အိုဒီဂတ်ကို ၃၅ သန်းနဲ့ရောင်းတာ ရီးရဲ ရဲ့အမှားလို့ နာမည်ကျော်စပိန်သတင်းထောက် ဝေဖန်
Fichajes သတင်းဌာနရဲ့ ဆောင်းပါးရေးသားသူ ဟက်တာအင်ဒရေက မက်ဒရစ်အသင်းအနေနဲ့ အိုဒီဂတ်နဲ့ပတ်သတ်ပြီး မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချခဲ့မိကြောင်းရေးသားလာခဲ့ပါတယ်။ “ အိုဒီဂတ်အတွက် အာဆင်နယ်ပေးခဲ့ရတဲ့ ပေါင် ၃၅ သန်းဆိုတာ သိပ်တန်တယ်ဗျာ.. ကစားသမားက အခုတင် ၄၅ သန်းလောက်တန်နေပြီ။ ဒီရာသီမှာ အိုဒီဂတ်က အကြီးအကျယ်ခြေစွမ်းပြနေတာပါ။ ၅ဂိုးသွင်းပြီး ၄ ဂိုးဖန်တီးတယ်ဆိုတာ ခနထားလိုက်ဦးဗျာ။ ကွင်းထဲမှာလဲ ပြိုင်ဖက်အတွက် အန္တရာယ်သိပ်ရှိတဲ့ကစားသမားတစ်ယောက်ပါ။ သူကို ယုံကြည်မှုမပေးခဲ့တာ မက်ဒရစ်ရဲ့ အမှားပါပဲ “ လို့ပြောသွားခဲ့တာဖြစ်ပါတယ်။
ဆာလီဘာကို စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိနေ
Football London ရဲ့ဖော်ပြချက်အရ အာဆင်နယ် အသင်းဟာ အသက် ၂၀အရွယ်လူငယ်ကစားသမား ဆာလီဘာရဲ့ အခြေအနေကို ပြန်လည်သုံးသပ်နေပြီးရာသီကုန်မှာစာချုပ်သစ်အတွက်ကမ်းလှမ်းမှာဖြစ်တယ်လို့ သိရပါတယ်။ ဆာလီဘာရဲ့ စာချုပ်က ၂၀၂၄ ခုနှစ်အထိကျန်သေးပေမယ့် အသင်းရဲ့ အနာဂတ်အစီအစဥ်ထဲမှာ ထည့်သွင်းထားတယ်ဆိုရင်တော့ တစ်စုံတစ်ခုကို ဆုံးဖြတ်ချက် ချရမှာဖြစ်ပါတယ်။
ပီအက်စ်ဂျီရဲ့ လျာထားနည်းပြစာရင်းမှာ အာတီတာပါဝင်နေ
ရလဒ်တွေမကောင်းလို့ ရာထူးအခြေအနေယိမ်းယိုင်နေတဲ့ ပိုချက်တီနိုရဲ့နေရာအတွက် လျာထားစာရင်းမှာ နည်းပြ အာတီတာလဲပါဝင်နေတယ်လို့ Football London ကဖော်ပြလာပါတယ်။ အာတီတာဟာ လန်ဒန်အသင်းမှာ စာချုပ်သက်တမ်း ၁ နှစ်ကျော်ကျန်သေးပြီး ရာသီကုန်မှာ ပိုမိုမြင့်မားတဲ့ တန်ကြေးနဲ့ စာချုပ်သစ်ချုပ်မယ်လို့ သိရပါတယ်။
ဘိုရိုအတွက် ဂိုးထပ်သွင်းတဲ့ ဘာလိုဂန်
မစ်ဒယ်ဘရော့အသင်းမှာအငှားနဲ့ကစားနေတဲ့ လူငယ်တိုက်စစ်မှုး ဘာလိုဂန်ဟာ ဘာမင်ဂမ်အသင်းကို ၂ – ၀ နဲ့နိုင်ခဲ့တဲ့ပွဲမှာ ထပ်မံဂိုးသွင်းယူနိုင်ခဲ့ပြီး ၊ သူ့ရဲ့ ဘိုရိုအတွက် ဒုတိယမြောက်ဂိုးလည်းဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ သွင်းဂိုးကြောင့် ဘိုရိုတို့ဟာ ၂ – ၀ နဲ့ဦးဆောင်နိုင်ခဲ့ပြီး သွင်းယူခဲ့ပုံကလည်း အဆင့်အတန်းရှိတဲ့ အနေအထားဖြစ်ကြောင်း သတင်းများက ရေးသားနေကြပါတယ်။
ကစားသမားသစ် ၃ ဦးခေါ်ယူပေးဖို့ ခရွန်ကီကို အာတီတာတိုက်ရိုက်တောင်းဆိုခဲ့တယ်လို့ သတင်းများကဖော်ပြနေ
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အာတီတာနဲ့ စတန်ခရွန်ကီတို့ တွေ့ဆုံစဥ်တုန်းက အသင်းအတွက် ကစားသမား ၃ ဦးခေါ်ယူအားဖြည့်ပေးဖို့ အာတီတာဖက်က တောင်းဆိုခဲ့တယ်လို့ Football London ကို ကိုးကားပြီး Express UK ဖော်ပြလာပါတယ်။ အဆိုပါ ၃ ဦးမှာ တိုက်စစ်မှုး ၂ ဦးနဲ့ ကွင်းလယ်ကစားသမား ၁ ဦးဖြစ်တယ်လို့ သိရပါတယ်။ ခန့်မှန်းရေးသားနေကြတဲ့ ကစားသမားစာရင်းမှာ ဒေးဗစ် ၊ အီဆက် ၊ လိဒ်အသင်းရဲ့ ဖိလစ်နဲ့ စိန့်ရဲ့ ဝက်ပရောက် တို့ပါဝင်နေတယ်လို့ သိရပါတယ်။
Leave a Reply