ကိုယ်အမူအရာ ကပြောပြနေတဲ့ လိင်စိတ်ဆန္ဒများ

Body Language လို့ခေါ်တဲ့ ကိုယ်အမူအရာ ဟာ လူအချင်းချင်းအကြား ဆက်ဆံရေးမှာ သိပ်ကိုအရေးပါလှတဲ့ အရာတစ်ခုပါ။ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ စိတ်ခံစားချက်နဲ့ အမူအကျင့်တွေကို ကောင်းကောင်းကြီးကို ကိုယ်အမူအရာကပြောပြနိုင်ပါတယ်။  တစ်ချို့သော ကိုယ်အမူအရာတွေဟာ ကိုယ့်ရဲ့ အတွင်းစိတ်ခံစားချက်နဲ့ ကုန်ကုန်ပြောရရင် လိင်စိတ်ခံစားချက်ကိုပါ ဖွင့်ဟအချက်ပြနေတာ ဖြစ်တယ်ဆိုတာကိုတော့ သိသူနည်းလှပါတယ်။ ကိုယ့်စိတ်မှာ တွေးမိလိုက်တဲ့ အတွေးစလေးကို ခန္ဓာကိုယ်က ရုတ်တရက်တုန့်ပြန်လိုက်တာမို့ တစ်ခါတစ်ရံမှာ ထိမ်းချုပ်ဖို့တောင် အချိန်မရလိုက်တာမျိုးဖြစ်သွားတတ်ပါတယ်။ ကိုယ့်ရဲ့ အသိမိတ်တွေ၊ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် ချစ်သူရဲ့ အပြုအမူတွေ၊ ကိုယ်နေဟန်တွေ၊ ကိုယ်အမူအရာတွေက ဘယ်လိုစိတ်ခံစားချက်မျိုးကို အချက်ပြနေတာလဲဆိုတာကို သိနားလည်ထားတယ်ဆိုရင်လည်း ဆက်ဆံပြောဆိုရမယ့် ကိစ္စအဝအဝမှာ ပိုပြီးအဆင်ပြေနိုင်တာပေါ့။ လူတွေရဲ့ အတွင်းစိတ်က တစ်စုံတစ်ရာကို တွေးတောမိချိန်မှာ ဘယ်လို ကိုယ်အမူအရာတွေကို တုန့်ပြန်ပြသတတ်သလဲဆိုတာကို ဗဟုသုတအဖြစ် ပြောပြချင်ပါတယ်။... Continue Reading →

ရိုးရှင်းတဲ့ဘဝအတွက် လမ်းညွှန်ချက် ၆ ချက်

ရိုးရှင်းတဲ့ဘဝဆိုတာ လူတိုင်းလိုချင်တဲ့ ဘဝမျိုးပေါ့။ ဒါပေမယ့်လူတိုင်းရဲ့ ဘဝတွေတိုင်းကတော့ ရိုးရှင်းနေတာမဟုတ်ပါဘူး။ ရိုးရှင်းတဲ့လူနေမှုပုံစံနဲ့ ရှင်သန်ကြီးပြင်းချင်တယ်ဆိုရင် ကိုယ်တိုင်ရိုးရှင်းစွာ‌ တွေးတောကြံစည်နေထိုင်ပြုမူနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုမျိုး ရိုးရှင်းပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ လူနေမှုဘဝမျိုးကိုမှ နှစ်လိုသဘောကျတဲ့သူမျိုးတွေ ခရီးဖော် FM ရဲ့ ပရိတ်သတ်တွေထဲမှာ ရှိကြလား။ ဒါဆိုရင်တော့ ရိုးရှင်းတဲ့ဘဝမျိုးမှာ နေထိုင်လို့ရမယ့် အကြံပြုချက်လေးတွေကို ပြောပြပေးသွားမယ်နော်။ 1. ရှင်းရှင်းလင်းလင်း တွေးတောလုပ်ကိုင်ပါ ဘဝမှာ ဘာတွေပဲဖြစ်လာပါစေ ရိုးရိုးရှင်းရှင်း တွေးတောကြံစည်ပြီး တုန့်ပြန်နိုင်ဖို့က အရေးကြီးပါတယ်။ ဒီအချက်က ရိုးရှင်းတဲ့ လူနေမှုပုံစံရဲ့ ပထမဆုံးနဲ့ အရေးအကြီးဆုံး ဥပဒေသလည်းဖြစ်ပါရဲ့။ အရေးပါတဲ့တန်ဖိုးနဲ့ ဦးစားပေးရမယ့်အရာတွေကို ရှင်းလင်းစွာ တွေးမြင်နိုင်စွမ်းရှိမယ်ဆိုရင် အရာရာတိုင်းက ပိုပြီးလုပ်ရကိုင်ရလွယ်ကူနေပါလိမ့်မယ်။ ပျော်ချင်ရင်ပျော်ပြီး စိတ်ညစ်ရာရှိရင်လည်း စိတ်ညစ်လိုက်ပေါ့။ ဒါက အရိုးရှင်းဆုံး စိတ်ခံစားချက်ပဲမဟုတ်လား။ ပျော်သလိုလို စိတ်ညစ်သလိုလိုနဲ့... Continue Reading →

