နံနက်ခင်း ချဲလ်ဆီးမှတ်စု (21Dec)

ချူမာနီအတွက်  ချဲလ်ဆီးအလားအလာအကောင်းဆုံး

90 Min  သတင်းဌာနရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ မိုနာကိုကစားသမားချုမန်နီအတွက်ဆွေးနွေမှုတွေပြန်လည်စတင်ဖို့ အသင့်ရှိနေပြီလို့ သိရပါတယ်။  လီဗာပူးအသင်းကလည်း စိတ်ဝင်စားနေတဲ့ ပြင်သစ်ကွင်းလယ် ကစားသမားလေးအတွက် ပြောင်းရွှေ့ကြေးဟာ သေချာပေါက်မြင့်မားမှာဖြစ်တယ်လို့     မိုနာကို ဥက္ကဌကလဲတရားဝင်ထုတ်ပြောထားပြီးသားဖြစ်ပါတယ်။ အဆိုပါသတင်းမှာပဲ   ချဲလ်ဆီးတို့ဟာ ချူမန်နီကိုခေါ်ယူဖို့အလားအလာအကောင်းဆုံးအသင်းလို့ဖော်ပြထားပါတယ်။

ဘရက်ဖို့ဒ်ကိုရင်ဆိုင်ဖို့ အကယ်ဒမီ လူငယ် ၉ ယောက် တူချယ်ခေါ်ယူ

ဘရက်ဖို့ဒ်နဲ့ရင်ဆိုင်ရမယ့် ကာရာဘောင်းဖလားပွဲအတွက်  ခရစ်စတန်ဆန် ၊ ဂျော်ဂျင်ဟိုနဲ့ ချာလိုဘာတို့ ပြန်လည်ပါဝင်လာနိုင်ပြီဖြစ်တယ်လို့  သတင်းတွေကဖော်ပြနေကြပါတယ်။  ဒါ့အပြင် လူငယ်အကယ်ဒမီက ကစားသမားတွေကိုလည်း အသင်းကြီးဆီခေါ်ယူအားဖြည့်ထားပြီလို့  သိရပါတယ်။ Goal ရဲ့ သတင်းထောက် နစ်ဇာ ကင်ဆယ်လာကတော့ လူငယ်ကစားသမား ၉ ဦးထိခေါ်ယူထားပြီဖြစ်တယ်လို့ ဖော်ပြသွားပါတယ်။

ကွန်ဒီကို စပါးကလည်းစိတ်ဝင်စားလာ

ABC Sevilla ရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းရဲ့ ကာလရှည်ပစ်မှတ်  ဂျူးလ်ကွန်ဒီကို စပါးအသင်းကလည်း ပစ်မှတ်ထားလာနေပြီလို့ဖော်ပြလာပါတယ်။ အဆိုပါ ပြင်သစ်ကစားသမားအတွက် ဆီဗီးလားဖက်က တင်းခံနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းကတော့ စာချုပ်ဖျက်သိမ်းကြေးကို လျှော့ချခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဘရီမာကို အေစီကလည်း အပြိုင်ကြိုးစားမယ်

Milan Liveit သတင်းဌာနရဲ့ဖော်ပြချက်အရ  အေစီမီလန်တို့ဟာလည်း  တိုရီနိုကစားသမား ဂလီဆင် ဘရီမာကို စတင်ကြိုးစားနေကြပြီလို့ သိရပါတယ်။ အဆိုပါကစားသမားဟာ ချဲလ်ဆီးနဲ့ ချိတ်ဆက်နေတယ်လို့ တောက်လျှောက်နာမည်ထွက်နေသူဖြစ်ပြီး တိုရီနို အသင်းဖက်ကလည်း ဇန်နဝါရီမှာတော့ရောင်းချသွားမှာ မဟုတ်ဘူးလို့ ငြင်းဆိုထားသူဖြစ်ပါတယ်။

ဆာအူးလ်အတွက် အားပေးခဲ့ကြတဲ့ ဂျိမ်းစ်နဲ့ တူချယ်

ခြေစွမ်းမပြနိုင်သေးသလို ပရိတ်သတ်တွေကလည်း ငြိုငြင်နေကြပြီဖြစ်တဲ့ ဆာအူးလ်အတွက် အသင်းဖော်တွေနဲ့  နည်းပြရဲ့ အားပေးမှုတွေကတော့ အခိုင်အမာရှိနေဆဲပါပဲ။ နောက်ခံလူ ရိစ်ဂျိမ်းက  My Spanish Brother ဆိုပြီး ပို့စ်တင်ခဲ့သလို   တူချယ်ကလည်း အခုလိုပဲအားပေးစကားပြောထားခဲ့ပါတယ်။  “ သူ ဒီနေ့ကစားသွားတာကောင်းပါတယ်။  ယေဘူယျအားဖြင့်ပြောရရင်လဲ  ကျွန်တော်တို့အသင်းကပိုကောင်းခဲ့ပါတယ်၊  အသင်းလိုက်ဖွဲ့စည်းပုံလဲသာတယ်၊ ကစားပုံလဲသာတယ်။ ဆာအူးလ်ဟာလည်း အသင်းအတွက်အရေးကြီးတဲ့ နေရာမှာရှိနေခဲ့ပါတယ်  လို့ဆိုခဲ့တာပါ။

ဇီယက်ချ်ဟာ ဘာကာရဲ့  ဒုတိယဦးစားပေး

ချဲလ်ဆီးတောင်ပံလူ ဇီယက်ချ် ဟာ ဘာစီလိုနာအသင်းရဲ့  ဒုတိယဦးစားပေးကစားသမားဖြစ်တယ်လို့ အပြော င်းအရွှေ့ကျွမ်းကျင်သူ  ဖေဘရီဇီယို ရိုမာနိုက ထုတ်ပြောသွားခဲ့ပါတယ်။  ဘာကာရဲ့ ပထမဦးစားပေးကတော့ စီးတီးတို့ရဲ့ စပိန်ကစားသမား ဖရန်းတောရက်စ်ဖြစ်ပြီး အကယ်၍ သဘောတူညီမှုမရရှိခဲ့ပါက ဇီယက်ချ်အတွက်ကြိုးစားမှာဖြစ်တယ်လို့  ရိုမာနိုက ဆိုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: