သူ့ရဲ့ ကစားပုံနဲ့ကိုက်ညီတဲ့အသင်းသစ်တစ်သင်းကို ပြောင်းချင်နေတဲ့ လူကာကူ
Football Insider ရဲ့ဖော်ပြချက်အရ တိုက်စစ်မှုးလူကာကူဟာ သူ့ရဲ့ကစားဟန်နဲ့ကိုက်ညီတဲ့ အသင်းသစ်တစ်သင်းဆီကိုပြောင်းရွှေ့ကစားလိုနေတယ်လို့ သိရပါတယ်။ ဒီရာသီမှာ ပြသနာများစွာကြုံခဲ့ရတဲ့လူကာကူဟာ ရာသီအစတုန်းကရရှိခဲ့တဲ ခြေစွမ်းတွေကို ပြန်လည်မရရှိသေးပဲ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ နည်းပြတူချယ်ကလည်းတိုက်စစ်နေရာမှာ ကိုင်ဟာဗက်ဇ်ကို ပဲ ဆက်တိုက်အသုံးပြုနေခဲ့ပြီးကစားသမားကလည်း နောက်ဆုံး ၈ ပွဲမှာ ၈ ဂိုးထိသွင်းယူထားနိုင်ပါတယ်။
မူဆွန်ဒါကို အီတလီမြေဆီခေါ်ချင်နေတဲ့ မော်ရင်ဟို
ရိုးမားနည်းပြမော်ရင်ဟိုဟာ ချဲလ်ဆီးအသင်းအတွက် လစာမယူပဲကစားပေးချင်တယ်လို့ပြောဆိုခဲ့တဲ့ လူငယ်လေး မူဆွန်ဒါကို အီတလီမြေသို့ခေါ်ယူဖို့စိတ်ဝင်စားနေကြောင်း Goal ကဖော်ပြလာပါတယ်။ အဆိုပါ လူငယ်လေးဟာ ချဲလ်ဆီးနဲ့အတူ ၁၀ နှစ်တာဖြတ်သန်းခဲ့ပြီးဖြစ်ပေမယ့် ပထမကစားသမားဖြစ်မလာခဲ့သလို ဒဏ်ရာလဲဖိစီးခဲ့တာကြောင့် အသင်းဖက်ကစာချုပ်သစ်ဆက်မချုပ်တော့ဖို့ ဆုံးဖြတ်ထားတဲ့ကစားသမားလေးဖြစ်ပါတယ်။
ချူမန်နီကို လီဗာပူးလ်ကလဲ စောင့်ကြည့်လာနေ
မိုနာကိုအသင်းရဲ့လူငယ်လေး ချူမန်နီကို စိတ်ဝင်စားနေတဲ့အသင်းထဲမှာ လီဗာပူးလ်လဲ ပါဝင်လာပြီဖြစ်ကြောင်း Foot Mercato သတင်းဌာန ကဖော်ပြလာပါတယ်။ အသက် ၂၂ အရွယ် ပြင်သစ်လူငယ်လေးနဲ့ သတင်းအထွက်ဆုံးအသင်းက ချဲလ်ဆီးဖြစ်ခဲ့ပြီး ဂျူဗင်တပ်စ် ၊ ပီအက်ဂျီ နဲ့ ရီးရဲတို့ကလဲ အပြိုင်စောင့်ကြည့်နေကြတယ်လို့သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ အဆိုပါသတင်းရဲ့ဖော်ပြချက်အရတော့ ကစားသမားရဲ့ပြောင်းရွှေ့ကြေးဟာ ပေါင် ၄၂ သန်းခန့်အနဲဆုံးရှိမှာဖြစ်ကြောင်းရေးသားထားပါတယ်။
ဂယ်လက်ဂါကို စီးရီးအေဖက်ကပါ စောင့်ကြည့်နေ
ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့အတူခြေစွမ်းပြနေတဲ့ ကွင်းလယ် ကစားသမားလေး ကော်နာဂယ်လက်ဂါကို ခေါ်ယူဖို့အတွက် ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်တို့ကလဲ စောင့်ကြည့်နေကြပြီဖြစ်ကြောင်း သတင်းတွေကဖော်ပြလာကြပါတယ်။ The Sun ရဲ့ဖော်ပြချက်အရ နယူးကာဆယ်အသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းဖွယ်ရှိတယ်လို့သိရပြီး ၊ Team Talk ကတော့ အဲဗာတန်အသင်းက ခေါ်ယူလိုနေတာဖြစ်တယ်လို့ ရေးသားထားပါတယ်။ ကစားသမားရဲ့တန်ကြေးကိုတော့ သန်း ၅၀ ဝန်းကျင်ခန့်ရှိတယ်လို့ ဖော်ပြထားကြတာပါတယ်။
အပြောင်းအလဲတစ်ခုခုဖြစ်ပြီး အသင်းနဲ့ဆက်လက်ညှိနှိုင်းဖို့မျှော်လင့်နေဆဲ ရူဒီဂါ
ချဲလ်ဆီးအသင်းကို ချမှတ်ထားတဲ့ကန့်သတ်ချက်တွေကြောင့်သေချာပေါက်အသင်းပြောင်းရဖို့ရှိနေတဲ့ ရူဒီဂါဟာ အခြေအနေတစ်ရပ်အပြောင်းအလဲတစ်ခုခုကြောင့် ချဲလ်ဆီးနဲ့သာ ဆွေးနွေးမှု ပြန်လည်စတင်ဖို့ မျှော်လင့်နေဆဲဖြစ်တယ်လို့ Goal ကဖော်ပြလာပါတယ်။ လက်ရှိအနေအထားမှာတော့ ရီးရဲ ၊ ဘိုင်ယန် ၊ ဂျူဗီနဲ့ မန်ချက်စတာယူနိုက်တက်တို့က အလွတ်နဲ့ခေါ်ယူနိုင်ဖို့ အနီးကပ်စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ ရူဒီဂါဟာ ဒီရာသီမှာ ချဲလ်ဆီးအတွက် မိနစ်အများဆုံးကစားပေးထားသူဖြစ်ပါတယ်။
Leave a Reply