သရက်သီး ချိုချိုလေးက ကျန်းမာစေပါတယ်

အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာလက်ဖက်ပါတဲ့။ စားအကောင်းဆုံးအစားအစားတွေကို ရည်ညွှန်းပြောဆိုထားတဲ့ပြောစကားလေးတစ်ခုပေါ့။ ဘယ်အသီးတွေ ဘယ်လောက်ပဲ ကောင်းပါတယ်ပြောပြော ရှေးလူကြီးတွေကတော့ အသီးတွေထဲမှာ သရက်သီးက အကောင်းဆုံးလို့ ဆိုထားပါတယ်။ သရက်သီးက အနံ့အရသာရော အရောင်အဆင်းပါ ပြည့်စုံတဲ့အသီးတစ်မျိုးပါ။ သရက်သီး အရသာကိုပဲ လူတွေက သိထားကြပြီး သရက်သီးက ဘယ်လိုမျိုး အကျိုးအာနိသင်တွေ ရနိုင်လဲ ဆိုတာကိုတော့ သိသူရှားပါတယ်။ သရက်ပင် ဘယ်ကစ သရက်ပင်က လွန်ခဲ့တဲ့နှစ်ပေါင်း ၄,၀၀၀ကျော်ကတည်းက ကမ္ဘာမြေပေါ်မှာရှင်သန်ခဲ့တာဖြစ်ပြီး ဟိမဝန္တာဒေသက သရက်ပင်ရဲ့ မိခင်ဒေသပါ။ သရက်သီးအမျိုးပေါင်း ၁,၀၀၀ကျော်ရှိတာဖြစ်ပြီး တစ်မျိုးနဲ့တစ်မျိုး အရသာချင်းမတူကြပါဘူး။ အရသာမတူကြပေမယ့် ခန္ဓာကိုယ်ကို အကျိုးပြုတာချင်းကတော့ အတူတူပါပဲ။ သရက်သီးကို အစိမ်းတို့စားတာ၊ သုပ်စားတာ၊ ဆားရည်စိမ်စားတာမျိုးရှိသလို ငံပြာရည်ငရုတ်သီးမှုန့်နဲ့နယ်စားတာ၊ ငရုတ်သီးမှုန့်၊ဆားတို့နဲ့လုပ်ထားတဲ့ အရသာမှုန့်နဲ့တို့စားတာလို့လည်းရပါတယ်။ အမှည့်ခံပြီးစားတာမျိုးလည်းရှိပါတယ်။ သရက်သီးမှည့်... Continue Reading →

