၂၀၁၅ ခုနစ်တုန်းက အမြှောက်တပ်သားတွေရဲ့ ဂန္တ၀င်ကြီး အွန်နရီဟာ အာဆင်၀င်းဂါးရဲ့ ပွဲထွက်လူစာရင်း လိုအပ်ချက်တွေနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးအာဆင်နယ်အသင်း လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ သူ့အမြင်တွေကိုပြောခဲ့ပါတယ်။ ဒါပေမယ့် ခြောက်နှစ်ကြာပြီးနောက်မှာသာ အွန်နရီရဲ့ စိတ်ကူးတွေဟာ လက်ရှိနည်းပြ အာတီတာ လက်အောက်မှာ တဖြည်းဖြည်း ပုံပေါ်လာခဲ့ပါတယ်။ ဘောလုံးနဲ့ပတ်သက်တဲ့ သဘောထား ၊အသိအမြင်တွေဟာ ဘယ်လောက်မြန်မြန် ပြောင်းလဲတတ်တယ်ဆို တာကို မီခေးလ်အာတီတာ လိုမျိုး သတိထားမိမယ့်သူ ပရီးမီးယားလိဂ် မန်နေဂျာတွေထဲမှာ များများစားစား မရှိပါဘူး။ ဒီစပိန်သားဟာ လွန်ခဲ့တဲ့ ၁၂လလောက်တုန်းက ဘန်လေ၊ဝူဗာဟန်တန်တို့ကို အိမ်ကွင်းမှာ ရှုံနိမ့်ခဲ့ပြီး မလိုချင်တဲ့ စံချိန်ဆိုးတွေတောက်လျှောက်တင်ကာ အလုပ်ပြုတ်လုနီးပါးဖြစ်ခဲ့ပါတယ်။ နွေဟာ အပြောင်းအလဲတွေကို ဖြစ်ပေါ်စေတတ်ပါတယ်။ ပျော်ရွှင်မှုကို ငွေကြေးနဲ့ ၀ယ်ယူလိုမရဘူးဆိုပေမယ့် ပေါင်သန်း ၁၄၀ ဆိုတာက အသစ်အဆန်းတစ်ခုခု၊ အမြင်သစ်... Continue Reading →