Post Match Review – ခက်ခဲတဲ့ပွဲကိုအနိုင်ယူပြနိုင်ခဲ့တဲ့ အာဆင်နယ် (Ars 2-1 Wol)

အာဆင်နယ်နဲ့ ဝုဗ်အသင်းတို့ရဲ့ပွဲစဥ်ဟာ အသင်းအားပေးသူပရိတ်သတ်တွေအတွက်ရော ၊ ဝါသနာရှင်ကြားပရိတ်သတ်တွေအတွက်ရော တော်တော်လေးကောင်းမွန်တဲ့ပွဲစဥ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ ဥေရာပပြိုင်ပွဲတွေနဲ့ဝေးနေတဲ့ အာဆင်နယ်အသင်းရဲ့  ကြိုးစားအားထုတ်မှုတွေကို ပိုမိုအားကောင်းလာစေတဲ့ပွဲတစ်ပွဲဖြစ်ပြီး  ၊ ပွဲကျန် ၁၄ ပွဲသာကျန်တော့ချိန်မှာ ကောင်းမွန်တဲ့အမှတ်ပေးဇယားရပ်တည်မှုကို ပိုင်ဆိုင်ထားနိုင်ခဲ့တာလဲဖြစ်ပါတယ်။ ဒီပွဲရဲ့အကြောင်းကို အပိုင်းတွေခွဲပြီးသုံးသပ်ပေးသွားပါမယ်။

ဝုဗ်အသင်းရဲ့ ကစားပုံ

အာဆင်နယ်အသင်းကစားမယ့်ပုံစံကို ဝုဗ်တို့ဟာ  ကြိုတင်တွက်ချက်နိုင်ခဲ့ကြပါတယ်။  သူတို့ရဲ့အားသာချက်နဲ့ Block တွေတည်ဆောက်ပြီး ၊ တန်ပြန်တိုက်စစ် ကစားခဲ့တဲ့  ဝံပုလွေတွေရဲ့ကစားပုံဟာ တော်တော်လေးကောင်းမွန်ခဲ့ပါတယ်။ ကစားကွက်ရဲ့ သဘောသဘာဝ အားနဲချက်ကလွဲရင် အပြစ်ပြောစရာမရှိလောက်အောင်ကို ကောင်းမွန်ခဲ့ပြီး အာဆင်နယ်အသင်းကိုလည်း သူတို့ရည်မှန်းထားတဲ့ပုံစံကိုဝင်အောင် ထည့်ထားနိုင်ခဲ့ပါတယ်။

အာဆင်နယ်တို့ တိုက်စစ်ဆင်တိုင်းမှာ  ကစားသမား ၆ ယောက်ကနေ ၈ ယောက်အထိက ပြေးလမ်းကြောင်း ၊ လူပေးရမယ့် ကစားသမားတွေကို ပိတ်ဆို့ထားနိုင်ပြီး  အာဆင်နယ်အသင်းကို ဘောလုံးကိုင်ထားရင်း အကြံအိုက်စေခဲ့ပါတယ်။  တန်ပြန်တိုက်စစ်အတွက်လည်း ဟီးချန် ၊ ပိုဒန့်စ် နဲ့ ဆီမီဒိုတို့ကလည်းတောင်ပံတွေကနေ အကောင်းဆုံး Transition Play ကိုပုံဖော်နိုင်ခဲ့ကြပါတယ်။ ဒါကတော့ ဝုဗ်အသင်းရဲ့ ပွဲအတွက်ပြင်ဆင်လာပုံဖြစ်ပါတယ်။

အာတီတာနဲ့ ကွင်းထဲက ကစားသမားများ

ပထမအကျော့မှာကတည်းက ဝုဗ်ရဲ့ ကွင်းလယ်ခံစစ်နဲ့  နောက်တန်းတွေရဲ့ ကျစ်လစ်မှုကို ကောင်းစွာနားလည်ထားတဲ့ အာတီတာဟာ  Combination တွေနဲ့ ကစားခဲ့ပြီး ဝုဗ်နောက်တန်းကိုထိုးဖောက်ခဲ့ပါတယ်။ ဒီနေရာမှာ အာတီတာရဲ့ Ideology အောင်မြင်ခဲ့ပေမယ့် ရလဒ်တော့မဖြစ်ထွန်းခဲ့ပါဘူး။ လာကာဇက်၊ အိုဒီဂတ်၊ ဆာကာတို့ဦးဆောင်တဲ့ တိုက်စစ်ပိုင်းဟာ ဝုဗ်နောက်တန်းကို မကြခနဒုက္ခပေးနိုင်ပေမယ့် အဆုံးသတ်ဂိုးသွင်းသူမရှိတာကတစ်ကြောင်း ၊​ ဝုဗ်ရဲ့ ခံစစ်ကြောင်းကိုယ်တိုင်က တည်ငြိမ်လွန်းတာကတစ်ကြောင်းဖြစ်လို့  ဂိုးရဖို့အလွန်ခက်ခဲခဲ့ပါတယ်။ တိတိကျကျပြောရရင်  အရင်တုန်းက အာဆင်နယ်သာဆိုရင် ဘယ်လိုနည်းနဲ့မှ ထိုးဖောက်ဖို့မျှော်လင့်နိုင်စရာမရှိလောက်အောင်ကို ဝုဗ်ကတည်ငြိမ်ခဲ့ပါတယ်။ ဒါပေမယ့် ကြိုးစားအားထုတ်မှုရယ် ၊ လုံလောက်တဲ့အရည်အသွေးရယ်ပေါင်းစပ်သွားချိန်မှာ အာဆင်နယ်တို့ထင်တိုင်းပေါက်သွားခဲ့ပါတယ်။

ပွဲအစပိုင်းမှာပဲ​ အာဆင်နယ်တို့ မထင်မှတ်ပဲအဖွင့်ဂိုးပေးခဲ့ရပါတယ်။  ဒီဂိုးဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လွဲချော်မှုဖြစ်ပေမယ့် ၊ ဘန်ဝှိုက်အနေနဲ့အခုထက်ပိုပြီး နေရာယူမှန်ခဲ့မယ်ဆိုရင်တော့  မထင်မှတ်တဲ့အမှားကို ကာကွယ်မှုပြုလုပ်နိုင်ဖို့ရှိပါတယ်။ နောက်ထပ်အားနည်းချက်အနေနဲ့   ဒီအမှားကနေပြန်တည်ငြိမ်လာဖို့အတွက် ရမ်းစ်ဒေးလ်ရော ၊ နောက်တန်း ၂ ယောက်စလုံးပါ အချိန်အနဲငယ်ကြာကြိုးစားခဲ့ရပါတယ်။ ရမ်းစ်ဒေးလ်ဆိုရင် Composure Out သွားတာ အလွန်သိသာပါတယ်။  လက်စွမ်းအရကောင်းမွန်နေပြီဖြစ်ပေမယ့် ထိပ်တန်းအဆင့် ကစားသမား ဖြစ်လာဖို့ ကြိုးစားရမယ့်အချက်ပါပဲ။

၀ – ၁ နဲ့ရှုံးနိမ့်နေပြီးတဲ့နောက်မှာ အာဆင်နယ်အသင်းရဲ့ ထိုးဖောက်ကစားပုံဟာ တော်တော်လေးအားရစရာကောင်းခဲ့ပါတယ်။ လာကာဇက်ဟာ အခွင့်အရေးတွေကို အသုံးမချနိုင်တာကတပိုင်းဖြစ်ပေမယ့် အသင်းအတွက်စိတ်နှစ်ပြီး Pressing ကို သူကဦးဆောင်ကစားပြသွားတာဟာ အလွန်ကျေနပ်စရာကောင်းခဲ့ပါတယ်။

အာဆင်နယ်တို့ထိုးဖောက်လိုက် ၊ ဝုဗ်ကဖျက်ထုတ်လိုက်နဲ့ ပွဲကလည်နေတုန်း ၀ – ၂ ဖြစ်သွားလောက်တဲ့အခွင့်အရေးကိုလည်း  ဝုဗ်တိုက်စစ်မှုး ဟီးချန်ရခဲ့ပါသေးတယ်။ ဒါပေမယ့် တိုင်ဘေးက ကပ်ထွက်သွားလို့ ကံကောင်းခဲ့ပါတယ်။

