လူကာကူဟာ တစ်နေ့မှာ စီးရီးအေကို ပြန်သွားမှာဖြစ်ကြောင်း သူ့ရဲ့အေးဂျင့်က ဖွင့်ဟသွားခဲ့ပါတယ်။ ထို့အတူ သူက ၂၀၁၉ ခုနှစ်တုန်းက ဂျူဗင်တပ်စ်ကိုပြောင်းလုနီးနီးဖြစ်ခဲ့ပါတယ် တဲ့။ ဆာရီတို့ ရိုနယ်ဒိုတို့နဲ့တောင် စကားပြောဖြစ်ခဲ့ကြတယ်ဆိုပဲ။ ဒါပေမယ့် သူက အင်တာနဲ့အတူ ကျော်ကြားသွားခဲ့ပါတယ်။ အဲ့ဒီနောက် မီလန်မြို့မှာ ၂ ရာသီကြာခဲ့ပြီး ၂၀၂၁ မှာတော့ ပေါင် ၁၁၅ သန်းနဲ့ တချိန်က သူ့ရဲ့အသင်း ချဲလ်ဆီး ဆီကိုပြန်ရောက်လာခဲ့ပါတယ်။
သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဖရက်ဒရစ်ကို ပက်စ်တိုရယ်လိုက Tuttosport နဲ့တွေ့တော့ ဘယ်လ်ဂျီယံတိုက်စစ်မှုးရဲ့ အနာဂတ်အစီအစဥ်တွေကို မျှဝေသွားခဲ့ပါတယ်။
သူကကျွန်တော်ကိုင်တွယ်တဲ့အထဲမှာ အကောင်းဆုံးကစားသမားပါ။ ဒါပေမယ့် လွယ်ကူတဲ့တစ်ယောက်တော့မဟုတ်ဘူးဗျ လို့ဆိုပါတယ်။
ကျွန်တော်က နည်းပြကွန်တီ တစ်ယောက် ချဲလ်ဆီးပြောင်းသွားတဲ့ကိစ္စမှာ အဓိက ကျတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ကွန်တီ က လူကာကူကိုလိုချင်တယ်။ အဲ့ဒီအချိန်တုန်းက ရိုမဲလူက အဲဗာတန်မှာ ကစားနေချိန်ဖြစ်ပါတယ်။ ကျွန်တော်လူကာကူနဲ့တွေ့ပြီး ကွန်တီက လိုချင်နေကြောင်း ပြောပြပါတယ်။ ဒါပေမယ့် သူက မန်ချက်စတာယူနိုက်တက်ကိုရွေးသွားခဲ့တယ်။
နောက်တစ်နှစ်လောက်ကြာတော့ သူ့အေးဂျင့်နဲ့လမ်းခွဲလိုက်တယ်။ ဖုန်းနံပါတ်အသစ်တစ်ခုနဲ့သူဆက်လာခဲ့တယ်။ ပြီးတော့ ကျွန်တော်သူနဲ့တွေ့စဥ်တုန်းကပြောဖြစ်တာတွေအကုန်မှန်ကြောင်း ပြောပြတော့တာပါပဲ။ အဲ့ဒီနောက် ကျွန်တော့်ကို သူ့အတွက် အလုပ်လုပ်စေချင်တော့တာပါပဲ
လူကာကူက မန်ယူတို့အတွက် ၆၆ ပွဲကစားပြီး ၂၆ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ၂၀၁၉ နွေရာသီမှာ ဂျူဗင်တပ်စ်နဲ့ အင်တာတို့ကလူကာကူကို ခေါ်ချင်ခဲ့ကြပြီး အဆုံးမှာတော့ အင်တာကိုရွေးခဲ့တာကြောင့် ကွန်တီဟာ သူလိုချင်တဲ့ တိုက်စစ်မှုးနဲ့ သူအလုပ်လုပ်ဖြစ်သွားခဲ့ပါတော့တယ်။
မန်ယူနဲ့ဆွေးနွေးမှုတွေကို ခနရပ်ထားခဲ့ရတယ်။ အင်တာမီလန်အသင်းရဲ့ ဥက္ကဌ ဇန် က ယူနိုက်တက်ရဲ့တောင်းဆိုမှုတွေကို မပေးချင်ခဲ့ဘူး .. ပက်စ်တိုရယ်လို ကပြန်ပြောပြပါတယ်။
ယူနိုက်တက်တို့က ဂျူဗင်တပ်စ်နဲ့ သဘောတူညီမှုတစ်ခုရထားတယ်။ သူတို့မှာ ဒီဘာလားရှိတယ် မန်ဇူကစ်ရှိတယ် အင်အားအပြည့်ဖြစ်နေပြီ .. ဆာရီတို့နဲ့ လဲ လူကာကူက စကားပြောလက်စရှိနေတယ်။ ကျွန်တော်တို့လဲ ဇန် ကို စျေးတိုးပေးဖို့ စည်းရုံးရတော့တာပါပဲ။ နောက်ဆုံးမှာတော့ အပြောင်းအရွှေ့ဖြစ်သွားခဲ့ပါတယ်
ဒီတော့ လူကာကူတစ်ယောက် ချဲလ်ဆီးနဲ့စာချုပ်ကုန်တဲ့အခါဘာဆက်လုပ်ဖြစ်မှာပါလဲ.. တစ်နေ့အီတလီကိုသူပြန်မှာလား?
ဒီမေးခွန်းကို ပက်စ်တိုရယ်လို က အခုလိုဖြေပါတယ်။
အသေအချာပေါ့ ။ သူက အီတလီမြေကို ကြိုက်ပါတယ်။ လောလောဆယ်တော့ ချဲလ်ဆီးမှာပျော်နေပါစေဦးဗျာ လို့ပြောလိုက်ပါတယ်။
လူကာကူက လောလောဆယ်မှာတော့ ဒဏ်ရာတွေကြောင့်ခြေစွမ်းအနဲငယ်ယိမ်းယိုင်နေပေမယ့် ၁၅ ပွဲကစားပြီး ၅ ဂိုးတော့သွင်းပေးထားနိုင်ပြီဖြစ်ပါတယ်။
Leave a Reply