အေစီမီလန်ဟာ စပါးဆီကနေ ကစားသမား အချို့ကို စိတ်ဝင်စားနေတဲ့အတွက် ဆွေးနွေးမှုတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။ မူလအားဖြင့်တော့ နောက်ခံလူ တန်ဂန်းဂါအတွက် အဓိကထား တွေ့ဆုံတာဖြစ်ပေမဲ့ နောက်ပိုင်းမှာ စပါးရဲ့အစီအစဉ်မှာ မပါဝင်တော့တဲ့ ကစားသမားအချို့ကိုပါ အေစီမီလန်တို့က စိတ်ဝင်စားလာနေတာဖြစ်တယ်လို့ သတင်း တွေက ဆိုပါတယ်။
မီလန်တာဝန်ရှိသူတွေဟာ စပါးဒါရိုက်တာ ဖေဘီယို ပါရာတီချီနဲ့ ပြီးခဲတဲ့ အပတ်က အီတလီမှာ တွေ့ဆုံခဲ့ပြီး တန်ဂန်းဂါကိစ္စအပြင် နောက်ခံလူ ဆာဂျီယို ရီဂူလင်၊ ကွင်းလယ်လူ အန်ဒွမ်ဘီလီ နဲ့ ပီပီ မာတာ ဆား တို့အတွက်ပါ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ မီလန်ဟာ ကစားသမားအများအပြား ဆုံးရှုံးထားရတာဖြစ်လို့ ကစားသမားတွေကို ရှာဖွေမှု ပိုမို ပြုလုပ်နေရတာ ဖြစ်ပါတယ်။
PianetaMilan ရဲ့အဆိုအရတော့ အဲဒီဆွေးနွေးမှုထဲမှာ ဗီလာရီးရဲလ်ကနေ အငှားပြန်လာပြီး စပါးရဲ့ အစီအစဉ်ထဲမှာ မပါဝင်တော့တဲ့ ကွင်းလယ်ကစားသမား ဂျီယိုဗန်နီ လို ဆဲလို အတွက်လည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီ အသက် ၂၅ နှစ် အရွယ် အာဂျင်တီးနားကစားသမားမှာ အီတလီနိုင်ငံ ပါ့စ်ပို့လည်းရှိတာကြောင့် အဆင်ပြေပေမဲ့ စပါးက သူ့ကို ခေါ်ယူစဉ်က ယူရို သန်း ၆၀ ကျထားတာကြောင့် စျေးနှုန်းကတော့ အနည်းငယ် များပြားဖွယ်ရှိနေပါတယ်။
Leave a Reply