သွားရမယ့်ခရီးက အဝေးကြီးကျန်ပါသေးတယ် – ပီအိုလီ

ဇယားထိပ်ကနေ လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်နိုင်ခဲ့ပေမယ့် အေစီမီလန်နည်းပြ ပီအိုလီက  အသင်း ၄ သင်းစလုံးက ချန်ပီယံဆုအတွက်ရေပန်းစားနေဆဲဖြစ်တယ်လို့ ဆိုလာပါတယ်။  မီလန်တို့ဟာ ကာဂလီယာရီကို  ၀ – ၁ နဲ့အနိုင်ရခဲ့အပြီးမှာ  စီးရီးအေအမှတ်ပေးဇယားအဆင့် ၁ မှာ ရပ်တည်နိုင်နေတာဖြစ်ပါတယ်။

“  ပွဲစဥ်တိုင်းက အဆုံးအဖြတ်ဖြစ်လာခဲ့ပါပြီ။  အသင်းရဲ့ကစားပုံကို ကျွန်တော်ကြိုက်ပါတယ်။ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် တကယ့်ကို အရည်အသွေးမြင့်မြင့်နဲ့ကစားနိုင်ခဲ့တာပါ။  ကာဂလီယာရီအသင်းဟာ ကျွန်တော်တို့ကို အတော်လေး ဒုက္ခပေးနိုင်ခဲ့တာပ၊ ဒါပေမယ့် ရည်မှန်းချက်ကြီးတဲ့အသင်း ၂ သင်းထိပ်တိုက်တွေ့ပြီဆိုရင်တော့ ဒီလိုစိန်ခေါ်မှုတွေရှိကြတာပါပဲ “  လို့ ပွဲအပြီးမှာပြောခဲ့ပါတယ်။

ကွင်းလယ်လူ ဘန်နက်ဆာဟာ ဒီအနိုင်ပွဲအတွက်သူရဲကောင်းဖြစ်ခဲ့ပြီး ပီအိုလီက အခုထက်ပိုပြီး ရလဒ်ကောင်းတွေကို ဖန်တီးနိုင်သေးတယ်လို့ သူ့အသင်းအပေါ်မှာယူဆနေပါတယ်။

“ ကျွန်တော်တို့အခုထက်ပိုပြီး ဂိုးတွေသွင်းယူနိုင်ပါသေးတယ်။  အခွင့်အရေးတွေလဲရခဲ့ပါသေးတယ်။ ဒါပေမယ့် အရေးအကြီးဆုံးက နိုင်ဖို့ပါပဲ “ ဆိုပြီးဖြည့်စွက်ပြောကြားခဲ့တာပါ။   အေစီမီလန်တို့ဟာ အိုလီဗာဂျီရူးရဲ့ ပင်နယ်တီ ဧရိယာထဲကအပိုင်ကန်ချက်  ၊တိုင်ထိထွက်ခဲ့တဲ့ ကက်ဆိုင်းရဲ့ ကန်ချက်တို့အပါအဝင် အခွင့်အရေးများစွာရခဲ့ပေမယ့် ဘင်နက်ဆာရဲ့ မြေမကျ ကန်ချက်တစ်ကြိမ်ကသာ ဂိုးဖြစ်သွားခဲ့တာပါ။ ပွဲကိုတော့ မီလန်သားတွေအကောင်းဆုံးစိုးမိုးနိုင်ခဲ့ပါတယ်။

ဆုဖလားနဲ့ဝေးကွာနေတာကြာပြီဖြစ်တဲ့ မီလန်အတွက် အားလုံးက မျှော်လင့်ချက်တွေကြီးနေကြတယ်ဆိုပေမယ့် ပီအိုလီကတော့  သွားရမယ့် ခရီးဝေးသေးတယ်လို့ ပြောဆိုလာပါတယ်။

“  ကျွန်တော်တို့ ကောင်းကောင်းကစားနေကြပါတယ်။  ဒါပေမယ့် အသင်း ၄ သင်းလောက်က စကူဒက်တို ချန်ပီယံဖြစ်နိုင်ကြပါသေးတယ်။  အရှည်ကြီးတွေကိုမတွေးချင်ပါဘူး။ သွားရမယ့်ခရီးတွေ ၊​ရင်ဆိုင်ရမယ့်အရာတွေက အများကြီးပါပဲ။ ကျွန်တော်တို့က ကိုယ်လုပ်စရာရှိတာကိုပဲ အာရုံစိုက်ဖို့လိုပါတယ် “ ဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။

အမှတ်ပေးဇယားရပ်တည်မှုအရတော့  မီလန် ၊ နာပိုလီ ၊ အင်တာနဲ့ ဂျူဗီတို့ကြားမှာ  ၁၀ မှတ်သာကွာဟနေပြီး  အမှတ်နဲနေတဲ့ အင်တာနဲ့ ဂျူဗီတို့မှာလည်းပွဲကျန် ၁ ပွဲစီသာရှိသေးလို့ ပန်းအဝင်မှာရင်ခုံစရာကောင်းလာပြီဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: