သတင်းတွေကပြောတဲ့ ချဲလ်ဆီးရဲ့အနေအထား

မနေ့ကတစ်ရက်ထဲတင် ဇာဗီစိတ်ဝင်စားတဲ့ ချဲလ်ဆီးကစားသမားအရေအတွက်က ၄ ယောက်ဖြစ်လာခဲ့တယ်။ ပြီးခဲ့တဲ့အပတ်တွေကနာမည်ထွက်ခဲ့တဲ့ တီမိုဝါနာနဲ့ပါပေါင်းလိုက်ရင် ၅ ယောက်ပေါ့။ မသိသေးသူတွေအတွက်နာမည်တွေပြန်ရေးပြရရင်  အိုဒွိုင်း ၊ ပူလီဆစ် ၊ ဇီယက်ချ် ၊ အလွန်ဆိုနဲ့ တီမိုဝါနာ။ အသင်းမှာ သူ့အပိုင်းနဲ့သူ အရေးပါနေကြသူတွေချည်းပဲ။  ဒါဟာ အမှန်အကန်စိတ်ဝင်စားနေတာဖြစ်နိုင်သလို စပိန်မီဒီယာတွေဖွတာလည်းဖြစ်နိုင်ပေမယ့် ချဲလ်ဆီးအသင်းရဲ့ လက်ရှိအနေအထားကို တော့ထင်ဟပ်နေပါတယ်။ အသင်းတိုင်းဟာ  ကိုယ့်လိုအပ်ချက်ကို ကိုယ်ဖြည့်ဆည်းနေကြပါတယ်။ တိုက်စစ်မှုးလိုသူက တိုက်စစ်မှုး ၊ ကွင်းလယ်ကကွင်းလယ် စသည်ဖြင့်ပေါ့။ ချဲလ်ဆီးကျတော့ စိန်ခေါ်မှုကမတူညီ။ သူက  Peak Form တစ်ခုရထားပြီးသားအသင်းဖြစ်ပြီး ဒီ Form ကိုမပျက်စီးအောင်ထိန်းသိမ်းနေရတာမျိုး။ တူညီတဲ့အခြေအနေပြောရရင် ခုနှစ်ပိုင်းတွေမှာ လီဗာပူးအသင်းကို ပရိတ်သတ်တွေ Form ပျက်မှာစိုးရိမ်ကြသလိုမျိုးပေါ့။ အရှိန်ရပြီးသား အသင်းတစ်သင်းသည် ဘယ်နေရာမှ တို့လို့ထိလို့မရ။ ဒါပေမယ့်... Continue Reading →

အသင်းနဲ့ကစားသမားကြားအဆင်ပြေပေမယ့် လစာညှိနှိုင်းနေရလို့ ရှေ့မတိုးနိုင်သေးတဲ့ ရူဒီဂါရဲ့ စာချုပ်သစ်

နောက်တန်းပုံစံမပျက်ဖို့နဲ့  အင်အားတွေဖြည့်တင်းနိုင်ဖို့က ချဲလ်ဆီးအသင်းအတွက်လက်ရှိစိန်ခေါ်မှုပါပဲ။ ချဲလ်ဆီးအသင်းရဲ့ အားကိုးရတဲ့နောက်ခံကစားသမား အသက်၂၈နှစ်အရွယ် ရူဒီဂါကတော့ လာမယ့်နွေရာသီမှာ သူရဲ့စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ဇန်နဝါရီ အပြောင်း‌အရွှေ့ကာလမှာ အခြားအသင်းတွေနဲ့ ကြိုတင်သဘောတူညီချက်ရယူထားဖို့စတင် ဆွေးနွေးနိုင်ပြီဖြစ်ပါတယ်။   ရူဒီဂါနဲ့ကြိုတင်သဘောတူညီချက် ရယူဖို့အတွက် ဘိုင်ယန်မြူးနစ်၊ပီအက်စ်ဂျီ နဲ့ ရီးရဲမက်ဒရစ် တို့က ကြိုးစားသွားဖို့ရှိနေတယ်လို့လည်း ကောလဟာလတွေ ထွက်ပေါ်နေပါတယ်။  ဒါပေမယ့် ချဲလ်ဆီးကလည်း တချိန်လုံး စာချုပ်သစ်ချုပ်ဆိုဖို့ အသဲအသန်ကြိုးစားနေခဲ့ပါတယ်။  ချဲလ်ဆီးအသင်းက လစာတိုးမြှင့်ပြီး ရူဒီဂါကို စာချုပ်အသစ် ကမ်းလှမ်းထားပေမယ့် ဂျာမနီသားကြီးကတော့ သူ့အနေနဲ့  တစ်ပတ်လစာ အသားတင် ပေါင်၂သိန်း(အခွန်‌ဆောင်ပြီးတဲ့နောက်) အထိရဖို့ ထိုက်တန်တယ်လို့ ယုံကြည်နေတာကြောင့် ဒီလစာကိုပေးဖိုအတွက် ချဲလ်ဆီးအသင်းဟာ အသင့်မဖြစ်သေးပဲ စာချုပ်သစ်  အတွက် ဆွေးနွေးမှုဟာ တိုးတက်မှု မရှိရသေးတာဖြစ်ပါတယ်။ ဒီအခြေအနေကို ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးနဲ့ စပါးအသင်းတို့... Continue Reading →

Website Powered by WordPress.com.

Up ↑