Post Match – အရေးကြီးတဲ့ ၃ မှတ်ကိုအရယူနိုင်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်တို့ဟာ ဗီလာပါ့ခ်မှာ  အိမ်ရှင်အက်စတွန်ဗီလာအသင်းကို ၀ – ၁ နဲ့အနိုင်ရပြီး ပြီးခဲ့တဲ့ပွဲစဥ်က အရှုံးကိုပြန်လည်ကုစားနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အာဆင်နယ်တို့ဘာတွေကောင်းခဲ့လဲ ၊ ဘာတွေလိုအပ်ချက်ရှိခဲ့သလဲဆိုတာကိုပြန်ပြီးသုံးသပ်ကြည့်ရအောင်ပါ။

ပွဲအစမှာ ဂိုးသမား ရမ်းစ်ဒေးလ်နဲ့ တိုက်စစ်မှုးမာတင်နယ်လီတို့ မပါဝင်ခဲ့တာကြောင့် မမြင်ရတာကြာပြီဖြစ်တဲ့ လီနို နဲ့  စမစ်ရိုးတို့ပါဝင်ကစားခဲ့ကြပါတယ်။ ဒါပေမယ့် အာဆင်နယ်တို့ရဲ့ အသင်းလိုက်ကစားပုံဟာ အထွေအထူးပျက်ယွင်းခြင်းတော့မရှိပဲ လိုအပ်တဲ့အရာတွေကိုတော့ အရယူနိုင်ခဲ့ပါတယ်။

အက်စတွန်ဗီလာဖက်ကလဲ form မိနေတဲ့ကစားသမားတွေအကုန်ပါဝင်လာခဲ့ပြီး ကွင်းလယ်စုဖွဲ့မှုအားကောင်းကောင်းနဲ့ အာဆင်နယ်ကိုရင်ဆိုင်လာခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အထူးချီးကျူးရမှာက  Pressing  ကောင်းကောင်းလုပ်နိုင်ခဲ့တဲ့ လာကာဇက် ၊ ဆာကာနဲ့ စမစ်ရိုးတို့ လိုရှေ့တန်းသမားတွေရယ်  ကွင်းလယ်က ပါတေးရယ်ကိုပဲဖြစ်ပါတယ်။ သူတို့ဟာ  အင်အားတောင့်တင်းတဲ့ ဗီလာကွင်းလယ်ကို Passing Option တွေမရှိသလောက်နဲပါးသွားစေပြီး ဗီလာတိုက်စစ်ကိုသေစေခဲ့ပါတယ်။ ဒေါက်ကလပ်လူးဝစ် ၊ ကူတင်ညိုနဲ့ ဘွန်ဒီယာတို့ဟာ ကစားကွက်တည်ဖို့ ကြိုးစားရင်းအချိန်ကုန်ခဲ့ကြပါတယ်။ ဒါကြောင့် ဗီလာတို့ဟာ ပွဲချိန်အများစုမှာ Direct Pass တွေနဲ့ တန်ပြန်တိုက်စစ်က Long Through Ball တွေကို အားပြုခဲ့ရပါတယ်။

ဒီအခြေအနေကိုလည်း အာဆင်နယ်ဖက်က အများစု ထိမ်းကျောင်းနိုင်ခဲ့သလို ၊ လွတ်ထွက်သွားခဲ့အချိန်အချို့မှာလည်း ဗီလာဖက်ကလည်း မကြာခန Balance Out ဖြစ်နေတဲ့အတွက်  အာဆင်နယ်တသင်းလုံးက ပိတ်ဆို့ထားနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အာဆင်နယ်အသင်းရဲ့ အသင်းလိုက်ကစားပုံကိုပြောရမယ်ဆိုရင် Mini Diamond တွေ  Square Position  တွေကို များစွာဖန်တီးခဲ့ပြီး  ဗီလာရဲ့ Defense Line ကိုဖောက်ထွက်ဖို့ကြိုးစားခဲ့ကြပါတယ်။ ဒီတစ်နည်းထဲကိုသုံးခဲ့ကြတာတော့မဟုတ်ပေမယ့် အချိန်အများစုမှာအသုံးပြုခဲ့ပြီး အဆင်မပြေမှသာ  Side Change တို့ Overlap တို့ကိုသုံးခဲ့ကြပါတယ်။

