ချဲလ်ဆီးအတွက်ရဲဘော်ရဲဖက်ကောင်းများ

ပြီးခဲ့တဲ့အပတ်  ချန်ပီယံလိဂ်ပွဲမတိုင်ခင်တုန်းက ပြင်သစ်မှာသွားကစားခါနီးမှာ ခရီးသွားဖို့အရေး ပြသနာတက်ကြပါသေးတယ်။ ဒီတော့နည်းပြတူချယ်က လိုအပ်ရင် သူကိုယ်တိုင်ကားမောင်းပြီးပို့မယ်ဆိုပြီးပြောပါတယ်။ ဒါ့အပြင် “ ခရီးစရိတ်မရှိရင် ကျွန်တော်စိုက်ပေးလိုက်မယ်ဗျာ “  လို့  ကွင်းလယ်တိုက်စစ်သမား ကိုင်ဟာဗက်စ်ကလည်း ပြောလိုက်ပါတယ်။​ ဒီစကားတွေဟာ စိတ်တိုလာလို့ပြောတာဖြစ်နိုင်သလို  ချဲလ်ဆီးနဲ့အတူဖြတ်သန်းရင်း  နှလုံးသားပါ တသားထဲဖြစ်သွား တာလဲဖြစ်နိုင်ပါတယ်။ 

တူချယ်ဟာ ရာသီကုန်အထိ အသင်းကိုဆက်လက်ဦးဆောင်သွားမှာဖြစ်ကြောင်းပြောဆိုပြီး ပရိတ်သတ်တွေကို စိတ်အေးစေခဲ့ပါတယ်။ ထိုအချိန်တုန်းက ချဲလ်ဆီးရဲ့အနေအထားက လက်တွဲဖော်ပါတနာတွေရဲ့ စွန့်ခွာမှုကို ဆက်တိုက်ကြုံနေရချိန်ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ Trivago ရဲ့ဆက်လက် လက်တွဲမှုကိုရရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ အမေရိကန်လုပ်ငန်း Raine Group ရဲ့ ဦးဆောင်မှုနဲ့အတူ ပိုင်ရှင်သစ်ကိုအမြန်ဆုံးရှာဖွေနေပြီလို့သိရပါတယ်၊။  ဒီဆောင်းပါးမှာတော့ အသင်းရဲ့အားကိုးရတဲ့ကစားသမား ဟာဗက်ဇ် အကြောင်းပြောကြတာပေါ့။

ကနဦးပေါင် ၆၂ သန်း ၊ အပိုဆုကြေးတွေပါထည့်လိုက်ရင် ပေါင် ၇၂ သန်းနဲ့ ချဲလ်ဆီးကိုရောက်လာတဲ့ ဟာဗက်ဇ်ဟာ စရောက်ခါစမှာ သာမန်ပေးပို့မှုကအစလွဲချော်ပြီး တောက်လျှောက် လှောင်စရာဖြစ်ခဲ့ရာကနေ ဆုဖလားမှတ်တမ်းတွေမှာ  သမိုင်းမှတ်တမ်းဝင်တဲ့သူဖြစ်လာခဲ့သလို  ၊ လက်ရှိအသင်းရဲ့ အဓိက ကစားသမားလဲဖြစ်နေခဲ့ပါပြီ။  ပြီးခဲ့တဲ့ရာသီတုန်းက  ၉ ဂိုးသွင်း    ၆ ဂိုးဖန်တီးပေးနိုင်ခဲ့သလို ဒီရာသီမှာလည်း ဆောင်းပါးရေးပြီးချိန်အထိ ၁၀ ဂိုးသွင်း ၃ ကြိမ်ဖန်တီးပေးထားနိုင်ပါပြီ။ ဟာဗက်စ်ဟာ လီဗာကူဆင်အသင်းနဲ့တုန်းကလဲ စံချိန်မျိုးစုံကိုချိုးခဲ့ပြီး ပွဲပေါင်း ၁၅၀ မှာ ၄၆ ဂိုးအထိသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

