မန်စီးတီးဟာ အာဆင်နယ်နဲ့ချဲလ်ဆီး အသင်းဆီ သူတို့ရဲ့ ကစားသမားတွေကို ရောင်းချခဲ့တဲ့ အကြောင်းရင်းက ဂွာဒီယိုလာဟာ လန်ဒန်အသင်းနှစ်သင်းကို မန်စီးတီး သို့မဟုတ် လီဗာပူးလ်ကို စိန်ခေါ်လာနိုင်မယ့် အသင်းတွေမဟုတ်ဘူးလို့ သတ်မှတ်တာကြောင့် ဖြစ်တယ်လို့ မန်ယူကစားသမားဟောင်း ရွိုင်ကိန်းက ဆိုပါတယ်။
အာဆင်နယ်ဟာ ဒီနွေမှာ မန်စီးတီးကစားသမားတွေ ဖြစ်တဲ့ ဇင်ချန်ကိုနဲ့ဂျေးဆုတို့ကို နှစ်ဦးပေါင်း ပေါင်၇၅သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ တစ်ဖက်မှာလည်း မန်စီးတီးဟာ ချဲလ်ဆီးအသင်းဆီ ရာဟင်စတာလင်ကို ပေါင် ၄၇.၅သန်း ၀န်းကျင်နဲ့ ရောင်းချခဲ့ပါတယ်။
ကလပ်အသင်းကြီးတွေဟာ သူတို့ရဲ့ ကစားသမားတွေကို ရောင်းချတဲ့အခါ အခြားသောလိဂ်ပြိုင်ဘက်အသင်းတွေဆီ မရောင်းချဖို့ အတတ်နိုင်ဆုံး ကြိုးစားလေ့ရှိပါတယ်။ ဒါပေမယ့် မန်စီးတီးကတော့ သူတို့ရဲ့ ကစားသမားကောင်းတွေကို ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်၊ချဲလ်ဆီးတို့ဆီ အလွယ်တကူပဲ ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ဂျေးဆုဟာ လက်ရှိမှာ အာဆင်နယ်အသင်းနဲ့အတူ အကောင်းဆုံးခြေစွမ်းပြပြီး ခြေစမ်းပွဲတွေမှာ သွင်းဂိုးတွေ တဒိုင်းဒိုင်းရယူနေခဲ့တာ တွေ့ရပါတယ်။
ရွိုင်ကိန်းက ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် လီဗာပူးလ်ကိုသာ အဓိက ပြိုင်ဘက်လို့ သတ်မှတ်ထားပြီး အာဆင်နယ်၊ချဲလ်ဆီးတို့ကို အန္တရာယ်ပေးနိုင်တဲ့ ပြိုင်ဘက်တွေအဖြစ် မသတ်မှတ်တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
“ကစားသမားတွေအပေါ် ဂွာဒီယိုလာရဲ့ ထင်မြင်ယူဆချက်နဲ့ ပတ်သက်ပြီး ကျွန်တော် သံသယမရှိပါဘူး။ သူဟာ ကစားသမားတွေနဲ့ နီးစပ်စွာ အလုပ်လုပ်နေသူဖြစ်တယ်။ ဒီတော့ တိုးတက်လာအောင်လုပ်ဆောင်ရမယ့် အရာတွေ ရှိတယ်၊ အသစ်တွေနဲ့ အစားထိုးရတာတွေ ရှိမယ်“
“မန်စီးတီးဟာ သူတို့ရဲ့ ကစားသမားကောင်းတွေကို ရောင်းချရာကနေ ပိုက်ဆံကောင်းကောင်းရခဲ့ပါတယ်။ ဂျေးဆုဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ကောင်းကောင်းလုပ်ပြနိုင်ခဲ့တယ်။ စတာလင်ရဲ့ အချက်အလက်တွေကလည်း အထင်ကြီးစရာပါ။ဒါပေမယ့် ဟာလန်းရောက်လာတော့ ဂွာဒီယိုလာဟာ အောင်ပွဲတွေ ဆာလောင်နေတဲ့ လူစာရင်းတစ်ခုကို သူထိန်းသိမ်းထားချင်နေတယ်လို့ တွေးကောင်းတွေးနေပါလိမ့်မယ်“
“ပိုက်ဆံတွေ ၀င်လာတဲ့အချိန်မှာ သူတို့ရဲ့ ကစားသမားတွေ ရောက်သွားတဲ့ အသင်းတွေကို အန္တရာယ်ပေးနိုင်တဲ့ ပြိုင်ဘက်တွေအဖြစ် ပက် (ဂွာဒီယိုလာ)ဟာ မမြင်တော့ပုံပါပဲ။ သေချာတာကတော့ အာဆင်နယ်ပေါ့။
“ပက်ကသူတို့ဟာလီဗာပူးလ်ထက်ခေါင်းတစ်လုံးမြင့်အောင်ကြိုးစားဖို့အတွက်ပဲအဓိကစိတ်ပူနေတာပါ။ မန်စီးတီး၊လီဗာပူးလ်ဟာအခြားပရီးမီးယားလိဂ်အသင်းတွေထက်အများကြီးအသာရနေတာပါ။ပက်ဟာထိုက်တန်တဲ့အလောင်းအစားတစ်ခုကိုပြုလုပ်ခဲ့ပုံပါပဲ” လို့ မန်ယူကစားသမားဟောင်းက ဆိုပါတယ်။
Leave a Reply