ကြိုမြင်နေရတဲ့ နွေရာသီအငြင်းအခုံများ

တကယ်လို့ ရာသီအစ ၃ ပွဲအပြီးမှာသာ ပရိသတ်တွေကို   “ရာသီကုန် အာဆင်နယ်အသင်း ယူရိုပါလိဂ်၀င်ခွင့်ပဲရမယ်ဆို ကျေနပ်မလား” လို့ မေးရင်  အလွယ်တကူ ခေါင်းညိမ့်မိကြမှာပါ။ ခုအချိန် ဒီမေးခွန်းကို မေးရင်တော့ “ဒီလောက်နဲ့တော့ မကျေနပ်နိုင်ပါဘူး”လို့ ဖြေကြမှာဖြစ်ပါတယ်။  ဘောလုံးပွဲတစ်ပွဲရလဒ်မကောင်းတဲ့အခါ  ၃ - ၄ ရက်လောက်ထိအရှိန်ပါသွားတတ်တာဖြစ်လို့  အာဆင်နယ်ပရိတ်သတ်တွေဟာ  ပဲလေ့စ်ရှုံးပွဲကနေ နာလံထူဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမတိုင်မီမှာ ခြင်္သေ့ပြာတွေရဲ့ အဆင့်သုံးနေရာကိုပဲ ဂန်းနားတွေ တက်သိမ်းတော့မလားဆိုပြီး မျှော်လင့်နေရာက သုံးဂိုးပြတ်အရှုံးဆိုတဲ့ ရလဒ်ကို ကြုံလိုက်ရတဲ့အခါ ပရီတ်သတ်တွေဟာ သက်ပြင်းချရုံကလွဲ ဘာမှ မတတ်နိုင်ခဲ့ကြပါဘူး။  အရံအင်အားနဲပါးခြင်း ၊ ငယ်ရွယ်လွန်းလှတဲ့လူစာရင်း၊ အတွေ့အကြုံရှာနေဆဲ လူငယ်မန်နေဂျာ တစ်ယောက်နဲ့ ရုပ်လုံးတစ်ခုပေါ်လာစ အသင်းဟာ ချန်ပီယံလိဂ် ၀င်ခွင့်ကို စိန်ခေါ်နိုင်မယ့် အနေအထားမှာရှီနေတယ်လို့ ဘယ်သူမှ... Continue Reading →

မွေးနေ့မှာဖုန်းပြောခဲ့ကြတဲ့ကစားဖော်ဟောင်း ၂ ယောက်

အာတီတာကတော့  ကစားဖော်ဟောင်းနဲ့ ဂန်းနားဟောင်း ကာဇိုလာရဲ့  အနာဂတ် ဆုံးဖြတ်ချက်တွေနဲ့ပတ်သတ်ပြီး  သူ့အနေနဲ့ဘာမှမသိထားသေးကြောင်း ၊ သူတို့ကြားမှာ အဲ့ဒီအကြောင်းမပြောဖြစ်ကြကြောင်း ပြောပြလာပါတယ်။  ၅ ရာသီကြာ တူတူတွဲကစားခဲ့ကြသူတွေဟာ  အာဆင်နယ်အသင်း FA Cup ရတော့လည်း အတူတူရှိနေခဲ့ကြတာပါပဲ။  ကာဇိုလာကတော့ အခုအချိန်ထိ ကာတာကလပ် အယ်ဆာ့ဒ် မှာဘောလုံးကစားနေဆဲဖြစ်ပါတယ်။  ပြီးတော့အသင်းကိုလဲ အမှတ်ပေးဖလားရအောင်လဲကူညီပေးထားနိုင်ပါတယ်။ စပိန်သား ကာဇိုလာ ဟာ  အာဆင်နယ်ရဲ့နည်းပြအဖွဲ့ထဲကို ပါဝင်ဖို့အတွက် ချိတ်ဆက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် အာတီတာရဲ့အသင်းမှာက သူအဖွဲ့နဲ့သူပြည့်နေခဲ့ပါပြ။ ဒီတော့ ဆွေးနွေးတဲ့အဆင့်ထိမရောက်ခဲ့။ “  ဆန်တီ နဲ့ကျွန်တော် အထွေအထူးဘာမှမပြောဖြစ်ကြပါဘူး “ လို့  ကြာသာပတေးနေ့က အင်တာဗျူးမှာ အာတီတာကဖြေပါတယ်။   “  ခင်ဗျားအနေနဲ့ ဘောလုံးလောကထဲကဘယ်သူ့ကိုဖြစ်ဖြစ် ဆန်တီ့အကြောင်းမေးလိုက်ရင်တော့ သူတို့မျက်နှာပြုံးသွားမှာအသေအချာပဲပေါ့။  သူက ဘောလုံးဆက်ကစားမှာလား ... ... Continue Reading →