ဒီရာသီဟာ ချဲလ်ဆီးအတွက် ပြသနာစုံတဲ့ ၊ အနိမ့်အမြင့်တွေများတဲ့ရာသီဖြစ်ပါတယ်။

ရာသီအစမှာ အခြေအနေကောင်းပြီး အမှတ်တွေဖြတ်ထားနိုင်ရာကစခဲ့ပါတယ်။ ဒါပေမယ့် တစ်ယောက်ပြီးတစ်ယောက်ဒဏ်ရာ ရလာခဲ့တဲ့နောက် အသင်းရဲ့လိုအပ်ချက်အရ ဟာဗက်စ်က တိုက်စစ်မှုးနေရာကို ဝင်ကစားရင်း တဖြေးဖြေးအံဝင်လာခဲ့သူဖြစ်ပါတယ်။  ကစားပုံပျော့သလိုရှိပေမယ့် နေရာယူပုံကောင်းမွန်ခြင်း ၊ ဘောလုံးကျွမ်းကျင်မှုပြည့်ဝခြင်းတို့ကြောင့် ဖြစ်လာတဲ့လိုအပ်ချက်ကို အလျင်အမြန်အသားကျအောင် ပြုပြင်ယူနိုင်ခဲ့ပါတယ်။  ဒီရာသီမှာလည်းသူ့ကို သေချာပေါက်အားကိုးရဦးမှာဖြစ်ပါတယ်။

ဖြစ်ပျက်နေတဲ့အခြေအနေတွေကြားထဲကနေ ချဲလ်ဆီးအသင်းအတွက် စိန်ခေါ်မှုတွေကလည်း စောင့်နေပြန်ပါတယ်။  FA Cup  ဆီမီးဖိုင်နယ်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရမှာဖြစ်သလို  ချန်ပီယံလိဂ်မှာလည်း  ရီးရဲမက်ဒရစ်က အသင့်စောင့်နေပါပြီ။ ပရီးမီးယားလိဂ်မှာလည်း အဆင့် ၄ က ခြေမှန်နေတဲ့အာဆင်နယ်ကြောင့် တစ်စုံတစ်ရာက ဖြစ်သွားနိုင်ပါသေးတယ်။

လက်လွှဲရောင်းချရေးအဆင်ပြေမှာလား ၊ ဒါမှမဟုတ် UK အစိုးရရဲ့ ဥပဒေက ဘယ်လိုရှိမလဲ။ ပိုင်ရှင်သစ်က ဘယ်လိုဖြစ်မလဲ စတဲ့မေးခွန်းတွေကများနေမှာဖြစ်ပေမယ့် အခုအချိန်မှာ အသင်းအတွက်ရလဒ်ကောင်းတွေဖော်ဆောင်ခြင်းကလည်း ကြီးမားတဲ့ဆေးဝါးကောင်းတစ်လက်ဖြစ်ပါတယ်။ ကွင်းထဲကသူတွေအနေနဲ့ရလဒ်ကောင်းကောင်းတွေဖော်ဆောင်ထားခြင်းကသာလျှင် အသင်းအတွက်ရော သူတို့ရဲ့ ပရိုဖက်ရှင်နယ်တန်ဖိုးအတွက်ပါ အဆင်ပြေမှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းမှာတော့ ကစားသမားတွေအားလုံးက ကွင်းတွင်းကိစ္စရပ်တွေကို အကောင်းဆုံးအာရုံစိုက်နေတဲ့အပြင် အသင်းနဲ့တသားထဲရှိနေကြောင်းနည်းအမျိုးမျိုးနဲ့ပြသနေတာကြောင့် ပရိတ်သတ်တွေအနေနဲ့အတိုင်းအတာတစ်ခုထိတော့ ကျေနပ်စရာဖြစ်ပါတယ်။ ဟာဗက်စ်ဟာလည်း ခြေစွမ်းအရသာမက ၊ စိတ်ဓါတ်အရပါ ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်ကြောင်းကို အခက်ခဲဆုံးအချိန်မှာ ပြသနေတယ်ပဲဆိုရပါမယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: