လက်စတာကို နိုင်အပြီးမှာ မှတ်တမ်းသစ်တစ်ခုကို ရရှိသွားတဲ့ အာဆင်နယ်
လက်စတာစီးတီးအသင်းကိုနိုင်ခဲ့တဲ့ပွဲအပြီးမှာ အာဆင်နယ်အသင်းဟာ ၁၁ ပွဲကစားပြီး အမှတ်အများဆုံးစုဆောင်းနို်င်တဲ့အသင်းတစ်သင်းဖြစ်လာခဲ့ပါတယ်။ ငါးပွဲဆက်အနိုင်အဖြစ် မြေခွေးတို့ကိုအနိုင်ရပြီးတဲ့နောက် အမြင့်ဆုံးရရှိနိုင်တဲ့ ၃၃ မှတ်အနက် ၂၉ မှတ်အထိ ဂန်းနားတို့ဟာ စုဆောင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အခြားသောလန်ဒန်ကလပ် ချဲလ်ဆီးဟာလည်း နယူးကာဆယ်ကိုအနိုင်ရပြီး ငါးပွဲဆက်အနိုင်မှတ်တမ်းကိုရရှိထားပါတယ်။
အိုဒီဂတ်ခြေစွမ်းပြလာခြင်းအတွက် ကစားသမားကိုရော အသင်းကိုပါ ချီးကျူးတဲ့ ဟက်ဆယ်ဘိန့်ခ်
ချဲလ်ဆီးအသင်းရဲ့ ဂန္တဝင်ကစားသမားဖြစ်တဲ့ ဂျင်မီဖလွိုက်ဟက်ဆယ်ဘိန့်က မာတင်အိုဒီဂတ်အပေါ်မှာ ယခုလိုပဲမှတ်ချက်ပေးခဲ့ကြောင်း Football London ကဖော်ပြလာပါတယ်။
“ အသက် ၁၆ နှစ်အရွယ်ကတည်းက ရီးရဲလိုအသင်းနဲ့အတူ ဖိအားတွေခံခဲ့ရတယ်။ မက်ဒရစ်မှာကစားရတဲ့ လူငယ်လေးတွေက ဘာအမှားမှ လုပ်ခွင့်မရှိပါဘူး။ သူတို့အတွက် သိပ်ခက်ခဲတဲ့ ယှဥ်ပြိုင်မှုတွေပြုလုပ်ခဲ့ကြရတာပါ။ အိုဒီဂတ်က ရီးရဲမှာ အစွမ်းပြဖို့ ခက်ခဲ ခဲ့တယ်။ ဒီလိုနဲ့အာဆင်နယ်ရောက်လာတယ်။ စစရောက်ချင်းမှာ အိုဒီဂတ်အခုလောက်အစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အသင်းနဲ့ကစားသမားကြား အပြန်အလှန်ယုံကြည်မှုနဲ့အတူ ဒီနေ့အခြေအနေရောက်လာတယ်။ လူငယ်တစ်ယောက်အနေနဲ့ အများတွေကနေ ပိုကောင်းအောင်ကြိုးစားခဲ့တာပါပဲ “ လို့ အသေးစိတ်ပြောပြသွားခဲ့ပါတယ်။
သူ့လက်ထက်က အမှားအချို့ကို ဝင်းဂါးဝန်ခံလာ
အာဆင်ဝင်းဂါးဟာ သူ့လက်ထက်တုန်းက ဖာဘရီဂတ်စ် ၊ အက်ရှ်လေကိုးတို့နဲ့ပတ်သတ်ပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက်အချို့ကို ချခဲ့မိကြောင်းအခုလိုပြောပြလာပါတယ်။
“ ပြောရမယ်ဆိုရင် ကစားသမားတစ်ယောက်က ၇-၈-၉ နှစ်လောက်အထိအသင်းအတွက်ကစားပေးလေ့ရှိကြပါတယ်။ ပြီးရင်တော့အသင်းပြောင်းတာပေါ့။ ဖာဘရီဂတ်စ်တို့လို လူငယ်မျိုးဆက်ကျတော့ အကြာကြီးထိမ်းရခက်ပါတယ်။ သူပြောင်းသွားမှာကို ကျွန်တော်တို့သိပါတယ်။ အက်ရှ်လေကိုး ကိုထွက်ခွာခွင့်ပေးမိတာကတော့ ကျွန်တော်တို့ မှားသွားခဲ့တယ်လို့ထင်တယ်ဗျာ။ သူက အသင်းအတွက် ၁၀နှစ်လောက်ကစားပေးပြီးထားသူဖြစ်ပါတယ်။ ဖာဘရီဂတ်စ်ကတော့ ဘာကာကို ပြန်ပြောင်းချင်တာကို ကျွန်တော်သိပါတယ် “ ဆိုပြီးပြောသွားခဲ့တာဖြ်ပါတယ်။
ပါတေးကို အလေးအနက်ချီးကျူးလာတဲ့ ရွိုင်ကိန်း
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ကွင်းလယ်လူပါတေးရဲ့ အရေးပါမှုကို အခုလိုပဲထုတ်ပြောလာခဲ့ပါတယ်။
“ လာမယ့်နှစ်အနဲငယ်အတွင်းမှာ အသင်းရဲ့ အရေးအကြီးဆုံးကစားသမားဖြစ်လာပါလိမ့်မယ်။ ပါတေးက အသင်းကြီးတွေနဲ့လည်းတူတူကစားခဲ့ဖူးပြီးသားပါ။ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုလိုအပ်နေတဲ့ အာဆင်နယ်ကွင်းလယ်မှာ သူဘယ်လောက်ကောင်းအောင်ကစားပြနေတယ်ဆိုတာ အားလုံးအမြင်ပါပဲ၊ သူသာကြံခိုင်မှုပြည့်နေရင် ဘယ်လောက်ထိစွမ်းမယ့်သူလဲဆိုတာ ကျွန်တော့်အနေနဲ့သံသယလုံးဝမရှိပါဘူး “ လို့ပြောလာခဲ့တာပါ။
ကော်တင်ဟိုကို ပြန်လည်ပစ်မှတ်ထားလာတဲ့ အာဆင်နယ်
အာဆင်နယ်အသင်းဟာ ဗီလာအသင်းမှာကစားနေတဲ့ ကွင်းလယ်လူကော်တင်ဟိုကို ပြန်လည်ပစ်မှတ်ထားလာတယ်လို့ စပိန်သတင်းစာ Fichajes ကဖော်ပြလာပါတယ်။ ကော်တင်ဟိုဟာ ဗီလာအတွက် ၉ ပွဲကစား ပြီးချိန်မှာ ၄ ဂိုးသွင်း ၃ဂိုးဖန်တီးပေးထားနိုင်တာလဲဖြစ်ပါတယ်။ ဘရာဇီးသားကို နယူးကာဆယ်အသင်းကလဲ စောင့်ကြည့်နေပြီး ခေါ်ယူလိုတဲ့အသင်းကတော့ လစာကြေးကြီးကြီးပေးရနိုင်တယ်လို့သိရပါတယ်။
Leave a Reply