လီဗာပူးလ် အသင်းဟာ သူတို့ရဲ့အကောင်းဆုံးကစားသမား ဖြစ်သူ မိုဟာမက် ဆာလက် နဲ့ စာချုပ်အသစ်အတွက် သဘောတူညီမှုရဖို့ နီးစပ်လာပြီလို့ ဆိုခဲ့ပါတယ်။ဒါပေမယ့်အင်္ဂလန်နဲ့ မန်စီးတီး ကစားသမားဟောင်းဖြစ်သူ ဒန်နီမေးလ်ကတော့ ဒီစာချုပ်သစ်ကိစ္စဟာ အသင်းအတွက် ပြဿနာတစ်ခု ဖြစ်လာဖွယ်ရှိတယ် လို့ ဝေဖန်ခဲ့ပါတယ်။
ကစားသမားဖြစ်သူနဲ့ ဆွေးနွေးမှုတွေဟာ အချိန်တစ်ခု ကြာနေပြီဖြစ်ပေမယ့် လီဗာပူးလ်ကတော့ ဆာလက်နဲ့ သဘောတူညီမှုရယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။
ကောလဟာလတွေအရ ဆာလက်ဟာ တစ်ပတ်လုပ်ခငွေ ပေါင် ၅သိန်းအထိ အလိုရှိနေပြီး ဒါသာ အမှန်ဆိုရင် လေးနှစ်ခွဲစာချုပ်အတွက်ဆို ပေါင်၁၁၇သန်း အထိ လီဗာပူးလ်ဟာ ကုန်ကျဖွယ် ရရှိနေပါတယ်။
ဒန်နီမေးက ဆာလက်ဟာ အစားထိုးဖို့ မဖြစ်နိုင်လောက်တဲ့ ကစားသမားဖြစ်ပေမယ့် ဒီလောက်များပြားတဲ့ လစာငွေကိုသာ ဆာလက်ကို ပေးချေခဲ့ရင် အသင်းရဲ့ အခြားသော ကစားသမားတွေကလည်း အသင်းကို လစာတိုးတောင်းလာမယ့် ပြဿနာရှိတယ်လို့ ဆိုခဲ့ပါတယ်။
“ဆာလက်ကိုသာ အစားထိုးမယ်ဆို ဘယ်လောက်လောက် ကုန်မယ်ထင်လဲ။အခွန်အခတွေနဲ့ပါဆိုရင် ပေါင်းသန်းရှစ်ဆယ် နီးပါးလောက် အနည်းဆုံး ကုန်ကျပါလိမ့်မယ်”
“သူနေ့ရာမှာ အစားထိုးနိုင်တဲ့သူက ဘယ်ဖြစ်မလဲ။ ဘာပေလား ၊ဟာလန်းလား။ ဒါကို ကျွန်တော်တို့ ရှုမြင်တတ်ဖို့တော့ လိုလိမ့်မယ်။တစ်ပတ် လုပ်ခ ပေါင် ၅သိန်းဆိုတာက အတော်ကိုများတဲ့ ငွေကြေးပမာဏပါပဲ။ပြဿနာကတော့ အခြားကစားသမားတွေကလည်း “ ဟေ့၊ ငါတို့လည်း ဒီလိုအများကြီးရချင်တယ်” လို့ ဆိုလာမှာပါပဲ။အဲ့ဒီအခါကျရင် အသင်းရဲ့ ကစားသမားတွေအတွက် ပေးချေရတဲ့ လစာငွေကလည်း အများကြီးကို မြင့်တက်သွားမှာပါ”
“ဒီလို စာချုပ်အသစ် ချုပ်ဆိုပြီးရင် အခြားသော ကစားသမားတွေက တောင်းဆိုလာတဲ့ အခါ No လို့ ငြင်းပယ်ဖို့တော့ ခွန်အားရှိဖို့ လိုပါတယ်။သူတို့ကတော့ ဆက်တောင်းဆိုမှာပဲ။ ဒါပေမယ့် ဒါက အကောင်ကြီးကြီးတွေရဲ့ သဘာ၀ပဲမို့ သိပ်တော့ စိုးရိမ်စရာ မလိုပါဘူး”လို့ သူကဆိုပါတယ်။
စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ဆာလက်ကတော့ သူရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိဘူးလို့ အောက်တိုဘာလက ပြောခဲ့ဖူးပါတယ်။တကယ်လို့ အသင်းကနေသာ ထွက်ခွာဖြစ်ခဲ့ပြီး လီဗာပူးလ်ကို ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ကစားဖို့ ဖိအားပေးခံရရင် ၀မ်းနည်းစရာကောင်းမှာပါလို့ သူကဆိုပါတယ်။
“ခင်ဗျားတို့ ကျွန်တော့်ကို မေးလာမယ်ဆိုရင်တော့ ကျွန်တော်ကတော့ အသင်းမှာပဲ ကစားသမားဘ၀ဆုံးတဲ့အထိ ရှိချင်ပါတယ်။ဒါပေမယ့် အခုတော့ အများကြီး မပြောပြနိုင်သေးပါဘူး။ဒါက ကျွန်တော်ဆုံးဖြတ်နိုင်တဲ့အရာ မဟုတ်ပါဘူး”
“အသင်းက ဘာကိုလိုချင်သလဲဆိုတာ အပေါ်ပဲ မူတည်ပါတယ်။ကျွန်တော့်အပေါ် မူမတည်ပါဘူး။
“လီဗာပူးလ်ကို ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ကစားနေရမယ်လို့ ခုချိန်မှာ မြင်ယောင်ကြည့်လိုမရပါဘူး။ဒါပေမယ့် တစ်နေ့မှာ ဒီလို ဖြစ်လာခဲ့ရင်တော့ ကျွန်တော့်အတွက် အတော်ကို ၀မ်းနည်းစရာ ကောင်းပါလိမ့်မယ်” လို့ ဆာလက်ကဆိုခဲ့ပါတယ်။
လက်ရှိပရီးမီးယားလိဂ်မှာ တစ်ပတ်လုပ်ခငွေအများဆုံးရနေတဲ့ ကစားသမားကတော့ မန်စီးတီး ကွင်းလယ်လူ ကီဗင်ဒီဘရိုင်းဖြစ်ပြီး လီဗာပူးလ်နဲ့ ဆာလက်တို့ရဲ့ စာချုပ်သစ်ကိစ္စသာ သဘောတူညီမှုရခဲ့ရင် အီဂျစ်သားက အင်္ဂလန်မြေမှာ လစာအများဆုံး ကစားသမား ဖြစ်လာမှာဖြစ်ပါတယ်။
Leave a Reply