Gunners’ Side – နောက်ဆုံးရ အာဆင်နယ် သတင်းများ (27Mar)

ရှာခါကို အာဆင်နယ်ရောင်းချနိုင်ဖွယ်ရှိကြောင်း  အီတလီသတင်းစာက လမ်းကြောင်းပေးရေးသား အာဆင်နယ်အသင်းဟာ  ရိုးမားအသင်းက စိတ်ဝင်စားနေတဲ့ ဂရန်းနစ်ရှာခါအတွက် ပေါင် ၁၅ သန်းဝန်းကျင်ခန့်အလိုရှိနေကြောင်း အီတလီသတင်းစာ Gazetto Dello Sports ကဖော်ပြလာပါတယ်။ ရှာခါဟာ မော်ရင်ဟိုရဲ့ပစ်မှတ်ဖြစ်နေဆဲဖြစ်ပြီး ၊ ရာသီအစတုန်းကလဲ ရိုးမားဒါရိုက်တာကိုယ်တိုင် သူတို့အနေနဲ့ရှာခါကို ကြိုးစားခဲ့ကြောင်းထုတ်ဖော်ဝန်ခံထားတာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွစ်ဇာလန်သားကြီဟာ ဂန်းနားလူငယ်များနဲ့အတူ ကောင်းမွန်တဲ့ခြေစွမ်းတွေကို ဆက်တိုက်ပြသထားနိုင်ပါတယ်။ ပေပေကို စကားလုံးလှလှနဲ့ ချီးကျူးလာတဲ့ပြင်သစ်သတင်းစာ ပြင်သစ်အသင်းနဲ့ရင်ဆိုင်ခဲ့တဲ့ပွဲမှာပြသခဲ့တဲ  ပေပေရဲ့ခြေစွမ်းကို အားကစားမီဒီယာအများစုမှာ ချီးကျူးရေးသားနေကြပါတယ်။ နောက်တန်းကစာသမားတွေကိုကျော်ဖြတ်ပြီး  ဂိုးသမားလိုရစ်ရဲ့  ပိတ်ထားတဲ့ထောင့်ကျဥ်းထဲကို ကန်နေကျပုံစံအတိုင်းအပြင်းကန်သွင်းနိုင်ခဲ့တဲ့ပေပေကို  Footmercato က Rating သတ်မှတ်ချက် 7.5 အထိပေးထားပြီး  “  ပြင်သစ်ကစားကွင်း ဗယ်လိုဒရုန်းမှာတောက်ပခဲ့တဲ့  ဂန်းနား “ ဆိုပြီးတင်စားရေးသားထားခဲ့ပါတယ်။   အာဆင်နယ်နဲ့အတူ... Continue Reading →

