နံနက်ခင်း ချဲလ်ဆီး သတင်းမှတ်စု (11Feb)

သင့်တော်တဲ့ကမ်းလှမ်းမှုတွေရလာပါက ကီပါကိုရောင်းချသွားမယ်လို့ ဖော်ပြလာ

ချဲလ်ဆီးအသင်းဟာ သင့်တော်တဲ့ကမ်းလှမ်းမှုများရှိလာပါက ဂိုးသမားကီပါကိုရောင်းချသွားမှာဖြစ်တယ်လို့ The Sun သတင်းစာက ဖော်ပြလာပါတယ်။  ခေါ်ယူစဥ်က စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့ပေမယ့်  နောက်ပိုင်းမှာလက်စွမ်းကျခဲ့တာကြောင့်နံပါတ်နေရာကို မန်ဒီကိုလွှဲပေးခဲ့ရပြီးနောက် အရံအဖြစ်သာ ကစားနေရသူဖြစ်ပါတယ်။  နည်းပြဟောင်းဆာရီရဲ့ လာဇီယိုအသင်းကတော့ ကီပါအပေါ်စိတ်ဝင်စားမှုပြသထားနိုင်ခဲ့ပါတယ်။

ကစားသမားဘဝရည်မှန်းချက်တွေကို ပြောပြလာတဲ့ ဒီကလန်ရိုက်စ်

ချဲလ်ဆီးပရိတ်သတ်တွေမြင်ချင်နေကြတဲ့ တချိန်က အကယ်ဒမီထွက်ကစားသမား ဒီကလန်ရိုက်စ်က သူ့ရဲ့ ကစားသမားဘဝခံယူချက်ကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ “   ပရီးမီးယားလိဂ်ဖလားလို  ချန်ပီယံလိဂ်ဖလားလိုဆုတွေရတဲ့အချိန်ဟာ ဘဝရဲ့အကောင်းဆုံးအချိန်ဖြစ်လာမှာပါ။  ကျွန်တော့်ကစားသမားဘဝမှာ ဆုဖလားတွေမရဖူးသေးတာတောင်မှာ တွေးပြီးစိတ်ကူးယဥ်ကြည့်တဲ့အခါ တော်တော်ပျော်ဖို့ကောင်းပါတယ်။ ကျွန်တော်ဒါတွေကို လက်တွေ့ခံစားချင်ပါတယ်”  ဆိုပြီးပြောခဲ့တာပါ။  Football London ကတော့ ဒီကလန်ရိုက်စ် အနေနဲ့ ချဲလ်ဆီးလိုအသင်းကနေ ကစားသမားဘဝတစ်ဆင့်မြှင့်သင့်ကြောင်းသုံးသပ်ရေးသားခဲ့ပါတယ်။

ဖိုဖာနာကို စောင့်ကြည့်နေဆဲ ချဲလ်ဆီး

စပိန်သတင်းဌာန Fichajes ရဲ့ဖော်ပြချက်အရ  ချဲလ်ဆီးအသင်းဟာ လက်စတာအသင်းရဲ့ အသက် ၂၁ နှစ်အရွယ်နောက်ခံလူ ဖိုဖာနာကို ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ဖော်ပြလာပါတယ်။  ဖိုဖာနာဟာ  စိန့်အက်တီယန်အသင်းရဲ့  အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး လက်စတာအသင်းကိ ၂၀၂၀ ခုနှစ်မှာရောက်ရှိလာသူဖြစ်ပါတယ်။ လက်ရှိရာသီမှာ  ဒဏ်ရာကြောင့်ထင်တိုင်းမပေါက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီတုန်းက အီဗန်စ် ၊ ဆိုယွန်ချူတို့နဲ့တွဲပြီး အစွမ်းပြကစားနိုင်ခဲ့သူဖြစ်ပါတယ်။

ဒမ်ဘီလီကို စိတ်ဝင်စားနေတာ မဆန်းဘူးလို့  ကစားသမားဟောင်းသုံးသပ်

ချဲလ်ဆီးကစားသမားဟောင်း ဂလင်းဂျွန်ဆင်က  ဒမ်ဘီလီနဲ့ပတ်သတ်တဲ့သူ့ရဲ့အမြင်ကို အခုလိုပဲပြောခဲ့ပါတယ်။  “  ကျွန်တော်ကတော့ ချဲလ်ဆီးအတွက် ဒမ်ဘီလီကို မလိုအပ်ဘူးလို့ယူဆပါတယ်။ ဒါပေမယ့်  စိတ်ဝင်စားနေတယ်ဆိုရင်လဲပြောစရာတော့မရှိပါဘူး။  ဒမ်ဘီလီက  ကစားသမားကောင်းပါ။ နောက်ပြီး ပူလီဆစ်ကလည်း ခြေမမှန်သေး ၊ တီမိုဝါနာကလည်း ပုံစံကောင်းရမနေတော့ သူတို့အသင်းမှာတိုက်စစ်မှုးတစ်ယောက်လိုပါတယ်။ ဒီတော့ ဒမ်ဘီလီကို သူတို့စိတ်ဝင်စားနေတာလဲ ဖြစ်နိုင်ပါတယ် “   ဆိုပြီး  Bettingodds.com နဲ့အင်တာဗျူးမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: