Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ (2Mar)

လိုင်လီအသင်း ဒေးဗစ်ကိုရောင်းချဖို့ရည်ရွယ်ထား လိုင်လီအသင်းဟာ  သူတို့ရဲ့တိုက်စစ်မှုး ဂျိုနသန်ဒေးဗစ်ကို ရောင်းထုတ်ဖို့ပြင်ဆင်နေပြီး  ပြောင်းရွေ့ကြေးအဖြစ် ပေါင်သန်း ၅၀ ခန့်သတ်မှတ်ထားတယ်လို့ စပိန်သတင်းစာ Fichajes ကဖော်ပြလာပါတယ်။ ကစားသမားအတွက် လိုင်လီအသင်းနဲ့ အာဆင်နယ်အသင်းအကြားပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ဆွေးနွေးမှုတွေရှိထားပြီးဖြစ်ပေမယ့် ၊ လက်ရှိအနေအထားအရ နယူးကာဆယ်အသင်းက ကြားဖြတ်ဝင်လာတာကြောင့် ဂန်းနားတို့အနေနဲ့ အပြိုင်ကြိုးပမ်းရဖွယ်ရှိနေပါတယ်။ ဂွမ်ဒူဇီကို ရောင်းချဖို့သေချာသွားပြီဖြစ် အာဆင်နယ်အသင်းဟာ  ကွင်းလယ်ကစားသမား ဂွမ်ဒူဇီကို မာဆေးလ်အသင်းထံ အပြီးသတ်ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်တယ်လို့ RMC Sport ကအတည်ပြုလာပါတယ်။  ဒီအပြောင်းအရွေ့ကို မာဆေးလ် ဥက္ကဌဖက်က သတင်းဌာနနဲ့အတွေ့မှာပြောသွားခဲ့တာဖြစ်ပြီး ၊ ကစားသမားနဲ့  ၃ နှစ်စာချုပ်အတွက် ပေါင် ၉ သန်းခန့်ပေးချေရဖွယ်ရှိတယ်လို့ သိရပါတယ်။ ဂွမ်ဒူဇီဟာ ဒီရာသီမှာ  ပြင်သစ်ကလပ်အတွက် ၃၈ ပွဲကစားပေးထားခဲ့ပြီး  နည်းပြ ဂျော့ဆမ်ပါအိုလီ ရဲ့ ... Continue Reading →

Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ (23Feb)

၆၀%  ပိုများတဲ့ လုပ်အားခနှုန်းထားနဲ့ စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိတဲ့ အာတီတာ The Sun  သတင်းစာရဲ့ဖော်ပြချက်အရ  မီခေးအာတီတာကို အသင်းဖက်က ၃ နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုသွားဖို့ရှိပြီး ၊ ယင်းစာချုပ်ဟာ ပေါင် ၂၅ သန်းခန့်တန်ကြေးရှိတယ်လို့သိရပါတယ်။ အာတီတာရဲ့ အသင်းကိုတည်ဆောက်ပုံနဲ့အခြားသောစွမ်းဆောင်ရည်တွေကို ပိုင်ရှင်တွေဖက်က သဘောကျနေတယ်လို့ဆိုပါတယ်။ အာတီတာဟာ လက်ရှိမှာ တစ်နှစ်ကို ၅ သန်းခန့်ရရှိနေပြီး  ထိုပမာဏဟာ ဘရန်ဒန်ရော်ဂျာရဲ့ ထက်ဝက် ၊ ဂွာဒီယိုလာရဲ့  ၄ပုံ၁ပုံ ပမာဏဖြစ်တယ်လို့ အဆိုပါသတင်းမှာဖော်ပြထားပါတယ်။ နိုင်းလ်စ်နဲ့ပတ်သတ်ပြီး စိတ်ပြောင်းလာပုံရတဲ့ ရိုးမား ရိုးမားအသင်းဟာ အာဆင်နယ်ကနေ အငှားလာရောက်ကစားနေတဲ့ နိုင်းလ်စ်ကို အပြီးသတ်ခေါ်ယူဖို့ ကြိုးပမ်းဖွယ်မရှိနေတာ့ဘူးလို့  Daily Cannon သတင်းဌာနက ဖော်ပြလာပါတယ်။  နည်းပြမော်ရင်ဟိုကလည်း နိုင်းလ်စ်အနေနဲ့ အသားတကျမရှိသေးတာကို ဝန်ခံပြောကြားခဲ့ပြီးတဲ့နောက် အခုလိုသုံးသပ်ဖော်ပြလာကြတာဖြစ်ပါတယ်။ နိုင်းလ်စ်ဟာ ရိုးမားအသင်းမှာ ... Continue Reading →

Website Powered by WordPress.com.

Up ↑