ပြင်သစ်ကလပ်မာဆေးလ်ကို အငှားထွက်ကစားနေတဲ့ ဂွမ်ဒိုဇီနဲ့ ဆာလီဘာတို့ဟာ လက်ရှိဘောလုံးရာသီအကုန်မှာ အမ်းမရိတ်ကို ပြန်ရောက်လာတော့မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ဆာလီဘာကို အာဆင်နယ်က ရာသီကုန်မှာ အသင်းကို ပြန်ခေါ်ယူသွားမယ်ဆိုတဲ့ သတင်းတွေက အစောပိုင်းကတည်းက ထွက်ပေါ်ခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဂွမ်ဒိုဇီကိုပါ ပြန်လည်ခေါ်ယူဖို့ ရှိနေတယ်လို့ သိရပါတယ်။
ဂွမ်ဒိုဇီဟာ လက်ရှိ မာဆေးလ်မှာ ခြေစွမ်းပြပြီး ကစားထားနိုင်ခဲ့ပါတယ်။ သူဟာ ငယ်ရွယ်ထက်မြက်တဲ့ ကစားသမားတစ်ယောက်ဆိုတာ ငြင်းစရာမရှိပေမယ့် စည်းကမ်းပိုင်းဆိုင်ရာမှာ အားနည်းတာကြောင့် အသင်းမှာ နေရာမရပဲ အငှားထွက်ကစားနေရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း မာဆေးလ်နဲ့ ချုပ်ဆိုထားခဲ့တဲ့ အငှားစာချုပ်မှာ ရာသီကုန်ကျရင် ကစားသမားကို ပေါင်၈သန်းနဲ့ အပြီးသတ်၀ယ်ယူခွင့် ပါနေပါတယ်။ မာဆေးလ်ကလည်း ဂွမ်ဒိုဇီကို ရာသီကုန်မှာ အပြီးသတ် ခေါ်ယူသွားဖို့ ရှိနေပေမယ့် ကစားသမား၀ယ်ယူခွင့် ပိတ်ပင်ခံရမယ့် ပြစ်ဒဏ် ကျခံရဖို့ ရှိနေပါတယ်။ ဒါကြောင့် အာဆင်နယ်ဟာ ဂွမ်ဒိုဇီကို မာဆေးလ်ဆီမရောင်းချရပဲ ပြန်လည်ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ သို့သော် ပစ်ဒဏ်သက်ရောက်တဲ့အချိန်ပေါ်မှုတည်ပြီး မာဆေးလ်တို့ဟာ ဆုံးဖြတ်ချက်တွေချမှတ်လို့ရပါသေးတယ်။
လက်ရှိရာသီမှာ ဂွမ်ဒိုဇီက မာဆေးလ်အတွက် ၂၇ပွဲ ကစားပြီးချိန်မှာ ၂ဂိုးသွင်း၊ ၇ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။ ဂွမ်ဒိုဇီနဲ့ဆာလီဘာ တို့နှစ်ဦးစလုံးဟာ မာဆေးလ်အသင်းရဲ့ အရေးပါတဲ့ ကစားသမားဖြစ်ပါတယ်။
မာဆေးလ် မန်နေဂျာ ဂျော့ ဆန်ပိုလီက ဂွမ်ဒိုဇီရဲ့ ခေါင်းဆောင်နိုင်စွမ်းနဲ့ရင့်ကျက်မှုကို ချီးကျူးထားခဲ့ပါတယ်။ လက်ရှိအချိန်မှာ အာဆင်နယ်ရဲ့ ကပ္ပတိန်လက်ပတ်ကို လာကာဇက်ပိုင်ဆိုင်ထားပေမယ့် ရာသီကုန်မှာ သူသာ အသင်းကနေ ထွက်ခွာဖို့ များနေတာဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ် အာဆင်နယ်အသင်းခေါင်းဆောင် ဘယ်သူဖြစ်လာမလဲဆိုတဲ့ အပေါ် အားလုံးက စိတ်၀င်စားနေကြပါတယ်။ အာတီတာအနေနဲ့ ခေါင်းဆောင်မှုစွမ်းရည် ရှိတဲ့ဂွမ်ဒိုဇီကို အသင်းကို ပြန်လည်ခေါ်ယူသင့်တယ်ဆိုပြီး ထင်ကြေးပေးရေးသားနေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဂွမ်ဒိုဇီကို ပြန်လည်ခေါ်ယူမယ်ဆိုရင် အာတီတာ အနေနဲ့ အသင်းရဲ့ကွင်းလယ်မှာ ချာကာနဲ့ ဂွမ်ဒိုဇီထဲက ဘယ်သူ့ကို ပွဲထွက်စေမလဲဆိုတဲ့ ပြဿနာကို ဖြေရှင်းရဦးမှာဖြစ်ပါတယ်။
Leave a Reply