သောက်နေတဲ့ရေက သန့်စင်တယ်ဆိုတာ သေချာရဲ့လား

ရေအသက် တစ်မနက်ပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်က ၆၀% ကျော်ပါဝင်နေတာကြောင့် ရေဓာတ်က ပြည့်ဝဖို့က အတော်လေး အရေးကြီးတာပါ။ ရေဓာတ်ပြည့်ဝဖို့ ရေသောက်တယ်ဆိုတဲ့နေရာမှာလည်း ကျန်းမာဖို့ဆိုရင် သန့်ရှင်းတဲ့ သောက်သုံးရေကို သောက်ဖြစ်ဖို့ လိုပါမယ်။ သောက်ရေဆိုတိုင်း ရေသန့်တာမဟုတ်သလို ရေကြည်တိုင်းလည်း ရေသန့်လို့ မဆိုသာပါဘူး။ ဒီတစ်ခေါက်တော့ သောက်သုံးနေတဲ့ ရေကသန့်ရဲ့လား။ ဘေးကင်းရဲ့လား။ ဘေးမကင်းဘူးဆိုရင် ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖော်ပြပေးသွားပါမယ်။  သောက်သုံးရေက ဘေးမကင်းဘူးဆိုတာကို သိရှိနိုင်မယ့် လက္ခဏာတွေက ဘာတွေလဲ ရေက အသက်ရှင်နေထိုင်ရေးအတွက် အတော်လေး အရေးပါပါတယ်။ ချက်ပြုတ်ဖို့ရော လျှော်ဖွတ်ဖို့ရော၊ သောက်ဖို့ရော၊ ချိုးဖို့ရောပေါ့။ ဒီလို အသုံးပြုနေရတဲ့ ရေတွေက သန့်ရှင်းဖို့ လိုပါမယ်။ အထူးသဖြင့် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနေတဲ့ သောက်ရေပေါ့။ ဒီတော့... Continue Reading →

ဆယ်ကျော်သက်အရွယ်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေမယ့် နည်းလမ်းများ

ဆယ်ကျော်သက်အရွယ်ဆိုတာက ပျော်ရွှင်စရာ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတဲ့ အသက်အရွယ် အပိုင်းအခြား တစ်ခုပါ။ ဒါပေမယ့် ဆယ်ကျော်သက်တိုင်းကရော ပျော်ရွှင်နေရဲ့လား. ဆယ်ကျော်သက်အရွယ်မှာ မပျော်ရွှင်ခဲ့ရလို့ဆိုပြီး အသက်ကြီးမှ နောင်တရနေတာမျိုး မဖြစ်စေဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဒီလိုပြောရတာက ဒီဆောင်းပါးလေးထဲမှာ ပျော်ရွှင်စိတ်လှုပ်ရားစရာ ကောင်းတဲ့ ဘဝရဲ့ အပိုင်းအခြားလေးတစ်ခုဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်မှာ တက်ကြွပျော်ရွှင်တဲ့ ဆယ်ကျော်သက်လေးတွေဖြစ်စေဖို့အတွက် မွေးမြူသင့်တဲ့ အလေ့အထလေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ပျော်ရွှင်မှုကို မလိုလားသူ မရှိပါဘူး လူသားတိုင်းက ပျော်ရွှင်မှုကို လိုလားပါတယ်။ ဒါပေမယ့် ပျော်ရွှင်မှုဆိုတာက လူသားတွေ ကိုယ်ဆိုင် ဖန်တီးယူဖို့ ထိန်းချုပ်ဖို့ လွယ်ကူတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူးလို့ တော်တော်များများက လက်ခံယူဆထားကြပါတယ်။ တကယ်က ပျော်ရွှင်မှုက တစ်နေ့တာမှာ ကြုံတွေ့ရတဲ့ အခြေအနေ အရပ်ရပ်နဲ့လည်း သက်ဆိုင်နေပါတယ်။ ဒီလို... Continue Reading →

ကော်ဖီလား? ဘီယာလား? ဘော်ဒါတို့

Super Sunday ကို ပြန်ရောက်လာပြီနော် ဘော်ဒါတို့။ ထုံးစံအတိုင်း အေးအေးဆေးဆေး Chill ပြီး အနားယူရမယ့် ရက်လေးတစ်ရက်ပေါ့။ ဒီတစ်ပတ်မှာတော့ တနင်္ဂနွေရဲ့ အကောင်းဆုံး အခိုက်အတန့်လေးတွေကို စိတ်ကိုလန်းရွှင်စေမယ့် အဖျော်ယမကာလေးတစ်ခုနဲ့ ဖြတ်သန်းကြရအောင်ဗျာ။ ကျွန်တော်တို့ အကြိုက်ဆုံးအနှစ်သက်ဆုံးတွေကိုပဲ စဉ်းစားကြည့်ကြမယ်။ ဒါဆိုရင်တော့ သေချာတယ်၊ ကော်ဖီ ဒါမှမဟုတ် ဘီယာပေါ့။ ကော်ဖီလား? ဘီယာလား? ကော်ဖီဆိုတာ မနက်စာ၊ ဘီယာဆိုတာ ညစာလို့ ဘော်ဒါတို့တွေးကောင်းတွေးနေမိနိုင်တယ်။ ဒါပေမယ့် Sunday အတွက် အကောင်းဆုံး Super Drink တစ်ခုကို ဒီထဲက တစ်မျိုးပဲ ရွေးချယ်ပြီး ဇိမ်ခံကြရတော့မယ်ဆိုပါတော့။ ဘာကို ရွေးချယ်ကြမလဲ။ တွေးရခက်လှတယ်နော်။ မဟုတ်ဘူးလား။ ဒီတော့ ရွေးရလွယ်အောင် လမ်းညွှန်ချက်လေးတွေပြောပေးပါမယ်ဗျာ ကော်ဖီ Energy - ကော်ဖီမှာပါဝင်တဲ့... Continue Reading →

ထက်မြက်တဲ့လူတစ်ယောက်ဖြစ်ဖို့ လိုက်နာရမယ့် အမူအကျင့် ၁၂ ချက်

လူရယ်လို့ဖြစ်လာရင် စားဝတ်နေရေးအတွက် အချိန်တစ်ခုမှာ လုပ်ငန်းခွင်ကို ဝင်ကြရတယ်မဟုတ်လား။ အလုပ်လုပ်ကြပြီဆိုရင် ဘယ်သူကတော့ တော်တဲ့ဝန်ထမ်း၊ ဘယ်သူကတော့ သိပ်မကြိုးစားတဲ့ ဝန်ထမ်းဆိုပြီး ကွဲပြားသွားကြတယ်။ တစ်ချို့တွေက ထိပ်တန်းနေရာတွေမှာ ရာထူးကြီးတွေနဲ့ အောင်မြင်သွားကြပေမယ့် တစ်ချို့တွေကတော့ သာမာန်ဘဝကနေမတက်ပဲ ရုံးကန်နေကြရတယ်လေ။ လူ့သဘာဝက ရှင်းပါတယ်။ သူများ ၁၀၀၀ ရရင် ကိုယ်လည်း ၁၀၀၀ ရချင်ကြတာချည်း။ ဒါပေမယ့် လူတိုင်းမရကြတာက ကြိုးစားပုံ ကြိုးစားနည်းနဲ့ အမူအကျင့်ဆိုင်ရာ ပြဿနာတွေကြောင့်ပါပဲ။ ကိုယ်က ရည်မှန်းချက်ကြီးမားတယ်၊ ထက်မြက်ပြီး အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာချင်တယ်ဆိုရင် ကိုယ့်ဆီမှာရှိနေတဲ့ အမူအကျင့်ဆိုးတွေကို ပြုပြင်ပြီး အောက်ပါနည်းလမ်းတွေနဲ့အတူ ကြိုးစားကြည့်လိုက်ပါ။ ကိုယ်လိုချင်တဲ့ ဘဝပန်းတိုင်ဆီကို ရောက်ဖို့ ဒီလမ်းညွှန်ချက် ၁၂ ချက်က ကူညီပေးပါလိမ့်မယ်။ မေးခွန်းထုတ်ပါ အရာရာ နောက်မှာ နေတတ်သူတစ်ယောက်က ထက်မြက်တဲ့လူမဟုတ်ပါဘူး။... Continue Reading →

