ရူဒီဂါကို နယူးကာဆယ်အသင်းရဲ့ Website ကနေ တရားဝင်ချီးကျူးလာတဲ့ ရှီးရားယား
နွေရာသီမှာ နယူးကာဆယ်အသင်းက ရူဒီဂါကိုခေါ်ယူမယ်ဆိုတဲ့သတင်းတွေထွက်နေချိန်မှာပဲ ၊ ငှက်ကျားဂန္တဝင်ကြီး ရှီးယားရားကလည်း ချဲလ်ဆီးနောက်ခံလူကို ချီးကျူးပြောဆိုလာပါတယ်။ “ ရူဒီဂါဟာ ဒီရာသီမှာ တောက်လျှောက်ပုံစံကောင်းတွေပြသနေခဲ့တာပါ။သူက ချဲလ်ဆီးအသင်းရဲ့ ရည်မှန်းချက်တွေအတွက်အလွန်အဓိကကျတဲ့သူတစ်ယောက်ဖြစ်ပါတယ် “ လို့မှတ်ချက်ပေးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ ရူဒီဂါအနေနဲ့ လာမယ့်ရာသီမှာ ချဲလ်ဆီးအသင်းနဲ့အတူ ဆက်ရှိဖို့မသေချာတော့ပေမယ့် ပြည်တွင်းပြိုင်ဖက်အသင်းတစ်သင်းကိုတော့ ပြောင်းရွှေ့ဖွယ်မရှိဘူးလို့ ရေးသားနေကြပါတယ်။
မန်ဒီဟာ Clean Sheet ကို အပျော်သဘောနဲ့ရယူနိုင်နေတဲ့ဂိုးသမားဖြစ်ကြောင်း မာတီနက်စ်က ချီးကျူး
အက်စတွန်ဗီလာအသင်းဂိုးသမား မာတီနက်စ် က ချဲလ်ဆီးရဲ့မန်ဒီကို အကောင်းဆုံးဂိုးသမားဖြစ်ကြောင်းအခုလို ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ “ မန်ဒီလား .. သူက Clean Sheet တွေကို အပျော်သဘောနဲ့ယူနေတာဗျ .. သူက အရာအားလုံးကိုအနိုင်ရထားသူပါပဲ။ သိပ်ကောင်းတဲ့ဘောလုံးရာသီတစ်ခုကိုလဲပိုင်ဆိုင်ထားတယ်။ သူ့ရဲ့ ဘဝဖြတ်သန်းမှုကို လည်း ကျွန်တော်သဘောကျပါတယ်။ နောက်ပြီး သူရဲ့အောင်မြင်မှုတွေဟာ အပြင်းအထန်ကြိုးစားမှုတွေရဲ့ ရလဒ်တွေလဲဖြစ်ပါတယ် “ ဆိုပြီး ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
မာရက်ဇ်ကို စောင့်ကြည့်နေတဲ့ချဲလ်ဆီး
ချဲလ်ဆီးအသင်းဟာ ၂၀၂၃ ခုနှစ်မှာ မန်ချက်စတာစီးတီးနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် တောင်ပံကစားသမားမာရက်ဇ်ကို ခေါ်ယူလိုနေတယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။ ဒါ့အပြင် ပြင်သစ်ကလပ် ပီအက်စ်ဂျီကလည်း မာရက်ဇ်ကို သူတို့အသင်းရဲ့ အသက် ၃၄ နှစ်အရွယ်တောင်ပံကစားသမား ဒီမာရီယာရဲ့နေရာမှာအစားထိုးဖို့ ပြင်ဆင်နေကြောင်း Foot Mercato ကဖော်ပြလာပါတယ်။
တူရကီသူဌေးနဲ့ ချဲလ်ဆီးပိုမိုနီးစပ်လာ
ချဲလ်ဆီးအသင်းကို ဝယ်ယူဖို့ကြိုးစားနေတဲ့ ဘီလျံနာများစွာထဲကမှ တူရကီလုပ်ငန်းရှင် မာရှန်ဘေရက်ခ်ဟာ အလားအလာအကောင်းဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အင်တာဗျူးတစ်ခုမှာ ဘေရက်ခ်ဟာ သူ့ရဲ့ဆွေးနွေးမှုဟာတိုးတက်မှုတွေရှိနေတယ်ဆိုပြီး အတည်ပြုပေးခဲ့ကြောင်း Football London မှတဆင့်ပြန်လည်တင်ပြလာခဲ့ပါတယ်။
ပိုင်ရှင်သစ်အနေနဲ့ ရိုမန် ရဲ့လုပ်ပုံကိုင်ပုံတွေကို ဆက်လက်ကိုင်တွယ်ဖို့ခက်မယ်လို့ ကာရေဂါ သုံးသပ်
လီဗာပူးဂန္တဝင်ကာရေဂါက အသင်းရဲ့ ပိုင်ရှင်သစ်ဘယ်သူပဲဖြစ်ဖြစ် ရိုမန်အေဘရာမိုဗစ်လိုဖြစ်လာဖို့ကတော့ အလွန်ခဲယဥ်းကြောင်း မှတ်ချက်ပေးလာခဲ့ပါတယ်။ ကာရေဂါက အခြားပိုင်ရှင်များကလည်း အသင်းကို တူညီတဲ့မြှပ်နှံမှုတွေပြုလုပ်မှာဖြစ်ပေမယ့် ၊ အမြတ်အစွန်းကို ပြန်လည်ရယူလိုကြမှာဖြစ်ပြီး အောင်မြင်မှုအတွက်လိုအပ်သလို သုံးစွဲပေးမယ့်သူတွေဖြစ်ဖို့ခက်ကြောင်းမှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။ “ အသင်းက အရမ်းအမြတ်ရနိုင်တဲ့အသင်းမဟုတ်ပါဘူး။ လိုအပ်သလို မန်နေဂျာတွေပြောင်းလဲတယ်၊ကစားသမားသစ်တွေလဲ နေရာစုံအတွက် ခေါ်ယူမှုပြုလုပ်ပါတယ် “ ဆိုပြီး ချဲလ်ဆီးရဲ့ လုပ်ဆောင်ပုံကိုမှတ်ချက်ပြုခဲ့တာဖြစ်ပါတဘ်။
Leave a Reply