ချဲလ်ဆီးအတွက်ရဲဘော်ရဲဖက်ကောင်းများ

ပြီးခဲ့တဲ့အပတ်  ချန်ပီယံလိဂ်ပွဲမတိုင်ခင်တုန်းက ပြင်သစ်မှာသွားကစားခါနီးမှာ ခရီးသွားဖို့အရေး ပြသနာတက်ကြပါသေးတယ်။ ဒီတော့နည်းပြတူချယ်က လိုအပ်ရင် သူကိုယ်တိုင်ကားမောင်းပြီးပို့မယ်ဆိုပြီးပြောပါတယ်။ ဒါ့အပြင် “ ခရီးစရိတ်မရှိရင် ကျွန်တော်စိုက်ပေးလိုက်မယ်ဗျာ “  လို့  ကွင်းလယ်တိုက်စစ်သမား ကိုင်ဟာဗက်စ်ကလည်း ပြောလိုက်ပါတယ်။​ ဒီစကားတွေဟာ စိတ်တိုလာလို့ပြောတာဖြစ်နိုင်သလို  ချဲလ်ဆီးနဲ့အတူဖြတ်သန်းရင်း  နှလုံးသားပါ တသားထဲဖြစ်သွား တာလဲဖြစ်နိုင်ပါတယ်။  တူချယ်ဟာ ရာသီကုန်အထိ အသင်းကိုဆက်လက်ဦးဆောင်သွားမှာဖြစ်ကြောင်းပြောဆိုပြီး ပရိတ်သတ်တွေကို စိတ်အေးစေခဲ့ပါတယ်။ ထိုအချိန်တုန်းက ချဲလ်ဆီးရဲ့အနေအထားက လက်တွဲဖော်ပါတနာတွေရဲ့ စွန့်ခွာမှုကို ဆက်တိုက်ကြုံနေရချိန်ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ Trivago ရဲ့ဆက်လက် လက်တွဲမှုကိုရရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ အမေရိကန်လုပ်ငန်း Raine Group ရဲ့ ဦးဆောင်မှုနဲ့အတူ ပိုင်ရှင်သစ်ကိုအမြန်ဆုံးရှာဖွေနေပြီလို့သိရပါတယ်၊။  ဒီဆောင်းပါးမှာတော့ အသင်းရဲ့အားကိုးရတဲ့ကစားသမား ဟာဗက်ဇ် အကြောင်းပြောကြတာပေါ့။ ကနဦးပေါင် ၆၂ သန်း ၊ အပိုဆုကြေးတွေပါထည့်လိုက်ရင် ပေါင် ၇၂... Continue Reading →

အလားအလာကောင်းတဲ့လူငယ်မှသည် ကြယ်ပွင့်သစ်ဆီသို့

“ သူ့မှာကောင်းမွန်တဲ့အစွမ်းအစတွေရှိနေပါတယ်။ ဒီလိုပဲ အနာဂတ်ကောင်းကောင်းလဲရှိနေပါတယ်။ ဒါတွေအားလုံးလက်တွေ့ဖြစ်လာဖို့ကတော့ သူ့ပေါ်ပဲမူတည်နေပါတယ် “ ဒီစကားကိုဆိုလိုက်သူက နတ်ဘုရားကြီးဇလာတန်ဖြစ်ပြီး  မီလန်ရဲ့တောင်ပံကစားသမား  ရာဖာလီအိုကို ဆိုလိုတာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားရဲ့အရည်အသွေးဟာ အငြင်းပွားစရာမရှိသလို အသင်းအတွက်လည်း အရေးကြီးတဲ့တိုက်စစ်လက်နက်တစ်ခုပါပဲ။ ဒါပေမယ့်ပြသနာက ကောင်းကွက်နဲ့ဆိုးကွက်တွေ ရောနေတာပါ။ စပို့တင်း CP ရဲ့လူငယ်တစ်ယောက်ဖြစ်ဖူးတဲ့ လီအိုနဲ့ပတ်သတ်ပြီး သူ့ရဲ့နည်းပြဖြစ်ဖူးသူ လူးဝစ်စ်မာတင်က   FTF ကိုအခုလိုပြန်ပြောင်းပြောပြပါတယ်။ “ သူ့ကို ပထမဆုံးစပြီးသတိထားမိတုန်းက ကျွန်တော်နည်းစနစ်ဒါရိုက်တာအဖြစ်လုပ်ကိုင်နေချိနန်မှာပေါ့။  သူက  မှာကစားနေချိန်မှာပဲ ကွဲပြားမှုကိုမြင်နေရပါတယ်။ ကျွန်တော်တို့မှာ ရိုနယ်ဒို ၊ ဖီဂိုတို့လိုကစားသမားတွေကိုမွေးထုတ်ပေးထားတဲ့အတွေ့အကြုံအရ လီအိုကိုမြင်တာနဲ့ သူ့ရဲ့အလားအလာကိုခန့်မှန်းမိပါတယ်။  သူဟာ အားလုံးနဲ့ကွဲပြားနေသူပါ “    လို့ဆိုပါတယ်။ သူ့ကို ပေါ်တူဂီဘာပေ လို့လဲခေါ်ပြီး  အသက်အရွယ်တန်းအရ ခရစ်စတီယာနိုရိုနယ်ဒိုနဲ့လဲခိုင်းနှိုင်းခံထားရသူဖြစ်ပါတယ်။ လက်ရှိမီလန်မှာတော့ နောက်ချန်တိုက်စစ်မှုး အဖြစ်ရော ၊... Continue Reading →

Website Powered by WordPress.com.

Up ↑