လူကာကူကြောင့် ကစားပုံပြောင်းဖို့မရှိတဲ့ တူချယ်
ချဲလ်ဆီးနည်းပြတူချယ်က တိုက်စစ်မှုး လူကာကူ နဲ့အံဝင်တဲ့ကစားကွက်မျိုးကို အသင်းအနေနဲ့ ပြောင်းလဲ ကစားသွားဖို့ရှိလားဆိုတဲ့မေးခွန်းကို အခုလိုပဲဖြေကြားခဲ့ပါတယ်။ “ ဒီမေးခွန်းက မှားနေတယ်လို့ထင်ပါတယ်။ ကစားသမားတစ်ဦးထဲကို အသင်းတစ်သင်းက ဦးတည်ပြီးစဥ်းစားနေမှာမဟုတ်ပါဘူး။ သူက အသင်းမှာ အဓိက ကျတဲ့ကစားသမားတစ်ယောက်ဖြစ်သလို ကျွန်တော်တို့လဲ သူ့ကိုလိုအပ်ပါတယ်။ ဒါပေမယ့် ဘောလုံးဟာ အသင်းလိုက်ကစားနည်းတစ်ခုပါ။ ကစားသမား ၁၀ ယောက်က ကစားသမားတစ်ယောက်ို ဝန်းရံကစားနေရတယ်ဆိုတာ မှားနေပါတယ်။ ဒါဟာ ချဲလ်ဆီးအသင်းရဲ့ လမ်းစဥ်မဟုတ်သလို ဘောလုံးအားကစားနည်းလဲ မဟုတ်ပါဘူး “ လို့ဖြေကြားသွားခဲ့ပါတယ်။
နယူးကာဆယ်ပစ်မှတ်ကို ကြားဖြတ်ခေါ်ယူဖို ချဲလ်ဆီးကြိုးပမ်း
ချဲလ်ဆီးအသင်းဟာ နယူးကာဆယ်အသင်းက ချဥ်းကပ်နေတဲ့ တိုက်စစ်မှုး ဟူဂို အီကီတိုက် ကို ကြားဖြတ်ခေါ်ယူဖို့ ကြိုးပမ်းလာတယ်လို့ HITC ကဖော်ပြလာပါတယ်။ အဆိုပါ အသက် ၁၉ နှစ်အရွယ် ရိမ်းစ်အသင်း တိုက်စစ်မှုးဟာ ဒီရာသီမှာ ၁၇ ပွဲကစား ၊ ၈ ဂိုးသွင်းပြီး ၃ ကြိမ်ဖန်တီးပေးထား နိုင်သူဖြစ်ပါတယ်။ နယူးကာဆယ်အသင်းဟာ ကစားသမားကို ၂၅သန်းအထိပေးဖို့ အနဲငယ် ဝန်လေးနေတာဖြစ်ပြီး ချဲလ်ဆီးကတော့ စုစုပေါင်း ၃၃ သန်းခန့်ထိတန်ကြေးရှိတဲ့ စာချုပ် တစ်ရပ်နဲ့ကြိုးပမ်းဖွယ်ရှိတယ်လို့ သိရပါတယ်။
ဒီဂျောင်ကို ကြားဖြတ်ခေါ်ယူခံရမယ့် အန္တရာယ်ရှိနေ
ချဲလ်ဆီးတို့နဲ့ဆွေးနွေးမှုစတင်နေပြီလို့ သတင်းထွက်နေတဲ့ ဘာကာကွင်းလယ်လူ ဒီဂျောင်ဟာ အာဆင်နယ်ရဲ့ ကြားဖြတ်ခေါ်ယူမှု အန္တရာယ်ရှိနေတယ်လို့ Football London ကဖော်ပြသွားပါတယ်။ အာဆင်နယ်အသင်းဟာ ကွင်းလယ်လူပြသနာတွေကြောင့်ကစားသမားတွေအသဲအသန်ရှာဖွေနေတာဖြစ်ပြီး ဒီဂျောင်ကိုလည်း ပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားကိုယ်တိုင်ကလည်း ၂၀၁၉ ခုနှစ်တုန်းက အာဆင်နယ်နဲ့ပတ်သတ်ပြီး အပြုသဘောဆောင်တဲ့မှတ်ချက်အချို့ချခဲ့ဖူးကြောင်း အဆိုပါသတင်းဆောင်းပါးမှာဖော်ပြထားပါတယ်။
ချဲလ်ဆီးကို ပြန်လာချင်နေတဲ့ အီမာဆင်
လိုင်ယွန်အသင်းမှာ အငှားသွားရောက်ကစားနေတဲ့ အီမာဆင်ဟာ ချဲလ်ဆီးရဲ့ ပြန်လည်ခေါ်ယူမှုကို စိတ်ဝင်စားနေတယ်လို့ သတင်းများအရ သိရပါတယ်။ RMC Sport ရဲ့ဖော်ပြချက်အရ တူချယ်ရဲ့ ပြန်လည်ခေါ်ယူလိုမှုကို လက်ခံလိုနေပြီး လိုင်ယွန်အသင်းမှာ ဆက်ကစားဖို့ အာရုံသိပ်မရှိဘူးလို့ သိရပါတယ်။ လတ်တလောမှာတော့ Covid 19 Positive ဖြစ်နေခဲ့တာကြောင့် သီးသန့်နေထိုင်ရဖို့ရှိနေပါတယ်။
တူချယ်ရဲ့ FIFA ဆုအပေါ်ကျေးဇူးတင်စကား
FIFA ရဲ့ တစ်နှစ်တာအတွင်းအကောင်းဆုံးနည်းပြအဖြစ်ရွေးချယ်ခံခဲ့ရတဲ့ တူချယ်က အခုလိုပဲ ကျေးဇူးတင်စကားပြောသွားခဲ့ပါတယ်။
“ ကျွန်တော်က မနက်ဖြန်ပွဲရှိလို့ လေ့ကျင်ံ့ရေးက ပြန်လာတာပါ။ အဲ့ဒီအချိန်မှာ စာအိတ်ဖွင့်ပြီး ကျွန်တော့်နာမည်ကို ကြေငြာသွားတာပါပဲ။ ဒါက သိပ်ပြီးလှပတဲ့အခိုက်အတန့်ဖြစ်ပြီး ကျွန်တော်လဲ တော်တော်အံ့သြသွားပါတယ်။ နဲနဲတောင်နေရခက်သွားသလိုပါပဲ။ ဒီကလပ်မှာကျွန်တော်သိပ်ပျော်ပါတယ်။ အရာအားလုံးဟာ အခုအချိန်အထိ အဆင်ပြေလှပနေပါတယ် “ လို့ ဆိုခဲ့ပါတယ်။
Leave a Reply