Post Match Article – အားနည်းချက်တွေရှိခဲ့ပေမယ့် အားသာချက်တွေကပိုများခဲ့လို့ အာဆင်နယ်တို့ ၃ မှတ်အပြည့်ရခဲ့တဲ့ပွဲ

အိုဒီဂတ် ၊ ဆာကာ နဲ့ မာတင်နယ်လီတို့လို အချစ်တော်လူငယ်လေးတွေရဲ့ သွင်းဂိုးတွေနဲ့ ဝက်ဖို့ဒ်ကို အာဆင်နယ်တို့ အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။

ပွဲကလည်းအနိုင်ရခဲ့တယ်၊ ကစားပုံလည်း ပေါ်လွင်တယ်၊ ပရိတ်သတ်ကြိုက်ကစားသမားတွေလဲ ဂိုးသွင်းနိုင်တဲ့ပွဲမှာ စိတ်ကျေနပ်အောင်ပြောစရာတွေများပေမယ့် အားနဲချက်တွေ လိုအပ်ချက်တွေကပဲအရင်ဆုံးပြောကြည့်ပါမယ်။ ဒီအချက်တွေဟာ အမှတ်ရမယ့်ပွဲတွေကို အမှားအယွင်းဖြစ်သွားစေနိုင်လောက်တဲ့အထိ တော်တော်လေးအန္တရာယ်ရှိတယ်လို့ ယူဆမိတာကြောင့်ပါ။

အာဆင်နယ်တို့ဟာ ဒီပွဲမှာ တော်တော်လေးသာလွန်ကောင်းမွန်ပါတယ်။ ဒီအချက်ကိုအခြေပြုပြီး နောက်တန်းမှာလူကပ်ပုံအားနဲခြင်း ၊ အာရုံစူးစိုက်မှုလျော့နည်းခြင်းစတဲ့အချက်တွေကိုလဲ မြင်ရပါတယ်။ အသိသာဆုံးကတော့ ချေပဂိုးတွေ ၊ ၅၂ မိနစ်နဲ့ ၅၅ မိနစ်ဝန်းကျင်တွေမှာဖြစ်ပေါ်ခဲ့တဲ့ ဝက်ဖို့ဒ်ရဲ့အခွင့်အရေးတွေပဲဖြစ်ပါတယ်။  အခွင့်အရေးကိုအရယူနိုင်တဲ့ ကစားသမားတွေသာ ပြိုင်ဖက်အသင်းမှာရှိခဲ့ရင် အန္တရာယ်ကြီးတဲ့အခြေအနေပဲဖြစ်ပါတယ်။

ကိုယ့်ဖက်ကလဲ အသာရနေ  ၊ တဖက်ကလဲ အခွင့်အရေးအရမယူနိုင်ကြတဲ့အခြေအနေမှာ ဖြစ်လေ့ရှိတဲ့သဘောဆိုပေမယ့် ထိပ်တန်းအသင်းဖြစ်ဖို့ဆိုရင် ဒီအချက်တွေကို ရှောင်လွဲနိုင်ရမှာဖြစ်ပါတယ်။​  ၁ -၃ နဲ့ဦးဆောင်နေချိန်မှာ အခွင့်အရေးပေါင်းများစွာကို အာဆင်နယ်အသင်း ရရှိခဲံ့ပါတယ်။ အမှန်တကယ်သာ ဖိဖိစီးစီးကစားနိုင်ရင် အနဲဆုံး ၅ ဂိုးရမယ့်ပွဲမျိုးဖြစ်သလို ဂိုးလဲအခုလောက်ထိပေးရမှာမဟုတ်ပါဘူး။

နောက်ပြီး ဘန်ဝှိုက်နဲ့  Pivot ကစားသမား ၂ ယောက်ကြားမှာ အခုထိပိုကောင်းတဲ့ Chemistry တွေလိုအပ်နေပါသေးတယ်။ တိုက်စစ်ပြန်ဆင်ချိန်မှာ ကောင်းမွန်တဲ့ကစားဟန်ကိုရရှိပေမယ့်  တဖက်အသင်းက တိုက်စစ်ကစားချိန်ဆိုရင် ခံစစ်မှာ Block တွေမဖန်တီးနိုင်သေးတာကိုမြင်ရပါတယ်။ ဒီအချက်ဟာ မိနစ်  ၈၀ လောက်မှာ တော်တော်သိသာခဲ့ပါတယ်။  ပေးလိုက်ရတဲ့ ဒုတိယချေပဂိုးဟာလည်း ဘန်ဝှိုက်ရဲ့ Timing မကိုက်မှုကို သိသာစေခဲ့ပါတယ်။   ဒါတွေက အားနဲချက်တွေဖြစ်ပါတယ်။