ဒါပေမယ့်  တကယ်ဂိုးရသွားတာကတော့ ဆာကာ က နောက်တန်းကနေ Overlap တက်လာတဲ့ ဆဲဒရစ်ကို ချပေးရာကနေ  ၊ ဆဲဒရစ်ရဲ့ဖြတ်တင်ဘောကြောင့် ဗီလာနောက်တန်းပုံပျက်နေတုန်း  ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။ ဆာကာ ဟာ ပွဲတိုင်းလိုလိုမှာ ထိုးဖောက်မှုရော ၊ ဂိုးသွင်းမှုတွေပါပြုလုပ်နိုင်နေပြီဖြစ်ပြီး  သူ့ကို​ပိုပြီးကောင်းမွန်တဲ့အဆင့်မှာ မြင်ရဖို့အတွက်လည်း သိပ်မကြာတော့ဘူးလို့ ယူဆရပါတယ်။ ခြေစွမ်းတည်ငြိမ်ဖို့နဲ့ အဆုံးသတ်ပိုင်းတိုးတက်မှုကို မြန်မြန်ယူဆောင်နိုင်လေလေ ၊ နောက်တစ်ဆင့်ကို မြန်မြန်ရောက်လေလေဖြစ်ပါတယ်။

စမစ်ရိုးဟာလည်း ပြန်လည်ကစားနိုင်ချိန်မှာ ထိရောက်တဲ့ဖိအားပေးမှုတွေကို ပြုလုပ်ပြနိုင်ခဲ့သလို ၊ သူ့ရဲ့ Class တစ်ခုကိုလည်းပြသနိုင်ခဲ့ပါတယ်။ အားအနဲဆုံးနေရာကတော့ လာကာဇက်ရဲ့ ဗဟိုထိုးစစ်ဖြစ်ပြီး  ကန်သွင်းမှုရော ၊ ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာပါ အားနဲခဲ့ပါတယ်။ စိတ်ဓါတ်ကောင်းမွန်မှု ၊ တစ်ကွင်းလုံးကို လိုအပ်သလို လိုက်ကစားပေးနိုင်မှုတို့နဲ့ ပြန်လည်ဖာထေးပေးနိုင်ခဲ့ပေမယ့် သူ့ Function ကိုတော့ ကောင်းစွာလုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။

ရမ်းစ်ဒေးလ်နေရာမှာ ဝင်ပေးရတဲ့ ယခင်က ဦးစားပေးဂိုးသမား လီနိုကလည်း Traditional Keeper ဖြစ်တာကြောင့် Sweeper Function ပိုင်းတွေမှာအားနဲခဲ့ပါတယ်။ ဒါပေမယ့်  နောက်ဆုံးမိနစ် ကူတင်ညို ရဲ့  ကန်သွင်းချက်ကိုတော့ အကောင်းဆုံးကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒီကာကွယ်မှုကလည်း အာဆင်နယ်ရဲ့ အနိုင်ပွဲကိုပုံဖော်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဗီလာတို့ရဲ့ဖြတ်တင်ဘောတွေဟန်ချက်ပျက်နေခဲ့တာ ၊  အဆုံးသတ်ကန်ချက်တွေမှာ  လိုအပ်သလောက်မကောင်းခဲ့တာကလဲ  အာဆင်နယ်တို့ အနိုင်ရဖို့အတွက် ကံကောင်းစေခဲ့ပါတယ်။  ထိုနည်းတူစွာပဲ အာဆင်နယ်ဟာ တိုက်စစ်မှုးကောင်းကောင်းသာရှိခဲ့ရင် အခုထက်ပိုဂိုးရနိုင်ခြေလည်းများခဲ့ပါတယ်။

တစ်ပွဲလုံးကိုခြုံပြောရရင်တော့ အာဆင်နယ်တို့ဟာ  အကောင်းဆုံးပုံစံနဲ့အနိုင်ရခဲ့တာမဟုတ်ပေမယ့်  ၊ အသင်းလိုက်စုစည်းအားနဲ့ နည်းစနစ်ပိုင်းအရအသာစီးရမှုတို့ပေါင်းစပ်ပြီး အလွန်အရေးကြီးတဲ့ ၃ မှတ်ကိုရယူထားနိုင်ဆဲဖြစ်ပါတယ်။  တစ်ပွဲပြီးတစ်ပွဲကိုယ်ဘာလုပ်မယ်ဆိုတာကို ပိုင်နိုင်လာတဲ့တိုက်စစ်ပိုင်းနဲ့  တစ်ဖက်အသင်းကို Passing Lane တွေမပေးရအောင်ကိုတင်ဖျက်ထုတ်နိုင်တဲ့ Pressing  ပိုင်းဟာ ဒီနိုင်ပွဲမှာ အဓိကကျခဲ့တယ်ဆိုရပါမယ်။ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အချို့ကတော့မေးခွန်းထုတ်စရာဆိုပေမယ့်  မထူးဆန်းတော့တဲ့အကြောင်းအရာပဲဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့ရပေမယ့် လက်စတာနဲ့ ဗီလာတို့ဆီက ၆ မှတ်အရယူနိုင်ခဲ့ခြင်းဟာ ချန်ပီယံလိဂ်အိမ်မက်ကို ပိုမိုအားကောင်းစေတယ်လို့ဆိုရပါလိမ့်မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: