အိုဒွိုင်းကိုထောက်ပြခဲ့တဲ့ ကစားသမားဟောင်း
ချဲလ်ဆီးလူငယ်ကြယ်ပွင့် အိုဒွိုင်းကို အဆုံးသတ်ပိုင်းတွေမှာ ပိုပြီးကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေချဖို့ လိုအပ်နေတယ်လို့ အန်ဒီတောင်ဆင်က ဝေဖန်ထောက်ပြခဲ့ပါတယ်။ ဒီထောက်ပြမှုဟာ ဘရိုက်တန်နဲ့ပွဲမှာ ကန်သွင်းရမယ့်အစား လူပေးခဲ့တဲ့ ဆုံးဖြတ်ချက်ချခဲ့လို့ အခွင့်အရေးဆုံးရှုံးသွားခဲ့ရတဲ့အပေါ်ကို ရည်ရွယ်ပြီးပြောခဲ့တာဖြစ်ပါတယ်။ “ အဓိက က သူ့ရဲ့ဆုံးဖြတ်ပုံကိုပြောချင်တာပါ။ သူပိုကောင်းဖို့လိုနေတဲ့အပိုင်းလေးတွေပေါ့။ သူက သိပ်ပြီးကြိုးစားတဲ့ကစားသမားပါ။ တစ်ခါတစ်ခါ အခွင့်အရေးကောင်းတွေရတဲ့အခါမှာ ဆုံးဖြတ်ချက်ကောင်းတွေချနိုင်ဖို့အရေးကြီးပါတယ်။ ဘောလုံးကို ကောင်းကောင်း ကိုင်တွယ်သွားနိုင်ပြီး လုပ်ရမယ့်အရာကို ခပ်မြန်မြန်ဆုံးဖြတ်နိုင်ဖို့လိုပါတယ် “ ဆိုပြီး Amazon Prime ကတင်ဆက်တဲ့ အစီအစဥ်မှာပြောသွားခဲ့တာပါ။
အသင်းအောင်ပွဲရပေမယ့် အရှုံးပြခဲ့တဲ့ ချဲလ်ဆီး
ဥရောပချန်ပီယံဖြစ်ခဲ့ပေမယ့် Covid 19 ရဲ့ ရိုက်ခတ်မှုကြောင့် ချဲလ်ဆီးအသင်းဟာ မနှစ်က ယူရို ၁၉၆.၇ သန်းဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ ရုပ်သံလွှင့်ခဝင်ငွေမှာ ယူရို ၃၈၇.၈ သန်းကနေ ၄၁၆.၈ သန်းအထိ ပိုမိုမြင့်တက်ရရှိခဲ့ပေမယ့် ကွင်းဝင်ကြေးတွေဆုံးရှုံးခဲ့မှုကြောင့် အသားတင်ငွေစာရင်းမှာ အခုလိုအရှုံးပြနေခဲ့တာဖြစ်ပါတယ်။ ကစားသမားအသုံးစရိတ်မှာ လူကာကူအပါအဝင် ၃ ဦးအတွက် ၁၀၉.၇ သန်း သုံးစွဲခဲ့ပြီး ၊ ကစားသမားရောင်းချမှုတွေကနေတဆင့် ၁၀၃.၇ သန်းပြန်ရခဲ့တယ်လို့ သိရပါတယ်။
ခရစ္စတီယန်ဆန် အသင်းပြောင်းဖို့သေချာပြီ
စပိန်သတင်းတွေရဲ့ဖော်ပြချက်အရ ခရစ်စတီယန်ဆင်ဟာ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့ပဲ ဘာစီလိုနာကိုသာပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ကစားသမား နဲ့ ကိုယ်စားလှယ်တွေဟာ ဘာကာတာဝန်ရှိသူတွေနဲ့ ဆက်သွယ်နေခဲ့ကြတယ်လို့ သိရပြီး ၊ ကာတာလန်ကလပ်ဟာ ခရစ်စ်တီယန်ဆင်ကို ခေါ်ယူဖို့ အေစီမီလန်ကိုကျော်လွန်ပြီး အကောင်းဆုံးအနေအထားမှာရှိနေတယ်လို့ Metro UK ကဖော်ပြလာပါတယ်။
ဘာကလေ ကိုခေါ်ယူချင်တဲ့ လိဒ်
လိဒ်ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူဘာကလေကို အပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်တစ်ရပ်နဲ့ခေါ်ယူဖွယ်ရှိတယ်လို့ TeamTalk ကဖော်ပြသွားပါတယ်။ အဆိုပါ အသက် ၂၈ နှစ်အရွယ်ကွင်းလယ်လူဟာ ဘန်လေအသင်းကိုပြောင်းရွှေ့တော့မယ်လို့ သတင်းထွက်နေခဲ့ပြီနောက် လိဒ်တို့ကပါ အခုလိုပါဝင်လာတာဖြစ်ပါတယ်။ တူချယ်အနေနဲ့ ဘာကလေနဲ့ပတ်သတ်ပြီး လက်လျှော့လိုက်ပြီလို့ လည်း သတင်းတွေကဆိုပါတယ်။
ဆာအူးလ် ဟာ အပိုသက်သက်လို့ ဝေဖန်ခံရ
ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်လူဟောင်းဖြစ်သူ ခရိတ်ဘာလေ က အငှားလာရောက်ကစားနေတဲ့ ဆာအူးလ်ဟာ ချဲလ်ဆီးအဆင့်အတန်းနဲ့ကိုက်ညီတဲ့စွမ်းဆောင်ရည်ရှိမနေဘူးလို့ ESPN နဲ့တွေ့ဆုံစဥ်မှာ ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။ သူက ဘရိုက်တန်နဲ့ပွဲစဥ်က အရံလူစာရင်းကိုသုံးသပ်ရာမှာ ဆာအူးလ်ကို စပိန်ကပြောင်းလာစဥ်ကတည်းက အသင်းအတွက်အကျိုးမပြုနိုင်သူအဖြစ် ရည်ညွန်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
Leave a Reply