လိဒ်စ်ကိုချီးကျူးသွားတဲ့ ရူဒီဂါ
လိဒ်အသင်းရဲ့တုန့်ပြန်မှုကိုချီးကျူးသွားခဲ့ပြီ သူတို့ကိုလေးစားရမှာဖြစ်တယ်လို့ ရူဒီဂါ က ပွဲအပြီးမှာပြောခဲ့ပါတယ်။ “ တစ်ပွဲလုံးက တော်တော်ခက်ခဲခဲ့ပြီး သူတို့ရဲ့ ကစားသွားပုံကိုလေးစားရမှာပါပဲ။ တစ်ယောက်ခြင်းရင်ဆိုရင်ရတာတွေအပြည့်နဲ့ ကစားခဲ့ရတာပါ။ တကယ့်ပွဲကြပ်ပါပဲ လို့ဆိုပါတယ်။ ဆက်လက်ပြီး ပယ်နယ်တီ ၂ လုံးစလုံးနဲ့ပတ်သတ်ပြီး ကျွန်တော်သေသေချာချာခံစားသိခဲ့ပါတယ်။ ကျွန်တော့်ကိုအရင်ထိပြီးမှ ဘောလုံးဆီသွားတာပါ။ ဒါကြောင့်ပယ်နယ်တီတွေရခဲ့တာပါ။ VAR ရှိနေတာ ဒီအတွက်ပါပဲ လို့ဆိုခဲ့ပါတယ်။
ဘရီမာကို ချိန်တဲ့ ချဲလ်ဆီး
ချဲလ်ဆီးတို့ဟာ တိုရီနိုနောက်ခံလူ ဂလီဆင် ဘရီမာ ကိုနွေရာသီမှာခေါ်ယူဖို့ပြင်ဆင်နေတယ်လို့ The Sun သတင်းစာကဖော်ပြလာပါတယ်။ တိုးတက်မှုမရှိသေးတဲ့နောက်ခံလူတွေနဲ့ စာချုပ်ဆွေးနွေးမှုတွေကြောင့် ချဲလ်ဆီးတို့ဟာ တဖက်မှာလည်း အပူတပြင်း ခံစစ်မှုးရှာဖွေနေရတာဖြစ်ပါတယ်။ ဘရီမာကို အပြိုင်ကမ်းလှမ်းမှုတွေရှိမှာဖြစ်ပေမယ့် ချဲလ်ဆီးတို့သာ ကြိုးစားမယ်ဆိုရင် လွယ်ကူမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ ဒါ့အပြင် ရီးရဲမက်ဒရစ်ရဲ့ မီလီတာအို ကိုလည်း စောင့်ကြည့်နေတယ်လို့ သတင်းတွေကဖော်ပြနေပါတယ်။
ဒမ်ဘီလီကို တူချယ် စိတ်ဝင်စား
ဘာစီလိုနာတိုက်စစ်မှုး ဒမ်ဘီလီ ဟာ ဥရောပတလွှားမှာ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုတွေကိုရရှိနေဆဲဖြစ်ပြီး ၊ အခုအခါမှာ ချဲလ်ဆီးနည်းပြ တူချယ်ရဲ့ အာရုံကိုလည်းဆွဲဆောင်ထားခဲ့တယ်လို့ သိရပါတယ်။ Bankan Talk ရဲ့ဖော်ပြချက်အရ ဘာကာနဲ့ စာချုပ်သစ်ချုပ်ဆိုထားတဲ့ ပြင်သစ်တောင်ပံကစားသမားကို ဂျူဗီ ၊ မန်ယူ နဲ့ ပီအက်ဂျီတို့ကလည်း စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။
အနာတရတွေရှိရက်နဲ့ အသင်းအတွက်ကစားပေးခဲ့ကြောင်းတူချယ်ဖွင့်ဟ
ကြံ့ခိုင်မှုပြသနာရှိနေပေမယ့် အသင်းအတွက် အကောင်းဆုံးကစားပေးသွားခဲ့တဲ့ ဂျော်ဂျင်ဟိုကို တူချယ်က ချီးကျူးလိုက်ပါတယ်။ အသင်းအတွက် အရေးကြီးတဲ့ ပယ်နယ်တီ ၂ ဂိုးသွင်းပေးခဲ့သူကို တူချယ်က
သူက တကယ့်ကို အလွန်အရေးကြီးပါတယ်ဗျာ … ကြံ့ခိုင်မှုပြသနာတက်နေရက်နဲ့ ပေးဆပ်နေခဲ့တာ ရက်သတ္တပတ်ပေါင်းများစွာပါ .. နိုင်ငံတကာပွဲတွေရော ဥရောပ ပွဲတွေရောဆက်တိုက်ကစားရင်း သူ့မှာ ဒဏ်ရာတွေရှိနေခဲ့တာ .. ဒါပေမယ့် သူအသင်းအတွက်ကစားပေးခဲ့တယ်။ ဒါကရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတင်မကပါဘူး .. စိတ်ပိုင်းဖြတ်မှုနဲ့အတူ မရပ်မနားကစားပေးနေခဲ့တာပါ လို့ဆိုခဲ့တာပါ။
ဒီလစ်ချ် ကိုအမှန်တကယ်ကြိုးစားနေတာပါ
ကောလာဟာလပါလို့ငြင်းဆန်မှုတွေရှိနေပေမယ့် သတင်းထောက် ရူဒီ ဂယ်လက်တီ က တော့ ဂျူဗင်တပ်ရဲ့ ဒီလစ်ချ် ကို ချဲလ်ဆီးတို့ကြိုးပမ်းနေဆဲလို့ ပြောလာပါတယ်။ ချဲလ်ဆီးတို့ဟာ ရူဒီဂါရဲ့ စာချုပ်သစ်အတွက်ကစားသမားရှာနေရတယ်ဆိုပေမယ့် ဒီလစ်ချ်ကိုတော့ အင်အားဖြည့်တင်းဖို့အတွက်ကို လိုချင်နေတာလို့ဆိုပါတယ်။
Leave a Reply