ကိုဗာဆစ်ကို လူစားလဲခဲ့သင့်ကြောင်း တူချယ်ဝန်ခံ
လိုင်လီအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ကွင်းလယ်ကစားသမားကိုဗာဆစ်ကို ဒုတိယပိုင်း ၅၁ မိနစ်မှာ ကြံ့ခိုင်မှုအခြေအနေကြောင့် လိုဖ်တပ်ချိနဲ့လူစားလဲခဲ့ရပြီးနောက် ပွဲအပြီးမှာ တူချယ်က သူ့ရဲ့ဆုံးဖြတ်ချက်မှားယွင်းခဲ့ကြောင်းဝန်ခံသွားခဲ့ပါတယ်။ အခုအချိန်မှာတော့ အရေးကြီးပြိုင်ပွဲဖြစ်တဲ့ ကာရာဘောင်းဖလားပွဲမှာ ကိုဗာဆစ် ပြန်လည်ကစားနိုင်ခြင်းရှိမရှိကို စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ကြံခိုင်မှုမပြည့်ဝသေးတဲ့ ဇီယက်ချ်ကိုလည်း ကိုဗာဆစ်ထွက်ခွာပြီး ၉ မိနစ်အကြာမှာ ဆာအူးလ်နဲ့ထပ်မံလူစားလဲခဲ့ရပါသေးတယ်။
ပူလီဆစ်ဟာ ပွဲထွက်ကစားသမားဖြစ်လာဖို့ လိုအပ်ချက် နဲနဲပဲရှိတော့တယ်လို့ အွန်နရီပြော
အာဆင်နယ်ဂန္တဝင်တစ်ဦးဖြစ်တဲ့ အွန်နရီက ပူလီဆစ်ကို ကစားသမားကောင်းတစ်ယောက်အဖြစ် ချီးကျူးခဲ့ပြီး ပိုမိုတိုးတက်လာစေဖို့အတွက်လည်းဝေဖန်မှုတွေပြုလုပ်သွားခဲ့ပါတယ်။
“ ကျွန်တော် အားမရတာတစ်ချက်က ချဲလ်ဆီးမှာ နောက်ချန်တိုက်စစ်မှုးအဖြစ်ကစားနိုင်တဲ့သူ အများကြီးပါပဲ။ ပူလီဆစ်က အရည်အသွေးတွေအများကြီးရှိတယ်။ မေဆင်မောင့် ၊ ဟာဗက်ဇ် နဲ့ ဇီယက်ချ်တို့ထက်တောင်ပိုပြီး ဧရိယာထဲမှာကောင်းအောင်ကစားနိုင်ပါတယ်။ နည်းစနစ်အရပြောမယ်ဆိုရင် သူကသိပ်ကောင်းတယ် ၊ ဒါပေမယ့် လိုအပ်သလောက်တော့မဖြစ်သေးဘူး။ သူ့ရဲံ့ ကြံခိုင်မှုကလဲ အခုထက်တိုးတက်လာရမယ်။ ကျွန်တော့်အမြင် သူက ပထမပွဲထွက်ကစားသမားဖြစ်သင့်နေတဲ့သူပါ “ ဆိုပြီးပြောသွားခဲ့တာပါ။
ကမ္ဘာ့အဆင့်ခြေစွမ်းပြသခဲ့လို့ ချီးကျူးခံနေရတဲ့ ဆေးလ်ဗားလ်
သီယာဂိုဆေးလ်ဗားဟာ ကမ္ဘာအဆင့်ခြေစွမ်းတွေကို လိုင်လီနဲ့ပွဲမှာ ပြသနိုင်ခဲ့တယ်ဆိုပြီး သတင်းဆောင်းပါးအများစုမှာ ချီးကျူးနေကြပါတယ်။ အသက် ၃၇ နှစ်အရွယ်နောက်ခံလူဟာ လိုင်လီတိုက်စစ်ကိုအကောင်းဆုံးထိန်းချုပ်သွားနိုင်ခဲ့သလို ရှင်းထုတ်မှု ၇ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး မြေပြင်နဲ့ အမြင့်ဘောတွေယှဥ်လုရာမှာလဲ ၆ ကြိမ်အောင်မြင်ခဲ့ပါတယ်။ လိုင်လီအသင်းရဲ့အဓိကတိုက်စစ်မှုး ဒေးဗစ်ဆီကို ဘောလုံးမရောက်အောင်လဲ အကောင်းဆုံးကာကွယ် ကစားသွားနိုင်ခဲ့ပါတယ်။
ဟာဗက်ဇ်ကို ဂန္တဝင်နဲ့ ခိုင်းနှိုင်းချီးကျူးလိုက်တဲ့ ဂယ်ရီလိုင်နီကာ
ဘောလုံးသုံးသပ်သူလဲဖြစ် ၊ ကစားသမားဟောင်းလဲဖြစ်တဲ့ ဂယ်ရီလိုင်နီကာက လိုင်လီနဲ့ပွဲမှာ ပြသခဲ့တဲ့ ကိုင်ဟာဗက်ဇ်ရဲ့ ခြေစွမ်းကို ချဲလ်ဆီး ဂန္တဝင်ဖြစ်တဲ့ ဂလင်းဟော်ဒယ်နဲ့ဆင်တူကြောင်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။
“ ဟာဗက်ဇ်ကစားပုံက သိမ်မွေ့ပြီး ကြည့်လို့သိပ်ကောင်းပါတယ်။ တစ်ကွင်းလုံးကို ခြုံပြီးလွှမ်းမိုးကစားနိုင်ပါတယ်။ တစ်ခါတစ်လေမှာ ဂလင်းဟော်ဒယ်ရဲ့ ကစားပုံနဲ့လည်းဆင်တူပါတယ် “ ဆိုပြီး ခိုင်းနှိုင်းချီးကျူးခဲ့တာဖြစ်ပါတယ်။
လူကာကူကို ချန်ခဲ့ရတဲ့အကြောင်းကို တူချယ်ရှင်းပြလာ
ချဲလ်ဆီးနည်းပြတူချယ်က ဘာကြောင့်လိုင်လီနဲ့ပွဲမှာ လူကာကူကို အသုံးမပြုခဲ့ရသလိဲဆိုတာကို အခုလိုပဲရှင်းပြလာခဲ့ပါတယ်။
“ သူခြေစွမ်းမပြနိုင်တဲ့ပွဲကိုပဲ အားလုံးက ဝိုင်းပြီးထောက်ပြနေကြတဲ့အချိန်ဆိုတာ သူ့ကိုပွဲထုတ်ရမယ့်အနေအထားမဟုတ်ပါဘူး။ သူ့ကို ခနလောက်အနားပေးပြီး အရှိန်ယူရမယ့်အချိန်ဖြစ်ပါတယ်။ ဒါကြောင့်အခုလို ဆုံးဖြတ်ချက်ကို ချလိုက်တာပါပဲ “ လို့ရှင်းပြလာပါတယ်။
Leave a Reply