ရှင်သန်လာသောအသင်း .. ရှင်သန်လာသော တိုက်စစ်မှုး

ပြီးခဲ့တဲ့အပတ်က အာဆင်နယ်ပရိတ်သတ်ဖြစ်တဲ့ အစီအစဥ်တင်ဆက်သူ ပီးယားစ်မော်ဂန်က အူဘာမီယန်ကို သတိရကြောင်းပြောဆိုလာခဲ့ပါတယ်။  ကာယကံရှင်ဖြစ်တဲ့ အူဘာကတော့   အရာအားလုံးက ကောင်းဖို့ဖြစ်လာကြောင်း၊ ခွဲခွာခြင်းဆိုပေမယ့် နှစ်ဖက်စလုံးအတွက်အဆင်ပြေကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။  ဒါပေမယ့် မော်ဂန်ရဲ့ ချီးကျူးသံဟာ တစ်ပတ်အကြာမှာပဲ နောက်ထပ်တစ်ကြိမ်ထွက်ပေါ်လာပြန်ပါတယ်။ ဘာစီလိုနာတို့ဟာ လုံးဝထင်မှတ်မထားတဲ့ရလဒ်အဖြစ် အယ်ကလပ်စီကိုပွဲမှာ ရီးရဲမက်ဒရစ်ကို ၀ - ၄ နဲ့အပြတ်နိုင်ခဲ့ကြပါတယ်။ ဒါဟာ ရူးသွပ်လောက်တဲ့အနေအထားဖြစ်ပါတယ်။ အထူးသဖြင့် ဖယိုဖရဲဖြစ်ပြီး တစစီပြန်ကောက်ထားရတဲ့ အခြေအနေကအသင်းတစ်သင်းဟာ နတ်ရေကန်ထဲကျတဲ့အလားပြန်လည်ရှင်သန်လာခဲ့တာဖြစ်ပါတယ်။ နည်းပြသစ်ဇာဗီ ၊ အသစ်ခေါ်ယူထားတဲ့ကစားသမားတွေနဲ့အတူ ရလဒ်တွေဆက်တိုက်ပြန်ကောင်းလာရာကနေ  ရီးရဲကိုပါ  ၄ ဂိုးပြတ်အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။​ ဒီနေရာမှာ နတ်ရေကန်ထဲကျခဲ့တာ ဘာစီလိုနာနဲ့အတူ တိုက်စစ်မှုး အူဘာမီယန်လဲ ပါဝင်ပါသေးတယ်။  အာဆင်နယ်အသင်းနဲ့အတူ စည်းကမ်းပိုင်း ပြသနာတွေတက်တဲ့အပြင် ခြေစွမ်းကပါ သိသိသာသာယိမ်းယိုင်နေခဲ့တဲ့  ဂါဘွန်တိုက်စစ်မှုးကြီးဟာ ဘာစီလိုနာမှာတော့ ခြေစွမ်းပြရုံအပြင် ဂိုးတွေပါသွင်းနေပြိဖြစ်ပါတယ်။ ... Continue Reading →

အူဘာမီယန်း ရှိခြင်းမရှိခြင်းဟာ အသင်းကို ဘာတွေထူးခြားစေခဲ့သလဲ

အာဆင်နယ်အသင်းရဲ့တိုက်စစ်မှူးဟောင်း အူဘာမီယန်းက အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ဘာစီလိုနာမှာ ဂိုးတွေသွင်းပြီး ခြေစွမ်းပြလျက်ရှိပါတယ်။ ဘာစီလိုနာ ဂျာစီနဲ့ အောင်ပွဲခံနေတဲ့ ကပ္ပတိန်ဟောင်းကြီးကို တွေ့ရတဲ့အခါ အာဆင်နယ်ပရိသတ်တွေအတွက် အနည်းငယ်တော့ လွမ်းစရာကောင်းနေနိုင်မှာပါ။  ဒီတော့ အခုချိန်မှာ မေးခွန်းတစ်ခုတော့ ထုတ်စရာရှိပါတယ်။ “အာတီတာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချခဲ့တာ ဟုတ်ရဲ့လား” ဆိုတာပါပဲ။  အာတီတာဟာ အသင်းရဲ့ကပ္ပတိန်ကို စည်းကမ်းမလိုက်နာမှုတစ်ခုနဲ့  အသင်းခေါင်းဆောင်အဖြစ်ကနေ ရပ်နား၊ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ကာ  ဒုတိယအခွင့်အရေးလည်း ပြန်မပေးခဲ့ပါဘူး။ ဂါဘွန်လက်ရွေးစင်ကြီးဟာ အသင်းနဲ့ စာချုပ်သက်တမ်းအချိန်တစ်ခုကြာကျန်နေသေးပေမယ့် အာတီတာကတော့ သူ့ကိုဇန်နဝါရီမှာပဲ အလွတ်ပြောင်းရွှေ့စေခဲ့ပြီး အခြားတိုက်စစ်မှူးတစ်ယောက်လည်း အစားထိုးမခေါ်ယူခဲ့ပါဘူး။  အာတီတာနဲ့ အသင်းရဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်လောက်ထိမှန်ကန်လဲ၊ ဘယ်လောက်ထိကော မှားယွင်းနေလဲဆိုတာ လက်ရှိအချိန်မှာ အဖြေရှာမယ်ဆိုရင် အနည်းငယ်တော့ စောကောင်းစောပါလိမ့်မယ်။ ဒါပေမယ့် နှိုင်းယှဉ်မှုတွေကနေ နီးစပ်တဲ့ အဖြေတစ်ခုတော့ ထွက်လာဖို့... Continue Reading →

