အာဆင်နယ်ကစားသမားဟောင်းကြီးဖြစ်တဲ့ လီဒစ်ဆင်က လိဒ်ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ပ်ဟာ အာဆင်နယ်နဲ့ သင့်တော်တဲ့ ကစားသမားဖြစ်တယ်လို့ အကြံပြုလာခဲ့ပါတယ်။
လိဒ်စ်ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်ကို တဖန် တန်းတက်လာခဲ့ပြီးတဲ့နောက် ကယ်လ်ဗင်ဖီးလစ်ဟာ လိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေကထဲ တစ်ဦးအဖြစ် သူရဲ့နာမည်ကို ရေးထိုးနိုင်ခဲ့ပါတယ်။သူ မပါ၀င်နိုင်တဲ့ ပွဲစဉ်တွေမှာ လိဒ်စ်ယူနိုက်တက်ဟာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်ကလည်း ကယ်လ်ဗင်ဖီးလစ်ကို ခေါ်ယူဖို့ စိတ်၀င်စားတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး မန်ယူမန်နေဂျာ ရက်ဖ်ရင်းနစ်ဟာ ကယ်လ်ဗင်ရဲ့ ခြေစွမ်းကို သဘောကျနှစ်သက်သူ ဖြစ်ပါတယ်။
အင်တာဗျူးလ်တစ်ခုမှာ ရင်းနစ်က အသင်းရဲ့ ကွင်းလယ်ဟာ အင်အားဖြည့်တင်းဖို့ လိုအပ်နေပြီး ကယ်လ်ဗင်ဖီးလစ်ကို ခေါ်ယူသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။
လီဒစ်ဆင်က သူဟာ ကယ်လ်ဗင်ဖီးလစ်ရဲ့ ပရိသတ်ဖြစ်ပြီး အာဆင်နယ်အနေနဲ့ လိဒစ်ကွင်းလယ်လူကို ခေါ်ယူဖို့ အပြိုင်ကြိုးစားသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။
“ကျွန်တော် ကယ်လ်ဗင်ဖီးလစ်ကို သဘောကျပါတယ်။ကျွန်တော်က သူ့ရဲ့ ပရိသတ်အကြီးစားဆိုလည်း မမှားပါဘူး။သူက (အသင်းမှာ) အံ၀င်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။သူဟာ အစစအရာရာမှာ ပြည့်စုံတဲ့ ကစားသမားမျိုးဖြစ်နေတာကို ကျွန်တော်သဘောကျတာပါ”
ဒဏ်ရာ ပြဿနာကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်လာကတည်းက နားနေခဲ့တဲ့ ကယ်လ်ဗင်ဟာ ပြီးခဲ့တဲ့သောကြာနေ့ ဝူဗာဟန်တန်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ စပြီး လူစားလဲ ၀င်ရောက်ကစားခဲ့ပါတယ်။ ကစားသမားဟာ လိဒ်အသင်းနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ရပ်ရှိထားပေမယ့် နောက်တစ်ဆင့်မြင့်တဲ့ ပရိုဖက်ရှင်နယ်ဘဝအတွက်တော့အသင်းပြောင်းဖို့လိုအပ်နေတာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းရဲ့ ပစ်မှတ်လည်းဖြစ်နေတဲ့ ဖိလစ်ဟာ အာဆင်နယ်လိုအပ်တဲ့ကစားသမားမျိုးဖြစ်ပေမယ့် အပြောင်းအရွေ့သတင်းတော့ထွက်ထားခြင်းမရှိသေးပါဘူး။
Original Article here,
Leave a Reply