မာတင်နယ်လီပြောပြတဲ့ အာတီတာအကြောင်းနဲ့ ချန်ပီယံလိဂ်၀င်ခွင့်အိပ်မက်များ

လက်ရှိမှာ အာတီတာဟာ အသင်းကို အကောင်းဆုံးဦးဆောင်ပြီး ကာလတစ်ခုကြာဝေးကွာနေတဲ့ ချန်ပီယံလိဂ်အိပ်မက်ကိုလည်း အကောင်းဆုံးအသက်သွင်းနေပါတယ်။ အာတီတာရဲ့ အရည်အသွေးနဲ့ ဦးဆောင်နိုင်စွမ်းကို အသင်းရဲ့ ကစားသမားတွေရော ပရိသတ်တွေက နှစ်သက်သဘောကျနေကြပါတယ်။ဘရာဇီးလ်လက်ရွေးစင်းအသင်းအတွက် ရွေးချယ်ခံခဲ့ရသူ မာတင်နယ်လီကတော့ အာတီတာဟာ မန်နေဂျာဘ၀နဲ့ အောင်မြင်မှုတွေအများကြီး ရယူနိုင်မယ့်သူဖြစ်ပြီး နောင်လာမယ့်မျိုးဆက်တွေအထိ မှတ်မိနေရမယ့် သူမျိုးဖြစ်လာမယ်လို့ ဆိုပါတယ်။  သူဒဏ်ရာရနေချိန်မှာလည်း အာတီတာက သူ့အပေါ် အကောင်းဆုံး ကူညီအားပေးခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားနိုင်တယ်ဆိုတာ သက်သေပြနိုင်အောင် ကူညီပေးခဲ့သလို ၊ သူ့ရဲ့ အိပ်မက်ဖြစ်တဲ့ ဘရာဇီးလက်ရွေးစင်အသင်းမှာ ပါ၀င်ခွင့်ရတာဟာ အာတီတာရဲ့ ကျေးဇူးကြောင့်ဖြစ်တယ်လို့ မာတင်နယ်လီက ဆိုပါတယ်။ ချီလီ၊ ဘိုလီဗီးယားတို့နဲ့ ယှဉ်ပြိုင်ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် ဘရာဇီးအသင်းရဲ့ လူစာရင်းမှာ မာတင်နယ်လီဟာ ရွေးချယ်ခံခဲ့ရပါတယ်။  “ ကျွန်တော် ဒဏ်ရာရနေတုန်းက အာတီတာဟာ ကျွန်တော့်ကို... Continue Reading →

ဆာကာကို စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်လာပြီဖြစ်တဲ့ အာဆင်နယ်

အင်္ဂလန်လက်ရွေးစင်ကစားသမားလေးရဲ့ စာချုပ်သက်တမ်း နှစ်နှစ်ကျန်ရှိနေသေးတဲ့အချိန်မှာတော့ အာဆင်နယ်ဟာ ဆာကာကို အမ်းမရိတ်မှာ နှစ်ရှည်ထိန်းသိမ်းထားဖို့အတွက် ခြေလှမ်းတွေစနေပြီဖြစ်ပါတယ်။ Athleticရဲ့ အဆိုအရ အာဆင်နယ်အသင်းရဲ့ တာ၀န်ရှိသူတွေဟာ ဆာကာရဲ့ အေးဂျင့်နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။  အသက်၂၀အရွယ်ရှိပြီဖြစ်တဲ့ ဆာကာဟာ လက်ရှိရာသီမှာ အာဆင်နယ်အတွက် ‌ပရီးမီးယားလိပ်သွင်းဂိုး ၉ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ‌၅ကြိမ်ပြုလုပ်ပေးထားပါတယ်။ အက်စ်တွန်ဗီလာကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဆာကာဟာ ဥရောပရဲ့ တန်ကြေးအမြင့်ဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကို ဥရောပထိပ်သီးအသင်းကြီးတွေက မျက်စိ‌ကျ စောင့်ကြည့်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။  ဒါကြောင့် အာဆင်နယ်အနေနဲ့ အသင်းရဲ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်တဲ့ ဆာကာကို လက်မလွှတ်ရအောင် စာချုပ်သစ်တစ်ခုကို ကမ်းလှမ်းသွားတော့မှာ ဖြစ်ပါတယ်။ သတင်းတွေအရ အာဆင်နယ်နဲ့ဆာကာရဲ့အေးဂျင့်တို့ဟာ တွေ့ဆုံခဲ့ကြပြီး... Continue Reading →

