လီဗာပူးလ် ဂန္တ၀င်ကစားသမားဟောင်းဖြစ်သူ ဂျင်မီကာရေဂါက အာတီတာအနေနဲ့ လီဗာပူးလ်နဲ့ ရင်ဆိုင်ရတဲ့အခါ တိုက်စစ်ကို အလွန်အကျွံမလိုက်ပါပဲ လျှော့ကစားဖို့ အကြံပေးခဲ့ပါတယ်။ လီဗာပူးလ်နဲ့အာဆင်နယ်နှစ်သင်းစလုံးဟာ ပုံစံကောင်းတွေ ပြသနေခဲ့ ပြီး အာဆင်နယ်က ပရီးမီးယားလိဂ် နောက်ဆုံး ငါးပွဲဆက်အနိုင်ရထားသလို လီဗာပူးလ်ကလည်း ၂၀၂၂မှာ လုံး၀ ရှုံးပွဲမရှိသေးပါဘူး။ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ အာဆင်နယ်ပြသခဲ့တဲ့ ခြေစွမ်းတွေနဲ့ပတ်သက်ပြီးလည်း ကာရေဂါက ချီးကျူးခဲ့ပါတယ်။
Sky Sportsရဲ့ အားကစားအစီအစဉ်တင်ဆက်မှုမှာ ကာရေဂါက ခုလိုပြောလာခဲ့ပါတယ်။
“အိုဒီဂတ်ရဲ့ တိုက်စစ်ဆင်ကစားတာကို ကျွန်တော်ကြည့်ချင်ပါတယ်၊ပြီးတော့ ရှာကာကလည်း ပါတေးကို တိုက်စစ်လိုက်ပါနိုင်ဖို့ လွတ်လွတ်လပ်လပ်ကစားစေတာကိုရောပေါ့။အိုဒီဂတ်ဟာ မာတင်နယ်လီနဲ့တွဲဖက်ထားရင် တိုက်စစ်ဆင်တဲ့ စက်တစ်လုံးလိုပါပဲ။”
“သူတို့ဟာ တကယ်ကို တိုက်စစ်ကစားတတ်တဲ့ အသင်းဖြစ်ပြီး ရှာကာက တစ်ပွဲကို ၁၁ကီလိုမီတာလောက်ပြေးပြီး နေရာလွတ်တွေကို ဖြည့်ပေးနေရပါတယ်။”
“တစ်ခါတစ်လေမှာတော့ ဒီလိုမျိုးရှေ့အရမ်းတက် တိုက်စစ်ဆင်တာ မကောင်းပါဘူး။ပါတေးရဲ့ ကွင်းလယ်နေရာမှာ နေရာလွတ်တွေဖြစ်နေတာ တွေ့ရမှာပါ။လီဗာပူးလ်နဲ့ပွဲစဉ်မှာ တိုက်စစ်ဆင်ကစားတဲ့အခါ ဒီအချက်ကို သူတို့ သတိပြုရပါမယ်”
“ဒါကို သူတို့စိတ်ထဲမှာ မှတ်သားထားသင့်ပါတယ်။ဒါပေမယ့် အာဆင်နယ်ဟာ ကွင်းလယ်မှာ ပြိုင်ဘက်ကို လှည့်စားကျော်ဖြတ်ကစားတာလေးတွေကောင်းတာ ကျွန်တော်တွေ့နေရပါတယ်”
အာဆင်နယ်နဲ့ လီဗာပူးလ်တို့ရဲ့ အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားကြတာကို ယနေ့ည (ကြသပတေးနေ့မနက် ၂နာရီ၄၅မိနစ်)မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Leave a Reply