သွားရမယ့်ခရီးက အဝေးကြီးကျန်ပါသေးတယ် – ပီအိုလီ

ဇယားထိပ်ကနေ လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်နိုင်ခဲ့ပေမယ့် အေစီမီလန်နည်းပြ ပီအိုလီက  အသင်း ၄ သင်းစလုံးက ချန်ပီယံဆုအတွက်ရေပန်းစားနေဆဲဖြစ်တယ်လို့ ဆိုလာပါတယ်။  မီလန်တို့ဟာ ကာဂလီယာရီကို  ၀ - ၁ နဲ့အနိုင်ရခဲ့အပြီးမှာ  စီးရီးအေအမှတ်ပေးဇယားအဆင့် ၁ မှာ ရပ်တည်နိုင်နေတာဖြစ်ပါတယ်။ “  ပွဲစဥ်တိုင်းက အဆုံးအဖြတ်ဖြစ်လာခဲ့ပါပြီ။  အသင်းရဲ့ကစားပုံကို ကျွန်တော်ကြိုက်ပါတယ်။ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် တကယ့်ကို အရည်အသွေးမြင့်မြင့်နဲ့ကစားနိုင်ခဲ့တာပါ။  ကာဂလီယာရီအသင်းဟာ ကျွန်တော်တို့ကို အတော်လေး ဒုက္ခပေးနိုင်ခဲ့တာပ၊ ဒါပေမယ့် ရည်မှန်းချက်ကြီးတဲ့အသင်း ၂ သင်းထိပ်တိုက်တွေ့ပြီဆိုရင်တော့ ဒီလိုစိန်ခေါ်မှုတွေရှိကြတာပါပဲ “  လို့ ပွဲအပြီးမှာပြောခဲ့ပါတယ်။ ကွင်းလယ်လူ ဘန်နက်ဆာဟာ ဒီအနိုင်ပွဲအတွက်သူရဲကောင်းဖြစ်ခဲ့ပြီး ပီအိုလီက အခုထက်ပိုပြီး ရလဒ်ကောင်းတွေကို ဖန်တီးနိုင်သေးတယ်လို့ သူ့အသင်းအပေါ်မှာယူဆနေပါတယ်။ “ ကျွန်တော်တို့အခုထက်ပိုပြီး ဂိုးတွေသွင်းယူနိုင်ပါသေးတယ်။  အခွင့်အရေးတွေလဲရခဲ့ပါသေးတယ်။ ဒါပေမယ့် အရေးအကြီးဆုံးက နိုင်ဖို့ပါပဲ... Continue Reading →

မီလန်နဲ့အတူ ဆုဖလား တစ်ခုခု မဆွတ်ခူးနိုင်ပဲ အနားယူသွားမှာမဟုတ်ပါဘူး – ဇလာတန်

အသက် ၄၀ အထိစွမ်းနေဆဲ ဇလာတန်ကတော့  ဆုဖလားတွေအတွက် အသင့်ရှိနေဆဲဖြစ်ပါတယ်။ ပြီးတော့ နောက်ဆုံးအင်တာဗျူးမှာ သူ့ရဲ့ခံယူချက်ကို အခုလိုပဲထုတ်ပြောသွားခဲ့ပါတယ်။ “  ကျွန်တော်ဒီအသင်းမှာရှိချင်တယ်  .. ကူညီချင်တယ်။  ကျွန်တော်ရောက်လာပြီးတဲ့နောက်မှာ အသင်းအတွက်ကြီးမားတဲ့အောင်မြင်မှုတွေအများကြီးရခဲ့ပါတယ်။  အခုတော့ လိုတာတစ်ခုပဲရှိပါတော့တယ်။ အဲ့တာက ဆုဖလားပါပဲ။  ဒီအတွက်လဲ တသင်းလုံးက ကြိုးစားကစားနေကြပါတယ်။  မီလန်အသင်းနဲ့အတူ ဆုဖလား တစ်ခုခု မဆွတ်ခူးနိုင်ပဲ  ကစားသမားဘဝကအနားယူသွားမှာမဟုတ်ပါဘူး “  လို့ သတင်းထောက်တွေကိုဖြေသွားခဲ့တာပါ။ ဆွီဒင်နတ်ဘုရားကြီးဟာ ၂၀၁၁ ခုနှစ်တုန်းက မီလန်နဲ့အတူ စကူဒက်တိုကိုကိုင်မြှောက်နိုင်ခဲ့သလို ၊ နောက်တစ်နှစ်မှာ ကိုပါ အီတလီယာကို အရယူနိုင်ခဲ့သူဖြစ်ပါတယ်။  ဒါပေမယ့်   လက်ရှိ ပီအိုလီရဲ့အသင်းကတော့ ဘာဆုဖလားမှ မရရှိတာ ၂၀၁၉ ခုနှစ်ကတည်းကပါပဲ။  ဒီအခြေအနေကို အဆုံးသတ်နိုင်ဖို့တော့  မီလန်သားတွေအနေနဲ့ အခုထက်ပိုပြီးကောင်းမွန်တဲ့ စုဖွဲ့မှုလိုအပ်နေပါသေးတယ်။ အရံအင်အားနဲပါးမှုကလဲ မီလန်တို့အတွက်ပြသနာတစ်ခုဖြစ်နေပြန်ပါတယ်။... Continue Reading →

အလားအလာကောင်းတဲ့လူငယ်မှသည် ကြယ်ပွင့်သစ်ဆီသို့

“ သူ့မှာကောင်းမွန်တဲ့အစွမ်းအစတွေရှိနေပါတယ်။ ဒီလိုပဲ အနာဂတ်ကောင်းကောင်းလဲရှိနေပါတယ်။ ဒါတွေအားလုံးလက်တွေ့ဖြစ်လာဖို့ကတော့ သူ့ပေါ်ပဲမူတည်နေပါတယ် “ ဒီစကားကိုဆိုလိုက်သူက နတ်ဘုရားကြီးဇလာတန်ဖြစ်ပြီး  မီလန်ရဲ့တောင်ပံကစားသမား  ရာဖာလီအိုကို ဆိုလိုတာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားရဲ့အရည်အသွေးဟာ အငြင်းပွားစရာမရှိသလို အသင်းအတွက်လည်း အရေးကြီးတဲ့တိုက်စစ်လက်နက်တစ်ခုပါပဲ။ ဒါပေမယ့်ပြသနာက ကောင်းကွက်နဲ့ဆိုးကွက်တွေ ရောနေတာပါ။ စပို့တင်း CP ရဲ့လူငယ်တစ်ယောက်ဖြစ်ဖူးတဲ့ လီအိုနဲ့ပတ်သတ်ပြီး သူ့ရဲ့နည်းပြဖြစ်ဖူးသူ လူးဝစ်စ်မာတင်က   FTF ကိုအခုလိုပြန်ပြောင်းပြောပြပါတယ်။ “ သူ့ကို ပထမဆုံးစပြီးသတိထားမိတုန်းက ကျွန်တော်နည်းစနစ်ဒါရိုက်တာအဖြစ်လုပ်ကိုင်နေချိနန်မှာပေါ့။  သူက  မှာကစားနေချိန်မှာပဲ ကွဲပြားမှုကိုမြင်နေရပါတယ်။ ကျွန်တော်တို့မှာ ရိုနယ်ဒို ၊ ဖီဂိုတို့လိုကစားသမားတွေကိုမွေးထုတ်ပေးထားတဲ့အတွေ့အကြုံအရ လီအိုကိုမြင်တာနဲ့ သူ့ရဲ့အလားအလာကိုခန့်မှန်းမိပါတယ်။  သူဟာ အားလုံးနဲ့ကွဲပြားနေသူပါ “    လို့ဆိုပါတယ်။ သူ့ကို ပေါ်တူဂီဘာပေ လို့လဲခေါ်ပြီး  အသက်အရွယ်တန်းအရ ခရစ်စတီယာနိုရိုနယ်ဒိုနဲ့လဲခိုင်းနှိုင်းခံထားရသူဖြစ်ပါတယ်။ လက်ရှိမီလန်မှာတော့ နောက်ချန်တိုက်စစ်မှုး အဖြစ်ရော ၊... Continue Reading →

Website Powered by WordPress.com.

Up ↑