ချဲလ်ဆီးသတင်းမှတ်စု (25Feb)

တမ်မီအေဘရာဟမ်ကို နှစ်အနဲငယ်မှာ  ပြန်တွေ့ရဖွယ်ရှိ

ရိုးမားအသင်းမှာကစားနေတဲ့ တိုက်စစ်မှုးတမ်မီ အေဘရာဟမ်ဟာ တစ်ချိန်ချိန်မှာ ချဲလ်ဆီးအသင်းကို ပြန်လာနိုင်ဖွယ်ရှိတယ်လို့  The Sun သတင်းစာကရေးသားလာပါတယ်။  ကစားသမားရဲ့ စာချုပ်အရလဲ ပြန်လည်ခေါ်ယူခွင့်ပါရှိတာကြောင့် ၂၀၂၃ ခုနှစ်ဘောလုံးရာသီရောက်တဲ့အခါ အသင်းအနေနဲ့ပြန်ခေါ်ချင်ရင် ခေါ်လို့ရတဲ့အနေအထားမှာရှိနေပါတယ်။  အေဘရာဟမ်ဟာ ရိုးမားအသင်းမှာအထူးခြေစွမ်းပြသနေပြီး  ၃၃ ပွဲကစား ၁၈ ဂိုးသွင်းပြီး   ၄ကြိမ်ဖန်တီးပေးထားနိုင်ပါတယ်။

မီလီတာအိုအတွက် ချဲလ်ဆီးနဲ့  ရီးရဲ မတ်လမှာဆွေးနွေးမယ် လို့ ဒီမာဇီယိုပြော

ချဲလ်ဆီးအသင်းဟာ   ရီးရဲခံစစ်ကစားသမား အီဒါ မီလီတာအို အတွက် မတ်လထဲမှာဆွေးနွေးမှုတွေပြုလုပ်သွားဖွယ်ရှိတယ်လို့  သတင်းထောက် ဒီမာဇီယိုက ပြောဆိုလာပါတယ်။ သူ့ရဲ့အဆိုအရ  အသင်းနှစ်သင်းကြား ဒီဇင်ဘာလကတည်းကဆွေးနွေးနေခဲ့ကြတာဖြစ်ပြီး  တိုးတက်မှုတစ်စုံတရာတော့မရှိခဲ့ဘူးလို့ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ်နောက်ခံလူဟာ စပိန်ဘီလူးကြီးအတွက် အဓိက နောက်ခံလူဖြစ်ပြီး ဒီရာသီမှာ ၃၅ပွဲကစားပေးထားသူလဲဖြစ်ပါတယ်။

ငွေကြေးပညာရှင်သုံးသပ်ထားတဲ့  ချဲလ်ဆီးအသင်းရဲ့ အန္တရာယ်များ

ငွေကြေးဆိုင်ရာကျွမ်းကျင်သူ မက်ဂွိုင်းယားရဲ့ သုံးသပ်တွက်ချက်မှုအရ  ချဲလ်ဆီးအသင်းရဲ့လည်ပတ်ငွေထဲမှာ  ရိုမန် အေဘရာမိုဗစ်ရဲ့ စိုက်ထုတ်မတည်ငွေတွေပါဝင်နေတာဖြစ်ပြီး ၊ အခြေအနေတစ်စုံတစ်ရာကြောင့် ရိုမန်က ငွေကြေးပြန်လည်လိုအပ်လာတဲ့အခါ အသင်းအနေနဲ့ ထိုပမာဏကို ပြန်လည်ပေးချေဖို့ Resource အလုံအလောက်မရှိဘူးလို့ ပြောဆိုလာပါတယ်။

“  အသင်းမှာ ဒီငွေကို ပြန်ထုတ်ပေးရလောက်တဲ့ လည်ပတ်ငွေပမာဏရှိမနေပါဘူး။ တကယ်လို့ အသင်းကိုရောင်းချရမယ်ဆိုရင်တောင် Enterprise တစ်ခုလုံစာ Value တစ်ခုနဲ့ရောင်းချဖို့လိုအပ်ပါတယ်။ ဒါမှသာ ဒီငွေတွေအတွက်ညီမျှတဲ့ ပမာဏအနေအထားတစ်ခုကိုရောက်ရှိနိုင်မှာပါ။ ရိုမန်အနေနဲ့ သူရဲ့ငွေကြေးတွေ Freeze အလုပ်ခံရတဲ့အခြေအနေကိုရောက်ရင် ငွေလိုအပ်တာမျိုးရှိလာနိုင်ပါတယ်  “ ဆိုပြီးသုံးသပ်ခဲ့တာပါ။