ရှင်ပြန်ထမြောက်လာကြတဲ့ စစ်သည်တော်များ

ရာသီအစမှာတုန်းက အဆိုးရွားဆုံးစံချိန်တွေကို ကိုယ်စီပိုင်ဆိုင်ခဲ့ကြတဲ့အသင်း ၃ သင်းရှိပါတယ်။  အာဆင်နယ်​၊ ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာတို့ပဲဖြစ်ပါတယ်။  သမိုင်းတစ်လျှောက်မရောက်ဘူးတဲ့အဆင့်တွေရောက် ၊ အဆင့် ၂၀ ဖြစ်လို့ဖြစ် ၊ ဂိုးမိုးတွေခေါ်င်ကာဟာသတွေလုပ်ခံရ  စသည်ဖြင့် အစဥ်အလာရှိတဲ့ထိပ်တန်း ၃ သင်းဟာ အခြေပျက်ခဲ့ကြပါတယ်။​ ဒါပေမယ့် ရာသီသိမ်းဖို့ ၁၀ ပွဲကျော်လောက်ပဲကျန်ရှိချိန်မှာတော့ ကိုယ်စီကိုယ်ငှမျှော်လင့်ချက်တွေနဲ့ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်နေကြပါပြီ။ သူတို့တွေဘယ်လိုရုန်းထလာခဲ့ကြသလဲဆိုတာ  လေ့လာကြည့်ရအောင်ပါ။ ဂျူဗင်တပ်စ် နှစ်ပေါင်း ၆၀ အတွင်းတစ်ခါမှမရောက်ဘူးတဲ့ တန်းဆင်းဇုန်ထဲရောက်သွားတဲ့ စီးရီအေချန်ပီယံအများဆုံးရ အသင်းဟာ စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။ ခရစ္စတီယာနို ရိုနယ်ဒိုထွက်ခွာသွားချိန်မှာ တိုက်စစ်ကလုံးဝပုံပျက်သွားခဲ့ပြီး ချီယေဆာ တစ်ဂိုးလောက်သွင်းရင်  ဆုအကြီးကြီးရသလိုပျော်ခဲ့ရတယ်။  အယ်လီဂရီရဲ့ Direct Pass တွေပဲအားကိုးပြီး ကြုံသလိုကစားကွက်တည်ခဲ့ရတယ်။ ဒါပေမယ့် တဖြေးဖြေး Rhythm မှန်လာတဲ့ ဂျူဗင်တပ်စ်ဟာ  အမှတ်ပေးဇယားအလယ်ကိုပြန်ရောက်လာပါတယ်။  ချန်ပီယံလိဂ်မှာလည်း ချဲလ်ဆီးကိုအနိင်ကစားတဲ့ပွဲအပါအဝင်... Continue Reading →

ဗင်နီရှက်စ် (သို့မဟုတ်) လင်းလက်စကြယ်

လာလီဂါအင်အားကြီးကလပ် ရီးရဲမက်ဒရစ်အသင်းဟာအရေးပါတဲ့ဆုဖလား ပေါင်းများစွာနဲ့ အောင်မြင် ကျော်ကြားတဲ့ကစားသမား ပေါင်းများစွာတို တောက်ပဖြတ်သန်းခဲ့ဖူးတဲ့အသင်းတစ်သင်းဖြစ်ပြီး လူငယ် ကစားသမားများကိုအရောင်တင်ပေးတဲ့အသင်းတသင်းလဲဖြစ်ပါတယ်။ ရွှေရောင်မျိုးဆက်တို့ရဲ့ အနာဂတ် အသင်းဆိုရင်လဲမမှားပါဘူး။ ဘောလုံးအသင်း ဆိုပေမယ့် အဖက်ဖက်က အားနည်းချက်နည်းပါး အောင် ဟန်ချက်ညီညီရွေ့လျှားနေတဲ့ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းဖြစ်ပါတယ်။ ကြယ်စင်စုတို့ရဲ့ ကမ္ဘာဆိုပါတော့။ လက်ရှိအချိန်မှာအသင်း အနေနဲ့ လူငယ် ကစားသမားများဖြင့် ကြယ်စင်စု သွေးသစ်လောင်းနေတဲ့ အခြေ အနေမှာ တောက်ပလာတဲ့ ဘရာဇီး လူငယ်ကစားသမား ဗင်နီရှက်စ် ရဲ့ အရည်အချင်းတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဘရာဇီးနိုင်ငံသား ဗင်နီရှက်စ် ဟာ ဖလင်မင်ဂိုအသင်းကနေပြီး ရီးရဲလ် အသင်းကို ၂၀၁၈ခုနှစ် ကရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ပြောင်းရွှေ့လာချိန်မှာ အသက်၁၈ နှစ်ပြည့်ပြီးကာစ သာရှိသေးပြီး  ဘရာဇီးဘောလုံးလောကအတွက် နေမာပြီးရင် ... Continue Reading →

Website Powered by WordPress.com.

Up ↑