာဆင်နယ်ကို နှစ်သက်သူဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားခဲ့ဖူးပါတယ်။  နောက်ဆုံးသတင်းတွေအရ လီဗာပူးတို့ကလည်း ဒေးဗီးစ် ကိုစိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဒဏ်ရာရသွားတဲ့လူငယ်လေး

မီဝေါအသင်းမှာအငှားကစားနေတဲ့  အာဆင်နယ်ကစားသမားလေး ဒန်နီယယ် ဘဲလတ်ဒ် ဟာ ဒူးဒဏ်ရာကြောင့် ခွဲစိတ်မှုခံယူရမှာဖြစ်ပြီး  ၃ လခန့်နားရမယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားလေးဟာ မီဝေါအတွက် ၂၁ ပွဲကစားထားပေးပြီးပြီဖြစ်ပါတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့စိတ်ဓါတ်ကြောင့် အလားအလာကောင်းရှိတဲ့လူငယ်အဖြစ်သတ်မှတ်ထားခံရသူ လည်းဖြစ်ပါတယ်။

အူဘာကို ဘေးချိတ်ဖို့ တိုက်တွန်းမှုတွေများပြားလာနေ

အာဆင်နယ်အသင်းပရိတ်သတ်အများအပြားဟာ  ခြေစွမ်းကျဆင်းနေတဲ့ တိုက်စစ်မှုးအူဘာမီယန်ကို ပွဲထွက်ခွင့်မပေးတော့ဖို့ ဝိုင်းဝန်းပြောဆိုမှုတွေရှိနေကြပါတယ်။  Arsenal Fever (အာဆင်နယ် သီးသန့် Blog   ) ကလည်း အာတီတာအနေနဲ့  သူလိုချင်တဲ့အတိုင်းပုံမဖော်နိုင်တဲ့ တိုက်စစ်ကို  အပြောင်းအလဲလုပ်ရမယ်လို့  သုံးသပ်ထားပြီး ထိပ်ဆုံးလေးသင်းဝင်ချင်ရင် တိုက်စစ်မှာတိုးတက်မှုရှိဖို့လိုနေကြောင်း ရေးသားထားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: