နည်းပြသစ်ရင်းနစ်ကြောင့် ဟာလန်းတစ်ယောက် မန်ယူ ရောက်လာတော့မှာလား

ယူနိုက်တက်အသင်းဟာ ဒေါ့မန်တိုက်စစ်ကစားသမား ဟာလန်းကိုဆဲဘတ် အသင်းမှာကတည်းက ခေါ်ယူဖို့ ကြိုးစားဖူးပါတယ်။ ယင်းအချိန်က ဟာလန်းရဲ့ ဆရာဟောင်း ဖြစ်သူ ဆိုလ်းရှား ယူနိုက်တက်မှာ နည်းပြနေချိန်ဖြစ်တဲ့အပြင် ယူနိုက်တက်အသင်းအနေနဲ့လဲ တိုက်စစ်ကစားသမားတစ်ဦးကိုခေါ်ယူလိုနေတဲ့ အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် ထင်မှတ်မထားပဲ ဒေါ့မန်အသင်းကိုရောက်ရှိခဲ့တဲ့ အတွက် ယူနိုက်တက် အသင်းဟာချိန်ပါကြီးဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အပြောင်းအရွေ့ ရာသီရောက်တိုင်း မှန်သည်ဖြစ်စေ မှားသည် ဖြစ်စေ ယူနိုက်တက် နဲ့ ဟာလန်းတို့ရဲ့ ဇာတ်လမ်းဟာ မပါမဖြစ်တဲ့ သတင်းပါဘဲ။

အသက် ၂၁ နှစ်အရွယ် နော်ဝေးနိုင်ငံသား ဟာလန်း ဟာ ဒီရာသီအသင်းအတွက် ၁၄ ဂိုးသွင်းယူထားပြီး ဂိုး ဖန်တီးမူ ၄ ကြိမ်ကိုပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒေါ့မန်ကိုရောက်ကတည်းက အရွယ်နဲ့မလိုက်တဲ့ အရည် အချင်းတွေ ၊ ခြေစွမ်းတွေ ပြသထားနိုင်တာကြောင့် ဥရောပအသင်းကြီးတော်တော်များများက ခေါ်ယူဖို့ ကြိုးစားနေကြတာပါ။ အနီးစပ်ဆုံးသတင်းများအရ သူဟာ ယခုနှစ်နွေရာသီမှာ အသင်းကနေ ထွက်ခွာမှာ ဖြစ်ပြီး ရီးရဲလ်အသင်းနဲ့လဲ သတင်းတွေထွက်ပေါ်နေသလို ပရီးမီးယားလိဂ်မှာလဲကစားချင်တယ် ဆိုပြီးလဲ ပြောကြားထားခဲ့ဖူးပါတယ်။

ဘာမ ဆိုဖြစ်သွားနိုင်တဲ့အခြေနေမှာ ယူနိုက်တက်အ သင်းကလဲ ယာယီနည်းပြသစ် ရင်းနစ်ကို ခေါ်ယူလိုက် ပြီးနောက် အသင်းရဲ့အစီအစဥ်တွေဟာလည်း သတင်းတွေအဖြစ် အများကြီးထွက်ပေါ်လာခဲ့ပါတယ်။ ရင်းနစ်ဟာ အသင်းတစ်သင်းကို တည်ဆောက်တဲ့နေရာမှာ စည်းကမ်းရှိရှိတိုးတက်အောင် လုပ်နိုင်တဲ့သူ တစ်ယောက်လို့လဲ နာမည်ကြီးပါ တယ်။ ဒါကြောင့် ဒီနှစ်နွေရာသီမှာ ဟာလန်းကိုခေါ်ယူဖို့  ကြိုးစားသွားမယ် လို့ သိရပါတယ်။

ဒါကလဲဖြစ်နိုင်တဲ့ဖက်ကတွေးရင် အားသာချက်တွေအများကြီး ရှိပါတယ်။ နည်းပြရင်းနစ်ဟာ ယင်းကစား သမားရဲ့ အေးဂျင့်၊ ဖခင်တို့နဲ့ရင်းနှီးတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ် ပါတယ်။ ပြီးတော့ဒေါ့မန်မှာ ဟာလန်းခြေစွမ်းပြဂိုးတွေ သွင်းယူနိုင်ဖို့အတွက် ကူညီပေးတဲ့အဓိက ကစားသမားကလည်း ဆန်ချိုဖြစ်တဲ့အပြင် ၊ သူတို့နှစ်ယောက်ကြားရင်းနှီးတဲ့ဆက်ဆံရေး ကိုလဲ ပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။ ရင်းနစ် က ဟာလန်းတိုးတက်ဖို့အတွက် အဓိကပတ်သက်ခဲ့သူတစ်ဦးလဲ ဖြစ်နေပါသေးတယ်။ ယူနိုက်တက် အသင်းရဲ့တိုက်စစ်မှာ ကာဗာနီနဲ့ မာစီရယ် တို့ဟာ ရာသီကုန်ရင်အသင်းကထွက်ခေါ်တော့မယ်လို့ သိရပြီး လက်ရှိတိုက်စစ်ဖြစ်တဲ့ ရိုနယ်ဒို ၊ ဂရင်းဝုဒ် နဲ့ ရက်ရှ်ဖို့ဒ်တို့အပြင် ဟာလန်းကိုခေါ်ယူနိုင်ရေးဟာ အဓိကဖြစ်လာနိုင်တယ်လို့ သတင်းများအရ သိရပါတယ်။

လက်ရှိအချိန်မှာ ဟာလန်းဟာ  သူရဲ့ ကစားသမားဘဝ ၂ ရာသီမြောက်ကိုဖြတ်သန်းနေပြီး ၁၈၁ ပွဲကစားထားကာ  ၁၄၁ ဂိုးသွင်းယူထားပြီးဖြစ်ပါတယ်။ နိုင်ငံအသင်းအတွက်လဲ ၁၅  ပွဲကစားပြီး  ၁၂ ဂိုးသွင်းယူထားပေးထားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: