ခံစစ်မှတ်တမ်းကောင်းနဲ့ ဆေးဗားလ်
ဗိုလ်လုပွဲမှာ အသင်းအနေနဲ့ရှုံးနိမ့်ခဲ့ရပေမယ့် ကစားသမားတွေရဲ့ခြေစွမ်းပိုင်းအတွက် ချီးကျူးခံနေရတဲ့ ချဲလ်ဆီးအသင်းအတွက် နောက်ခံလူ ဆေးဗားကလဲ မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဂိုးစည်းပေါ်က ဖျက်ထုတ်မှုတွေအပြင် ခြေစွမ်းလဲပြသနိုင်ခဲ့တဲ့ အသက် ၃၇ နှစ်အရွယ်ကစားသမားကြီးဟာ ၉၃ကြိမ်ဘောလုံးနဲ့ထိတွေ့ခဲ့ပြီး မြေပြင်နဲ့အမြင့်ဘောတွေကို ၈ ကြိမ်ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ၆၃ မိနစ်မှာ မန်ဒီရဲ့အားနည်းချက်ကနေတဆင့်ရရှိတဲ့ မိုဆာလာရဲ့အပိုင်အခွင့်အရေးကိုလဲ ကာကွယ်သွားနိုင်ခဲ့ပါတယ်။
ကီပါကို သန်း ၅၀ နဲ့ရောင်းချဖို့ပြင်နေတဲ့ ချဲလ်ဆီး
Daily Star ရဲ့ဖော်ပြချက်အရ နယူးကာဆယ်အသင်းဟာ ချဲလ်ဆီးဂိုးသမား ကီပါကို ခေါ်ယူဖို့ကြိုးစားနေတယ်လို့ ဖော်ပြလာပါတယ်။ ချဲလ်ဆီးအနေနဲ့လဲ ကစားသမားကို သန်း ၅၀ ခန့်နဲ့ရောင်းချဖို့ပြင်ဆင်နေပြီး ၊ ကီပါကိုယ်တိုင်ကလဲ လက်ရွေးစင်အဆင့်မှာ ပြန်လည်ပါဝင်ခွင့်ရဖို့အတွက် အသင်းပြောင်းရွေ့လိုနေတယ်လို့ သိရပါတယ်။
ကီပါကို အပြစ်တင်စရာမလိုကြောင်း တူချယ်ပြောပြလာ
လီဗာပူးအသင်းရဲ့ ပယ်နယ်တီ ၁၁ လုံးစလုံးကို ဖမ်းမိခြင်းမရှိခဲ့တဲ့အပြင် ကိုယ်တိုင် ကန်သွင်းရာမှာလဲ လွဲချော်ခဲ့တဲ့နောက် ကီပါက သူ့ရဲ့အမှားအတွက်စိတ်ပျက်မိကြောင်းနဲ့ အားပေးခဲ့တဲ့ ချဲလ်ဆီးမိသားစုဝင်တွေကို ကျေးဇူးတင်ကြောင်းပြောဆိုလာခဲ့ပါတယ်။ နည်းပြတူချယ်ကလဲ ကီပါကိုအပြစ်တင်ဖို့ ငြင်းဆန်သွားခဲ့ပြီး ၊ ကီပါဝင်ရောက်ကစားခဲ့ခြင်းက သူ့ရဲ့ဆုံးဖြတ်ချက်သာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။
ကွန်ဒီကို ချဲလ်ဆီး ၊ ရီးရဲ နဲ့ဘာကာတို့ ဆွေးနွေးနေကြလို့ ဂျာမန်သတင်းထောက်ပြော
ဂျာမနီသတင်းထောက် Florian Plettenberg က ချဲလ်ဆီးအသင်းရဲ့ပစ်မှတ် ဂျူးလ်ကွန်ဒီကို ဘိုင်ယန် ၊ရီးရဲနဲ့ ချဲလ်ဆီးတို့အပြိုင်ကြိုးစားနေကြတယ်လို့ ပြောဆိုလာပါတယ်။ သူ့ရဲ့အဆိုအရ အသင်းကြီး ၃ သင်းစလုံးဟာ ကွန်ဒီနဲ့ ဆွေးနွေးမှုတွေပြုလုပ်လျှက်ရှိကြပြီး နွေရာသီမှာ အသင်းပြောင်းဖြစ်ဖို့သေချာသလောက်ရှိနေကြောင်းသိရပါတယ်။ အသက် ၂၃ နှစ်အရွယ်ပြင်သစ်လက်ရွေးစင်ဟာ ဆီးဗီးလားတို့အတွက် ၁၁၉ ပွဲကစားပေးထားပြီး ၇ ဂိုးသွင်း ၊ ၃ ကြိမ်ဖန်တီးပေးထားနိုင်တယ်လို့သိရပါတယ်။
အံ့သြစရာခြေစွမ်းရှိသူဆိုပြီး အငှားသွားကစားနေတဲ့ လူငယ်သတ်မှတ်ခံရ
ဟက်ဒါစဖီးအသင်းမှာအငှားနဲ့သွားကစားနေတဲ့ နောက်ခံကစားသမားလေး လီဗီကိုးဝဲလ်ကို ကစားဖော် လူးဝစ်အိုဘရီယန်က ထိပ်တန်းကစားသမားဖြစ်လာမယ့်သူအဖြစ်မှတ်ချက်ပေးခဲ့ပါတယ်။ ရာသီအစတုန်းက အတွေ့အကြုံပိုရစေဖို့ အငှားချခြင်းခံခဲ့ရတဲ့ အသက် ၁၉ နှစ်အရွယ်ကစားသမားလေးဟာ Clean Sheet တွေရရှီနေသလို ဂိုးလံသွင်းယူနေနိုင်တယ်လို့ သိရပါတယ်။ အိုဘရီယံက “ “ အသင်းကိုလူငယ်လေးတွေရောက်လာကြတဲ့အခါ သူတို့ဘာတွေလုပ်ပြနိုင်မလဲဆိုတာ စိတ်ဝင်တစားရှိကြတာပါပဲ။ သူက ချန်ပီယံရှစ်အဆင့်မှာ မယုံနိုင်စရာကောင်းလောက်အောင်စွမ်းဆောင်ပြနေတာပါ။ သူရဲ့ ကစားသမားဘဝက ထိပ်တန်းဖြစ်လာမယ်လို့ သေချာပေါက်ပြောရဲပါတယ် “ လို့ မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။
Leave a Reply