အထက်ပါအချက်တွေကလွဲရင် အာဆင်နယ်တို့ဟာ သူတို့ဖော်ဆောင်နေတဲ့ တိုက်စစ် ကစားပုံကို ကောင်းစွာကိုင်တွယ်နိုင်တဲ့အခြေအနေတစ်ခုကိုရောက်ရှိနေပြီဖြစ်ပါတယ်။ အထူးသဖြင့် ဆာကာဖက်ခြမ်းကထိုးဖောက်မှုတွေ ၊ တွဲလုံးတွေဟာ  Format တစ်ခုလိုအသားတကျရှိနေပြီဖြစ်ပြီး ဒီနေ့ပွဲမှာလဲ ရသမျှဂိုးတွေ၊ အခွင့်အရေးတွေက ကစားပုံသဘောတရာတူတူပဲဖြစ်ပါတယ်။ လာကာဇက် ဒါမှမဟုတ်  အိုဒီဂတ်တို့ရဲ့ရွေ့လျားမှုတွေကနေ ပြိုင်ဖက်ရဲ့ Block တွေကိုပုံစံပျက်စေပြီး ကန်သွင်းခွင့်တွေဖန်တီးတာဟာ ပွဲတော်ေတာ်များများမှာ အလုပ်ဖြစ်ခဲ့နေပါတယ်။ အခုထက်ပိုကောင်းတဲ့  Number 9 Player ကိုသာရရှိခဲ့မယ်ဆိုရင် အာဆင်နယ်ရဲ့ တိုက်စစ်ကို ထိမ်းချုပ်ဖို့ခက်ခဲတဲ့အနေအထားတစ်ခုကိုရောက်ရှိလာမှာဖြစ်ပါတယ်။

အိုဒီဂတ် နဲ့ ဆာကာတို့ဟာ သူတို့ရဲ့ Function တွေကို တာဝန်ကျေပွန်အောင်ကစားနိုင်ကြသလို ၊ အသင်းလိုက်ဟန်ချက်ပျက်ချိန်တွေမှာလည်း ဖြည့်ပြီးကစားပေးနိုင်ကြတာကိုတွေ့ရပါတယ်။ ဆာကာဟာ Next Level ကိုတက်လှမ်းနေတဲ့ကစားသမားဆိုတာ တော်တော်လေးပုံပေါ်လာတာကိုတွေ့ရပါတယ်။  အသင်းကြီးတွေအမှတ်ဆုံးလေ့ရှိတဲ့ Block ကစားတဲ့အသင်းတွေနဲ့ဆုံလာရင်  ၊ ထို Block ကိုဖြေထုတ်နိုင်ဖို့အတွက် “ ဆာကာရဲ့ တစ်ကိုယ်တော်စွမ်းရည် + Overlap Side Back “  နဲ့  “ လာကာဇက် + ဆာကာ + အိုဒီဂတ် + ဆဲဒရစ် / တိုမီယာစု တွဲလုံး “ ဟာ အာတီတာရဲ့ လက်နက်တစ်ခုဖြစ်လာခဲ့ပါတယ်။

မာတင်နယ်လီကတော့ ဂိုးသွင်းယူနိုင်တယ်ဆိုပေမယ့် Form ပျက်နေတာသိသာခဲ့ပြီး ပွဲချိန်တော်တော်များများမှာ လှုပ်ပေးနိုင်တာကလွဲရင် ထိရောက်မှုတော့သိပ်မရှိခဲ့ပါဘူး။ ဒါကြောင့်လဲ အာတီတာက ပေပေနဲ့လူစားလဲပြီး ကစားပုံကိုပြင်ခဲ့တာဖြစ်ပါတယ်။

အနှစ်ချုပ်ပြောရရင်တော့  ခံစစ်ပိုင်းနဲ့ အာရုံစူးစိုက်မှုလျော့နည်းတာကိုတော့အမြန်ဆုံးပြုပြင်သွားရဖို့ရှိပြီး ကံမကောင်းရင် အမှတ်ခွဲယူရတဲ့အခြေအနေထိတောင် ပေးဆပ်လိုက်ရတာမျိုးဖြစ်သွားနိုင်ပါတယ်။ အနီးဆုံးပြိုင်ဖက်တွေခြေချော်နေချိန်မှာ အမှတ်ပြည့်ရယူထားနိုင်တာမို့ အဆင့် ၄ အိမ်မက်ကတော့ တောက်လျှောက်ခိုင်မာနေဆဲပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: