လူကာကူအတွက် အင်တာမီလန်အသင်းကို ပေးဖို့အကြွေးကျန်နေသေးတဲ့ အင်တာ
The Sun သတင်းစာရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှုးလူကာကူကို အင်တာမီလန်အသင်းကနေ ခေါ်ယူခဲ့ခြင်းအတွက် ကနဦးပေးချေမှုအဖြစ်ပေါင် ၁၉ သန်းသာ ပေးထားခဲ့ပြီး ၊ ပေါင် ၇၁ သန်းပေးချေဖို့ကျန်ရှိနေသေးကြောင်းသိရပါတယ်။ လူကာကူကို ကလပ်စံချိန်တင်ကြေး ပေါင် ၉၇.၅ သန်းနဲ့ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။
ကိုင်ဟာဗက်ဇ်ကို ယုံကြည်ကြောင်း ဂျော်ဂျင်ဟိုက အသင်း ဝက်ဘ်ဆိုက်ကနေ ထုတ်ပြောလာ
ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုက ကစားဖော်ကိုင်ဟာဗက်ဇ်ကို အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ကြောင်းထုတ်ဖော်ပြောကြားလာပါတယ်။ “ ကိုင်က တကယ့်အံ့သြစရာအစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ကစားသမားတစ်ယောက်ပါပဲ။ သူကပွဲအဖြေကိုပြောင်းလဲနိုင်တဲ့ကစားသမားမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ သူ့ကို ယုံပါတယ်။ သူရဲ့ အလားအလာတွေ အရည်အသွေးတွေက မျက်မြင်ပါပဲ။ သူက အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး ခြားနားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ် “ ဆိုပြီးပြောလာခဲ့တာဖြစ်ပါတယ်။
ပူလီဆစ်ကို ချီးကျူးရင်း ဒဏ်ရာရစာရင်းကို တူချယ်အတည်ပြုပေးခဲ့
နည်းပြတူချက်ရဲ့အတည်ပြုချက်အရ လိုင်လီနဲ့ပွဲမှာ ပူလီဆစ် ၊ အလွန်ဆို နဲ့ သီယာဂိုဆေးဗားလ်တို့ ပါဝင်နိုင်ဖွယ်ရှိပြီး အိုဒွိုင်း ၊ ဂျိမ်းစ်နဲ့ အက်စ်ပီလီကွယ်တာတို့ကတော့ အနားယူရမှာဖြစ်ပါတယ်။ ပူလီဆစ်ရဲ့ အခြေအနေနဲ့ပတ်သတ်ပြီး တူချယ်က “ သူက ခုမှပြန်ကစားနိုင်ခါစမို့ အရံခုံမှာပဲရှိနေခဲ့တာပါ။ သူပါတော့ ဖန်တီးမှုတွေ ပိုလုပ်နိုင်ခဲ့တာပေါ့ဗျာ “ လို့ပြောဆိုသွားခဲ့ပါတယ်။
ဂါဗီကိုစောင့်ကြည့်နေတဲ့အသင်းစာရင်းမှာ ချဲလ်ဆီးကို ထည့်သွင်းဖော်ပြလာတဲ့ သတင်းထောက်
စပိန်သတင်းစာ Mundo Deportive ရဲ့ ဂျာနယ်လစ် ဖာနန်ဒို ပိုလိုရဲ့ ရေးသားမှုအရ ချဲလ်ဆီးအပါအဝင် အသင်းကြီးများစွာဟာ ဘာစီလိုနာကစားသမားလေး ဂါဗီကို စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ အသက် ၁၇ နှစ်အရွယ်ကစားသမားလေးဟာ သန်း ၅၀ ခန့်တန်ကြေးရှိတယ်လို့သိရပြီး အသင်းအားလုံးထဲမှာ ဘိုင်ယန်မြူးနစ်က လှုပ်လှုပ်ရှားရှားအရှိဆုံးချဥ်းကပ်နေတာလို့သိရပါတယ်။
အသင်းက တစ်ရက်ခြင်းဖြတ်သန်းနေကြောင်း ပီတာချက် ဖွင့်ဟ
အသင်းရဲ့ ဂန္တဝင်လဲဖြစ် ၊ ဒါရိုက်တာတစ်ဦးလဲဖြစ်တဲ့ ပီတာချက်က အသင်းရဲ့လက်ရှိဖြတ်သန်းနေတဲ့အခြေအနေကို Sky Sports နဲ့တွေ့ဆုံရာမှာ အခုလိုပဲပြောကြားခဲ့ပါတယ်။
“ ကျွန်တော်တို့အပေါ်မှာ မေးခွန်းများစွာရှိနေပါတယ်။ ဒါပေမယ့် အဖြေကတော့မရှိပါဘူး။ကျွန်တော်တို့ကတော့ လုပ်လို့ရတဲ့အလုပ်တွေပေါ်မှာပဲ အာရုံစိုစိုက်ပြီး တစ်ရက်ခြင်းဖြတ်သန်းသွားပါ့မယ် “ ဆိုပြီးဖြေကြားခဲ့ပါတယ်။ ချက်က သူ့အနေနဲ့ ယူကရိန်းက စစ်ဘေးသင့်သူတွေနဲ့အတူရှိနေကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
Leave a Reply