ဂိုးသမားတစ်ယောက်မှာ အမှားဆိုတာရှိတတ်ပါတယ် – အာတီတာ

ရမ်ဒေးလ်ဟာ အသင်းနဲ့အတူ ပေးဂိုးမရှိပွဲစဉ် (၁၄)ပွဲအထိ ရအောင်စွမ်းဆောင်ထားနိုဂ်ခဲ့ပါတယ်။သူ့ရဲ့ လက်စွမ်းကြောင့် ဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရပေမယ့် အင်္ဂလန်လက်ရွေးစင်ဂိုးသမားလေးကတော့ ခုထိ သူ့ရဲ့လက်စွမ်းကို သူ့ကိုယ်သူ အသိအမှတ်မပြုနိုင်သေးပါဘူး။  လက်စတာကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လက်စွမ်းပြခဲ့တာကြောင့် ချီးကျူးမှုတွေရခဲ့တဲ့ ရမ်ဒေးလ်ဟာ လီဗာပူးလ်နဲ့ပွဲစဉ်မှာတော့ ဒီရေဂိုဂျိုတာရဲ့ ဂိုးကို ခွင့်ပြုလိုက်ရတာနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရပါတယ်။ဒီဂိုးဟာ သူ့ရဲ့ အနီးထောင့်ကို ကန်သွင်းသွားခဲ့တာဖြစ်တာကြောင့် ရမ်ဒေးလ်အနေနဲ့ ကာကွယ်နိုင်ခဲ့သင့်တယ်လို့ ဝေဖန်သူတွေက ယုံကြည်နေကြတာဖြစ်ပါတယ်။  အက်စတွန်ဗီလာနဲ့ပွဲစဉ်မတိုင်မီ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာတော့ အာတီတာက ရမ်ဒေးလ်နဲ့ ပတ်သက်ပြီး ခုလိုပဲ ဆိုလာခဲ့ပါတယ်။  “ပွဲ အပြီးမှာတော့ သူဟာ စိတ်ပျက်လက်ပျက် ခြေကုန်လက်ပမ်းကျသွားခဲ့ပါတယ်။ဒါက ပုံမှန်ပါပဲ၊ဘာလို့လဲဆိုတော့ ရမ်ဒေးလ်ဟာ အရမ်းကို ယှဉ်ပြိုင်လိုစိတ်ပြင်းထန်တဲ့ ကောင်လေးတစ်ယောက်ပါ။ ဒါပေမယ့် ကစားသမားဘ၀မှာ ဒီလို(စိတ်ပျက်စရာတွေ) ဖြစ်တတ်တယ်ဆိုတာ... Continue Reading →

အာဆင်နယ်အသင်း အသုံးပြနေတဲ့ Attacking Pattern များ

ဘယ်လောက်ပဲမာကျောတဲ့ခံစစ်ကြောင်းရှိနေပါစေ နိုင်ပွဲတွေရဖို့ဆိုရင်တော့ တိုက်စစ်က ဂိုးသွင်းမှရပါလိမ့်မယ်။ အာတီတာကတော့ အသင်းကိုအစအဆုံး တည်ဆောက်သူဖြစ်တာကြောင့်ခံစစံကိုအရင်ပြင်ဆင်ခဲ့ပါတယ်။ Overall Figure အရ မှန်ကန်တဲ့လုပ်ရပ်ဖြစ်ပါတယ်။  ထိုနည်းတူစွာတိုက်စစ်ကစားပုံကိုလည်းတဖြေးဖြေးချင်း ပြင်ဆင်လာတာသိသာနေပါတယ်။  Gunners’ Side ပရိတ်သတ်တွေအတွက်  အာဆင်နယ်အသင်း ဒီရာသီမှာကစားနေတဲ့  Attacking Pattern တွေကို လက်လှမ်းမှီသလောက်စုစည်းတင်ဆက်ပေးလိုက်ပါတယ်။  (Disclaimer  အနေနဲ့  ပြောလိုတာကတော့ နည်းစနစ်သုံးသပ်ချက်ဆိုတာထက်  Tactical အောက်က Pattern ငယ်လေးတွေအကြောင်းကို မြင်မိသလောက်ရေးတာသာဖြစ်ကြောင်းပါ ) Overlap နဲ့ Diagonal Run များ ပြိုင်ဖက်အသင်းကွင်းဖက်ကိုရောက်လာပြီဆိုရင်  Overlap လဲမလုပ် ၊ အခြားကစားသမားတွေနဲ့လဲ တွဲလုံးတွေမဖန်တီး​ ၊  မထိုးဖောက်ပဲ  ထောင့်ဖြတ်ဆွဲဝင်လာပြီး အခွင့်အရေးတွေဖန်တီးတဲ့ပုံစံကို အာဆင်နယ်တိုက်စစ်မှာ မကြာခနမြင်နေရပါတယ်။ အထူးသဖြင့် ဆာကာရဲ့ အခြမ်းဖက်ကဖြစ်ပါတယ်။ အခြေအနေအရ တခါတရံ နောက်ကတက်လာတဲ့ ... Continue Reading →