ပွဲရဲ့အလှည့်အပြောင်းတွေက မိနစ် ၇၀ လောက်မှာစတင်ခဲ့ပါတယ်။  နောက်တန်း ၃ ယောက်ပုံစံနဲ့  ၃-၅-၂ ပုံစံကိုပြောင်း ၊ ပေပေနဲ့ အန်ကတ်တီယာတို့ကို ထည့်ပြီးထိုးဖောက်စေတဲ့အခါမှာ တိုက်စစ်ပိုင်းက ချက်ခြင်းပြန်လတ်ဆတ်သွားပြီးအခွင့်အရေးတွေဆက်တိုက်ရလာခဲ့ပါတယ်။  ဝုဗ်အသင်းသားတွေရဲ့မာကျောမှုဟာလည်းအနဲငယ် ယိမ်းယိုင်စပြုလာခဲ့ပါတယ်။  ဆီမီဒို ​၊ ပိုဒန့်စ်တို့ ထွက်သွားပြီးတဲ့နောက် ဝုဗ်အသင်းမှာ Fear Factor ပျောက်သွားခဲ့သလို အာဆင်နယ်ကလည်း ကစားပုံအပြောင်းမှာ အတက်ဖက်ကိုရောက်သွားခဲ့ပါတယ်။

ရရှိသွားတဲ့ချေပဂိုးမှာ အထူးချီးကျူးရမှာက အန်ကတ်တီယာနဲ့ ပေပေနှစ်ယောက်စလုံးဖြစ်ပါတယ်။  ပေပေဟာ ဘောလုံးကိုထိမ်းရင်း ခန္တာကိုယ်ကို Ready Position လုပ်သွားခဲ့တာဟာ ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်ဆီကသာမြင်ရ​နိုင်တာမျိုးဖြစ်ပြီး သူ့ရဲ့ချေပဂိုးကပွဲရဲ့အဓိကအလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။

ဆာကာက ဘယ်ခြမ်းကိုပြောင်းပြီး ၊ ပေပေက ညာခြမ်းကနေကစားချိန်မျာ အာဆင်နယ်တိုက်စစ်အတွက် လမ်းကြောင်းပိုပွင့်သွင်းခဲ့ပါတယ်။ နောက်ဆုံးမှာတော့   လူပေးစရာနေရာမရှိလောက်အောင် ပိတ်ဆို့ထားတဲ့ ဝုဗ်နောက်တန်းကို တစ်ချက်ထိ တွဲလုံးလေးတွေနဲ့ ထိုးဖောက်ပြီး နောက်ဆုံးမိနစ်အနိုင်ဂိုးကို ရရှိသွားခဲ့ပါတယ်။

တစ်ပွဲလုံးကို ခြုံပြောရရင်  အိုဒီဂတ်ရဲ့ တစ်ကွင်းလုံးလွှမ်းမိုးကစားနိုင်မှု ၊ ပါတေးနဲ့ရှာခါတို့ရဲ့ အတွဲညီလာမှုတွေက အားရစရာဖြစ်ခဲ့ပြီး လိုအပ်ချက်အနေနဲ့ဆိုရင် ဆာကာရဲ့ အတွေ့အကြုံလိုအပ်နေသေးမှုနဲ့ အဆုံးသတ်တိုက်စစ်မှုးဖြည့်ရမယ့်အခြေအနေတွေပဲဖြစ်ပါတယ်။

ပြိုင်ပွဲတစ်ရပ်လုံးအနေနဲ့ဆိုရင်တော့ အာဆင်နယ်ကတော့ ပွဲကျန် ၂ ပွဲမှာ အမှတ်မဆုံးအောင်ကစားနိုင်မယ်ဆိုရင် အဆင့် ၄နေရာမှာရပ်တည်နိင်တော့မှာဖြစ်ပါတယ်။ ဘာမဆိုဖြစ်သွားနိုင်တဲ့ပွဲတွေအများကြီးကျန်သေးပေမယ့်  ဝုဗ်လိုအသင်းကိုရင်ဆိုင်သွားတာကတော့ အသင်းကြီးတွေနဲ့ကစားဖို့အတွက် အခက်အခဲတွေကိုရှေ့ပြေးရင်ဆိုင်ပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: