နည်းပြဟောင်းဆိုးလ်ရှားလက်ထက်ကတည်းကဖြေရှင်းဖို့ကျန်နေတဲ့ ကွင်းလယ်ခံစစ်ကစားသမား နေရာကို ယခုနည်းပြသစ်ရင်းနစ်ခ်လက်ထက်မှာလဲ ဘယ်ကစားသမားလာမယ်ဆိုတာ ရေရေရာရာ မရှိသေးပါဘူး။ GOAL သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ဒီဇန်နဝါရီအပြောင်းအရွေ့မှာ ဘယ်ကစားသမားကိုမှ စကားပြောဆိုတာမျိုး၊ တရားဝင်စုံစမ်းမေးမြန်းတာမရှိသေးဘူးဆိုပြီး ဖော်ပြခဲ့ပါတယ်။
နောက်ပိုင်းထွက် လာတဲ့အပြောင်းအရွေ့သတင်းတွေထဲမှာပါဝင်တဲ့အနီးစပ်ဆုံးကစားသမားတွေကတော့ မိုချန်ဂလာဘတ် အသင်းရဲ့ အသက်(၂၅)နှစ်အရွယ် ဇာကာရီယာ ဖြစ်ပါတယ်။ ဇာကာရီယာ ကအနီးစပ်ဆုံးနဲ့ဖြစ်နိုင်ဖွယ်ရှိတဲ့က စားသမားတဦးဖြစ်ပြီး ယင်းကစားသမားအပါဝင် တခြား မာဆေးလ်အသင်းရဲ့ လူငယ်ကွင်းလယ်ခံစစ် ကစားသမားကာမာရာ၊ လိုက်ဇစ် ကွင်းလယ်လူ ဟိုက်ဒရာနဲ့ ရေဗားပလိတ် အသင်းရဲ့တိုက်စစ်ကစား သမား ဂျုနီယာအဲဗာရစ် တို့ဘဲ ဖြစ်ပါတယ်။
ဒါပေမယ့် Athletic ရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်း ဟာ ဇာကာရီယာ အတွက်စုံစမ်းမူတွေပြုလုပ်နေပြီး အကယ်၍ အဆင်မပြေခဲ့ပါက နောက်ထပ်ရွေးချယ်မူအဖြစ် ဟိုက်ဒရာကိုလဲ ချိတ်ဆက်မယ်လို့လဲ သိရ ပါတယ်။
ဇာကာရီယာ ဟာအဓိက ပစ်မှတ်ကစားသမားဆိုပေမယ့် ယင်းကစားသမားကို အသင်းရဲ့ ကင်းထောက်တွေကိုယ်တိုင်ကနည်းပြအပေါ် နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ထားတယ်လို့လဲ ဆက်လက် ဖော်ပြထားပါတယ်။ အထူးသဖြင့် ကစားသမား၏ ကြံ့ခိုင်ရေးနဲ့ပတ်သက်ပြီး ပရီးမီးယားလိဂ်မှအဆင်ပြေနိုင်ဖို့ အလားအလာစတဲ့ အခြေအနေတွေလဲ ပါဝင်တယ်လို့သိရပါတယ်။ ကစားသမားဟာ (၂၀၁၉)ရာ သီက ဒူးဒဏ်ရာကြောင့်ရေရှည်အနားယူထားရတဲ့ ကစားသမားတဦးဖြစ်တဲ့အတွက် ကင်းထောက်တွေက စိုးရိမ်နေတာလဲ ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းကစားသမားကိုခေါ်ယူဖို့ ယူနိုက်တက်အသင်း တသင်းတည်းမဟုတ်ဘဲ မန်စီးတီး၊ လီဗာပူးလ်၊ အာဆင်နယ် စတဲ့အသင်းတွေကလဲ စိတ်ဝင်စားနေကြတယ်လို့လဲ ဆက်လက် ဖော်ပြထားတာကိုတွေ့ရပါတယ်။ လတ်တလောထွက်လာတဲ့သတင်းအရတော့ စီးရီးအေရဲ့ ဂျူဗင်တပ်လဲပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ဇာကာရီယာ ဟာ ဒီနှစ်နွေရာသီမှာ အသင်းနဲ့စာချုပ်သက် တမ်းကုန်ဆုံးမှာဖြစ်တာကြောင့်ခေါ်ယူလိုတဲ့ အသင်းတွေအနေနဲ့ လျော့စျေး(သို့)ပြောင်းရွေ့ကြေး အလွတ်နဲ့ခေါ်ယူနိုင်မှာလဲ ဖြစ်ပါတယ်။ လောလောဆယ်တော့ ဖရက်ဒ်နဲ့တော်မီနေးဟာ အဓိက အသုံးတော်ခံနေဆဲပါပဲ။
Leave a Reply