Gunners’ Side – နောက်ဆုံးရ အာဆင်နယ် သတင်းများ(26Mar)

ဒမ်ဘီလီရဲ့ကိုယ်စားလှယ်တွေနဲ့ အာဆင်နယ်တွေ့ဆုံ

စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့  El Chiringuito TV ရဲ့ဖော်ပြချက်အရ  အာဆင်နယ်အသင်းဟာ  ဘော့စမန်စည်းမျဥ်းကိုအသုံးပြုပြီး  ဘာကာရဲ့ ဒမ်ဘီလီကိုခေါ်ယူဖို့ ကြိုးပမ်းလာကြောင်းတင်ဆက်လာပါတယ်။ အဆိုပါသတင်းအရ  ကစားသမားရဲ့ကိုယ်စားလှယ်ဖြစ်သူ  မူဆာဆစ်ဆိုကို နဲ့ အာဆင်နယ်တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။  အသက် ၂၄ နှစ်သားဟာ ဒဏ်ရာပြသနာနဲ့ကာလရှည်ကြုံခဲ့ရပေမယ့်  ပြန်လည်ကစားနိုင်ချိန်မှာတော့ ဆက်တိုက်ခြေစွမ်းပြနေတာဖြစ်ပါတယ်။

အသက် ၁၇ နှစ်အရွယ် ဗီအဲရာလက်သစ်ကို အာဆင်နယ်စိတ်ဝင်စားနေ

ပြင်သစ်သတင်းစာ L Equippe ရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ  ရင်းမ်အသင်းရဲ့အသက် ၁၇ နှစ်အရွယ် ဟူဂိုချက်ကူ ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ လီဂူး ၁ မှာ  ၁၇  ပွဲကစားထားတဲ့ အဆိုပါကစားသမားလေးကို ဗီအဲရာလက်သစ်အဖြစ်လဲတင်စားနေကြပြိး  အာဆင်နယ်တို့ဟာ စပါးအသင်းနဲ့အပြိုင်ကြိုးစားရဖွယ် ရှိတယ်လို့လဲသိရပါတယ်။

အိုဒီဂတ်ကို စိတ်ဓါတ်ကျနေသူလို့ထင်ခဲ့မိကြောင်း မာဆင်ပြော

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကြီးပေါလ်မာဆင်က  Daily Star နဲ့တွေ့ဆုံရာမှာ  မာတင်အိုဒီဂတ်နဲ့ ပတ်သတ်ပြီးအခုလိုပဲပြောဆိုလာခဲ့ပါတယ်။

“ သူက အာဆင်နယ်ရဲ့ အဓိက လူတစ်ယောက်ဖြစ်နေပါပြီ။  အသင်းရဲ့ကစားသမားစာရ​င်းမှာအမြဲပါနေသလို  တိုးတက်မှုအရှိဆုံးသလဲဖြစ်ပါတယ်။   အခြားကစားသမားတွေကလဲ သူ့အပေါ်မှာလေးစားမှုရှိကြပါတယ်။ ဒါတွေကို ကျွန်တော် အစတုန်းက မမြင်နိုင်ခဲ့ပါဘူး။ ဒီအတွက်လည်း အမြင်မှားခဲ့တာဝန်ံခံပါတယ်။  သူ့ကိုကြည့်ရတာ ရီးရဲကနေ မပြောင်းချင်တဲပုံစံလို့ထင်ခဲ့ရပါတယ်၊  အာဆင်နယ်နဲ့ အငှားကာလမှာလည်း ထူးထူးခြားခြားလုပ်ပြခဲ့တာမျိုးတော့မမြင်မိပါဘူး။  မက်ဒရစ်ကသူ့ကို မလိုချင်တော့ချိန်မှာ ဘာမှသုံးမရတဲ့သတစ်ယောက်လို ယုံကြည်ချက်တွေကင်းမဲ့ခဲ့ပုံပါပဲ။  ဒါပေမယ့် အခုတော့ပြောင်းလဲသွားခဲ့ပါပြီ “ လို့မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

လီနိုကို စျေးလျော့ရောင်းမယ့် အာဆင်နယ်

Goal သတင်းဌာနရဲ့ ချားလ်ဝက်စ်ရဲ့အဆိုအရ  အာဆင်နယ်တို့ဟာ လီနိုကို ပေါင် ၁၀ သန်းလောက်ရရင်ပဲရောင်းထုတ်ဖို့ရှိကြောင်းပြောဆိုလာပါတယ်။

“  အာဆင်နယ် တို့ဟာ လီနိုဆီကနေ ငွေဖော်ဖို့ကြိုးစားလာပါလိမ့်မယ် ။ သူတို့ဝယ်တုန်းကလောက် မရတော့မှာသေချာပေမယ့်  ၁၀သန်းကနေ ၁၅ သန်းလောက်အထိတော့သူတို့ ရဖို့ကြိုးစားပါလိမ့်မယ်။  ခင်ဗျားတို့အနေနဲ့ သူဂျာမနီပြန်သွားတာမျိုးကို ကြိုတင်မျှော်လင့်ထားဖို့တော့ လိုအပ်ပါတယ် “ ဆိုပြီး သူ့ရဲ့ ကိုယ်ပိုင် YouTube Channel ကနေ တဆင့်ပြောပြလာတာဖြစ်ပါတယ်။

ဂိုးသမားနှစ်ဦးကြားဆက်ဆံရေးကို  ကင်းဘဲလ်ချီးကျူး

အာဆင်နယ်ဂန္တဝင် ကီဗင်ကင်းဘဲလ်က   အာဆင်နယ်ဂိုးသမားနှစ်ဦးကြားကဆက်ဆံရေးကိုသဘောကျနေပြီး  ရမ်းစ်ဒေးလ်ကိုလည်းချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။

“ လီနိုက ဒီပွဲမှာ တကယ့်ကိုအကောင်းဆုံးစွမ်းဆောင်ပြခဲ့တာပါ။ ရမ်းစ်ဒေးလ်က လီနိုကို ပရိတ်သတ်တွေဆီသွားပြီး အောင်ပွဲခံဖို့ တွန်းလွှတ်နေခဲ့တာကလည်းသိပ်လှပါတယ်။​ဘာကြောင့်လဲဆိုတော့ ဒီအခိုက်အတန့်လေးက သိပ်ပြီးလှပလွန်းပါတယ် “ ဆိုပြီး ပြောပြလာတာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: