ရှင်ပြန်ထမြောက်လာကြတဲ့ စစ်သည်တော်များ

ရာသီအစမှာတုန်းက အဆိုးရွားဆုံးစံချိန်တွေကို ကိုယ်စီပိုင်ဆိုင်ခဲ့ကြတဲ့အသင်း ၃ သင်းရှိပါတယ်။  အာဆင်နယ်​၊ ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာတို့ပဲဖြစ်ပါတယ်။  သမိုင်းတစ်လျှောက်မရောက်ဘူးတဲ့အဆင့်တွေရောက် ၊ အဆင့် ၂၀ ဖြစ်လို့ဖြစ် ၊ ဂိုးမိုးတွေခေါ်င်ကာဟာသတွေလုပ်ခံရ  စသည်ဖြင့် အစဥ်အလာရှိတဲ့ထိပ်တန်း ၃ သင်းဟာ အခြေပျက်ခဲ့ကြပါတယ်။​ ဒါပေမယ့် ရာသီသိမ်းဖို့ ၁၀ ပွဲကျော်လောက်ပဲကျန်ရှိချိန်မှာတော့ ကိုယ်စီကိုယ်ငှမျှော်လင့်ချက်တွေနဲ့ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်နေကြပါပြီ။ သူတို့တွေဘယ်လိုရုန်းထလာခဲ့ကြသလဲဆိုတာ  လေ့လာကြည့်ရအောင်ပါ။ ဂျူဗင်တပ်စ် နှစ်ပေါင်း ၆၀ အတွင်းတစ်ခါမှမရောက်ဘူးတဲ့ တန်းဆင်းဇုန်ထဲရောက်သွားတဲ့ စီးရီအေချန်ပီယံအများဆုံးရ အသင်းဟာ စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။ ခရစ္စတီယာနို ရိုနယ်ဒိုထွက်ခွာသွားချိန်မှာ တိုက်စစ်ကလုံးဝပုံပျက်သွားခဲ့ပြီး ချီယေဆာ တစ်ဂိုးလောက်သွင်းရင်  ဆုအကြီးကြီးရသလိုပျော်ခဲ့ရတယ်။  အယ်လီဂရီရဲ့ Direct Pass တွေပဲအားကိုးပြီး ကြုံသလိုကစားကွက်တည်ခဲ့ရတယ်။ ဒါပေမယ့် တဖြေးဖြေး Rhythm မှန်လာတဲ့ ဂျူဗင်တပ်စ်ဟာ  အမှတ်ပေးဇယားအလယ်ကိုပြန်ရောက်လာပါတယ်။  ချန်ပီယံလိဂ်မှာလည်း ချဲလ်ဆီးကိုအနိင်ကစားတဲ့ပွဲအပါအဝင်... Continue Reading →

Website Powered by WordPress.com.

Up ↑