ပွဲထွက်ခွင့်ရဖို့ ပေပေ ဘာထပ်လုပ်ပြဖို့လိုဦးမလဲ

အာဆင်နယ်ရဲ့စျေးအကြီးဆုံးကစားသမားပေပေကတော့ ဝုဗ်နဲ့ပွဲမှာ ရသလောက်မိနစ်လေးအတွင်း ခြေစွမ်းပြသွားခဲ့ပါတယ်။ အာဆင်နယ်ရဲ့ အိမ်မက်နဲ့အသဲနှလုံးကို ကိုင်လှုပ်လိုက်တဲ့ စွမ်းဆောင်မှုတွေနဲ့ပေါ့။​ဒီတောင်ပံကစားသမားက အာတီတာ ဒီရာသီမှာ ရွေးချယ်ထားတဲ့သူတော့မဟုတ်ခဲ့ပါဘူး။  အောက်တိုဘာလမှာ အသင်းအတွက်ကစားပေးပြီးတဲ့နောက် AFCON ဆီကိုရောက်သွားခဲ့တာပါပဲ။ ဒါပေမယ့်  ကင်မရွန်းကနေ နိုင်ငံပွဲတွေကစားပြီး ပြန်အလာမှာတော့ အာတီတာကိုယ်တိုင်ဖွင့်ပြောယူရတဲ့အထိ သိသိသာသာပြောင်းလဲသွားခဲ့ပါတယ်။ သူကိုယ်တိုင်လဲ အကောင်းဆုံးတွေလုပ်ပြဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အရိပ်အယောင်တွေကိုမြင်ခဲ့ရပါတယ်။ ဝုဗ်နဲ့ပွဲအပြီးမှာတော့ ပေပေနဲ့ပတ်သတ်ပြီး အာတီတာရဲ့မှတ်ချက်က အခုလိုပဲဖြစ်ပါတယ်။ “  မတူညီတဲ့နီကိုးကို မြင်ခဲ့ရတယ်ဆိုတဲ့အကြောင်းကို ကျွန်တော်ပြီးခဲ့တဲ့အပတ်ကပြောခဲ့ပြီးသားပါဗျာ။ သူ့ရဲ့ စွမ်းအားတွေ ၊ ပျော်ရွင်နေပုံတွေ ၊ တကွင်းလုံးလိုက်ကစားပေးတာတွေ​၊ သူဘယ်လိုလေ့ကျင့်တယ် ဆိုတာတွေ .. ဒီလိုနဲ နီကိုးက သူ့ကို ထည့်ကစားစေဖို့ ကျွန်တော့်စိတ်ကိုဆွဲဆောင်တော့တာပါပဲ  “  လို့အသင်းအပေါ်အထောက်အကူပေးမှုကို ပြောဆိုလာတာပါ။ ပေပေအတွက်အခွင့်အရေးကောင်းတွေက အာဆင်နယ်တို့  ၀ - ၁ နဲ့ရှုံးနိမ့်နေချိန်မှာရောက်ရှိလာပါတယ်။ ... Continue Reading →

လာကာဇက်ကို ချီးကျူးတာကလွဲလို့ ပြောစရာမရှိပါဘူး – အာတီတာ

ဝုဗ်ကို နောက်ကျသွင်းဂိုးတွေနဲ့အနိုင်ရခဲ့ပြီးနောက် အာတီတာက လာကာဇက်ဟာ အသင်းမှာ ဆက်ရှိနေချင်တဲ့ ကစားသမားတစ်ယောက်လိုမျိုး ကစားသွားခဲ့တယ်လို့ ဆိုလာခဲ့ပါတယ်။  အသင်းခေါင်းဆောင် လာကာဇက်ဟာ အသင်းရဲ့အနိုင်သွင်းဂိုးရရှိအောင် စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပါဝာယ်။ အူဘာမီယန်းထွက်ခွာခဲ့စဥ်ကတည်းက ကပ္ပတိန်လက်ပတ်ကို လွှဲပြောင်းရယူခဲ့တဲ့ လာကာဇက်ဟာ အသင်းကို အကောင်းဆုံးဦးဆောင်နေခဲ့ပါတယ်။ ပြင်သစ်သားကြီးဟာ ဂိုးသွင်းယူတဲ့ နေရာမှာ ရုန်းကန်နေခဲ့ရပေမယ့် အသင်းရဲ့ကစားကွက်မှာ အကောင်းဆုံးကစားနေခဲ့သလို အသင်းအတွက် အကောင်းဆုံးပေးဆပ်နေတာကိုလည်း တွေ့မြင်နေရပါတယ်။  လာကာဇက်တီနဲ့ ပတ်သက်ပြီး အာတီတာက ခုလိုပဲ မှတ်ချက်စကား ဆိုလာခဲ့ပါတယ်။  “ပွဲချိန် ၈၅မိနစ်မှာ ကျွန်တော်တို့ရဲ့တိုက်စစ်မှူး(လာကာဇက်)က Corner နားမှာ နောက်ခံလူဆီက ဘောလုံးကို လုယူဖို့ ကြိုးစားနေတာ တွေ့ရတယ်။ သူက ဘောလုံးကို ပြန်ရတယ်။ ဆက်ကစားနေတယ်၊ ဆက်သွားနေတယ်၊ သူ အခွင့်တစ်ကြိမ်လွဲတယ်၊ နှစ်ကြိမ်လွဲတယ်၊ ထပ်ပြီးလွဲတယ်၊ ဒီအတွက်... Continue Reading →