ချဲလ်ဆီးအသင်းမှာ ရိုမန်အေဘရာမိုဗစ်ရဲ့ ချေးငွေ  ၂ ဘီလိယံပေါင် ရှိနေပြီး  မနှစ်က  ၂၆ မီလီယံကိုထပ်မံမြှပ်နှံထားခဲ့ပါသေးတယ်။

ဇီယက်ချ်နဲ့ ကိုဗာဆစ် တို့ လီဗာပူးနဲ့ပွဲအတွက်အသင့်ရှိနေ

လိုင်လီနဲ့ပွဲစဥ်တုန်းက  ဒဏ်ရာကိုယ်စီရခဲ့ကြတဲ့  ဇီယက်ချ်နဲ့ ကိုဗာဆစ်တို့ဟာ  လီဗာပူးနဲ့ ကာရာဘောင်းဖလားပွဲအတွက် ပြန်ကစားပေးဖို့အသင့်ဖြစ်နေကြပြီလို့ဆိုပါတယ်။  ဒါပေမယ့်  သတင်းထောက်ဒီမာဇီယိုက   အဆိုပါကစားသမား ၂ ယောက်စလုံးအတွက် ချက်ခြင်းပြန်ကစားပေးဖို့ဆိုတာ စိန်ခေါ်မှုဖြစ်ပြီး ၊ ပွဲမတိုင်ခင်ရက်အနဲငယ်မှာ အနာတရကင်းစင်နေဖို့လိုတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။  တူချယ်ကိုယ်တိုင်ကလဲ  ကိုဗာဆစ်နဲ့ပတ်သတ်ပြီး သူ့အနေနဲ့ စောစောစီးစီးလူစားလဲထားသင့်ကြောင့် ဝန်ခံထားပါတယ်။

ခရစ်စတီယန်ဆင်နဲ့ စပါးဆွေးနွေး

စပါးအသင်းဟာ  နောက်ခံလူ ခရစ်စတီယန်ဆန်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့  SportWitness ကဖော်ပြလာပါတယ်။ ရာသီကုန်မှာ ချဲလ်ဆီးနဲ့စာချုပ်ကုန်တော့မယ့် အဆိုပါအသက် ၂၅ နှစ်အရွယ်ကစားသမားနဲ့ ဆွေးနွေးမှုတွေဟာ အချိန်ကြာမြင့်နေပြီဖြစ်ပေမယ့်တိုးတက်မှုမရှိသေးတာဖြစ်ပါတယ်။  စပါးအပြင်  ဘိုင်ယန်မြူးနစ်အသင်းကလဲ ခရစ်စတီယန်ဆန်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အင်တာဖက်က လူကာကူကို ပြန်ခေါ်ဖို့ အစီအစဥ်မရှိ

အင်တာမီလန်အသင်းဟာ  သူတို့ရဲ့တိုက်စစ်မှုးဟောင်း လူကာကူကို ပြန်လည်ခေါ်ယူဖို့ အစီအစဥ်မရှိဘူးလို့ Football Italia ကရေးသားလာခဲ့ပါတယ်။  ထို့အတူ တိုက်စစ်မှုးလူကာကူကလဲ အသင်းမှာအဆင်မပြေပေမယ့် ပွဲထွက်ခွင့်အတွက်သာတိုက်ပွဲဝင်သွားဖွယ်ရှိပြီး လတ်တလောမှာအသင်းပြောင်းဖို့အစီအစဥ်မရှိကြောင်း Mirror ကဖော်ပြလာပါတယ်။ လူကာကူရဲ့လတ်တလောခြေစွမ်းဟာ အဆိုးရွားဆုံးဖြစ်နေပြီး လိုင်လီနဲ့ပွဲမှာလဲ ပွဲထွက်ပါဝင်လာခြင်းမရှိခဲ့ပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: