ရီးရဲလ်ကိုချစ်ပေမယ့် PSG အသင်းအတွက်သာပေးဆပ်မယ်လို့ ပြောလာတဲ့ ရာမို့စ်

ဘာတွေဖြစ်လို့ဖြစ်သွားမှန်းကိုမသိပါဘူး။ ကျွန်တော် ကြားတာက ယူနိုက်တက်နဲ့ကန်ရပြီဆိုပြီးတော့ပါ။ ဒီအသင်းက ငါကြိုက်တဲ့အသင်းဘဲ ဆိုပြီးစိတ်လူပ်ရှားတုန်းဘဲ ရှိသေးတယ်.. ရာမို့စ်ဟာ ရီးရဲမက်ဒရက်အသင်းမှာဘဲ ဘောလုံးက စားသမားဘဝကိုအဆုံးသတ်ပြီးအနားယူချင်တာပါ။ ရီးရဲလ်အသင်းရဲ့မူအရ သက်ကြီးကစားသမားတွေ ကို ပေးချေတဲ့လစာ၊ အသုံးပြုတဲ့အနေအထားတွေဟာ ရာမို့စ်လို့ကစားသမားတ​ယောက်အတွက် အဆင်မပြေတော့ပါဘူး။ ဒါကြောင့် သူ့ကို ငွေကြေးအရအ​ပြင် ဆက်ဆံရေးမှာရော တလေးတစားဖိတ်ခေါ်ခဲ့တဲ့ PSG ကိုပြောင်းရွေ့ခဲ့တာပါဘဲ။ အသက်ကြီးလာလေ လေးစားခံချင်လာတာလဲ ဖြစ်နိုင်တာပေါ့။စိတ်မကောင်းစရာတခုက ရာမိုစ့်ဟာ PSG အသင်းတွက်ဒဏ်ရာကြောင့် (၁)ပွဲပဲကစားထားရပါသေးတယ်။အ ခုတော့လေ့ကျင့်ခန်းတွေပြန်ဆင်းနေနိုင်ပြီလို့ သတင်းတွေအရသိရပါတယ်။ ဆက်လက်ပြီး အသင်းဟောင်နဲ့ လက်ရှိကစားနေတဲ့ အသင်းတို့ တွေ့ ဆုံလာမယ့်အခြေအနေတွေကို ပြောပြသွားခဲ့ပါတယ်။ '' ကျွန်တော် ရီးရဲလ် အသင်းနဲ့မတွေ့ချင်ပါဘူး။ အထူးသဖြင့် ဒီလိုအဆင့်မျိုးမှာဆိုပိုပြီး တောင်မတွေ့ချင်ပါဘူး။ ဒါဟာအမှန်တရားဆိုတာထက် ကိုယ်အရမ်းချစ်ရတဲ့အသင်းတသင်းဖြစ်လို့ပါ။ ဒါပေမယ့်မတတ်နိုင်ပါဘူး။ ဘယ်အသင်းကိုဘဲဖြစ်ဖြစ် PSG အသင်းအတွက်ပဲ... Continue Reading →

Website Powered by WordPress.com.

Up ↑