မြင့်မားတဲ့ပုံရိပ်တည်ဆောက်ရေးအဆင့်ကို  အာဆင်နယ်တို့ ကူးပြောင်းနေပြီလား

     ကုန်ပစ္စည်းတွေရဲ့အဆင့်အတန်းကိုတည်ဆောက်ရာမှာ လုပ်ဆောင်ချက်များစွာရှိပါတယ်။ လူတွေအာရုံစိုက်ရေး ၊  ပိုမိုစိတ်ဝင်စားလာစေရေး .. ဒါတွေကိုအဆင့်ဆင့်တည်ဆောက်ရပါတယ်။ ဥပမာ မာစီဒီး ဆိုရင် ပိုင်ဆိုင်သည်ဖြစ်စေ ၊မပိုင်ဆိုင်သည်ဖြစ်စေ ကြားလိုက်ရတာနဲ့ ခန်းနားတဲ့အဆင့်အတန်းကိုဖော်ပြလာမှန်းသိသာနေပါတယ်။ ဒါက သူတို့တည်ဆောက်ခဲ့တဲ့တန်ဖိုး။  ဘောလုံးအသင်းတွေမှာလည်း တန်ဖိုးတွေရှိပါတယ်။ အခုကတော့ အာဆင်နယ်အသင်းရဲ့ခြေလှမ်းတွေကို နဲနဲလောက်လေ့လာကြည့်မှာဖြစ်ပါတယ်။ အောင်မြင်မှုတွေနဲ့ဝေးကွာတာ အချိန်ကြာပြီဖြစ်တဲ့ ၊ ပြောရရင် အသင်းရဲ့တန်ဖိုးတစ်ခု ဆုံးရှုံးတာကြာပြီဖြစ်တဲ့ အာဆင်နယ်အသင်းဟာရလဒ်တွေပြန်ကောင်းလာခြင်း ၊ လူငယ်လူသစ်တွေမွေးထုတ်နိုင်ခြင်းအပါအဝင် ဝင်းဂါးရဲ့   The Invincible Show  ကြောင့် မီဒီယာစာမျက်နှာကို ဆက်တိုက်ဆိုသလိုပြန်တက်လာပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ သတိထားမိတဲ့ အာဆင်နယ်အသင်းရဲ့ ကွင်းပြင်ပလုပ်ဆောင်မှုတွေကို ချရေးကြည့်ပါမယ်။ အာဆင်ဝင်းဂါးနဲ့ပတ်သတ်တဲ့အဖုအထစ်တွေကိုရှင်းဖို့ကြိုးစားတယ်။ ဂျို့ရှ်ဖက်က အခွင့်ရရင် နားလည်မှုလွဲတာတွေကိုဖြေရှင်းချင်တယ်လို့ ဆိုခဲ့တယ်။အာတီတာက  ဝင်းဂါးရဲ့ပုံရိပ်တွေကို ကွင်းထဲမှာကပ်တယ်။ ကစားသမားတွေကို ရွှေခေတ်ရဲ့အရှိန်အဝါတွေကို ပြန်ခံစားစေတယ်။ဂျို့ရှ်ခရွန်ကီရှေ့ထွက်လာတယ်။ ပရိတ်သတ်တွေနဲ့ အဆင်ပြေချင်တဲ့အရိပ်အယောင်ကိုမြင်ရတယ်။... Continue Reading →

Website Powered by WordPress.com.

Up ↑