အားတိုင်း Selfie ဆွဲနေတာဟာ စိတ်ဝေဒနာပါ

ဒီဘက်ခေတ်မှာ စမတ်ဖုန်းတွေက သိပ်ကို အသုံးတည့်လာပါတယ်။ လူနေမှုဘဝမှာ မရှိမဖြစ်အရာတစ်ခုဖြစ်လာသလို တဖက်မှာလည်း စမတ်ဖုန်းနဲ့ ဆက်နွယ်နေတဲ့ ရောဂါဘယတွေကလည်း အမျိုးမျိုး ပေါ်ထွက်လာနေပါတယ်။ ဒီလို စမတ်ဖုန်းတွေနဲ့ဆက်နွယ်နေတဲ့ ကျန်းမာရေးပြဿနာတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေသာမကပဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေလည်း ပါဝင်နေပါတယ်။ ဥပမာတစ်ခုပြောရရင်တော့ Selfie Syndrome ပေါ့။ ရောက်လေရာအရပ်မှာ ဖုန်းလေးဖွင့်ပြီး Selfie ဆွဲနေပြီဆိုရင် ဒီပြဿနာကို သတိထားဆန်းစစ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုရင်တော့ ဒါက Selfie Syndrome ဖြစ်နေတာဖြစ်နိုင်လို့ပါပဲ။ ယျေဘယျအားဖြင့် Selfie ရိုက်တာကို လှချင်ပချင်တဲ့ အမျိုးသမီးငယ်လေးတွေ အများဆုံးပြုမူကြပါတယ်။ ဒီလိုပြောလို့ အမျိုးသားတွေနဲ့ အမျိုးသမီးကြီးတွေရော မရိုက်ဖူးလားလို့တော့ မမေးပါနဲ့။ သူတို့လည်း လုပ်ကြတာပါပဲ။ အရေအတွက် အနည်းငယ်သာ နည်းပါးတာပါ။ ဒီလို နေရာတကာ Selfie... Continue Reading →

နွေပူပူအတွက် သောက်စရာ

မကြာခင်မှာ နွေရောက်လာတော့မှာပါ။ အပူချိန်တွေက အခုချိန်ကတည်းက စပြီး မြင့်တက်စပြုနေပါပြီ။ ချွေးတွေ တအား ထွက်တာ၊ ခြေကုန်လက်ပမ်းကျတာ၊ နေရထိုင်ရတာ ညီးစီစီ ဖြစ်တာတွေကို ခံစားနေရတာ လူတိုင်းနီးပါးပါ။ ဒီလို ကာလမှာ ကျန်းမာနေစေဖို့ဆိုရင် ရေဓာတ်ပြည့်ဝဖို့ လိုပါမယ်။ ဒီလို ရေဓာတ် ပြည့်ဝအောင် ဖြည့်တင်းတဲ့နေရာမှာလည်း ကျန်းမာရေးန့ ညီညွတ်အောင် ဖြည့်တင်းဖို့ လိုပါမယ်။ ဒီတော့ နွေပူပူမှာ ကျန်းမာစွာနဲ့ ရေဓာတ်ဖြည့်ပေးနိုင်မယ့် သောက်စရာလေးတွေကို ပြောပြပေးသွားပါမယ်။ အုန်းစိမ်းရည် အုန်းစိမ်းရည်က အပူဒဏ်ကို သက်သာစေနိုင်သလို ကိုယ်တွင်းက ဓာတ်တွေကိုလည်း ညီညွှတ်မျှတအောင် ထိန်းညှိပေးပါတယ်။ အသားအရေကိုလည်း နေရောင်ကြောင့် မပျက်စီးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကြံရည် ကြံရည်က ခန္ဓာကိုယ်ကို အပူဒဏ်ကနေ ကာကွယ်ပေးနိုင်မယ့် သောက်စရာ တစ်မျိုးပါ။ ခန္ဓာကိုယ်ကု အားဖြည့်ပေးသလို... Continue Reading →

နွေရာသီမှာ ရည်းစားရှာပါ

နွေရောက်ပြီလေ … ရိုးတံကျဲကျဲ ပင်အိုတို့ အလှချင်းလဲပြိုင် … နွေရောက်ပါပြီ။ ပင်အိုတို့ အလှချင်းပြိုင်နေတဲ့ ဒီလိုရာသီဥတုမျိုးဟာ သူ့အတိုင်းချည်းတောင် လွမ်းမောဖွယ်ရာ၊ အချစ်ရနံ့တို့ထုံသင်းကြိုင်လှိုင်နေတဲ့ ရာသီဥတုမျိုးပေါ့။ ဒီလိုရာသီဥတုမျိုးဟာ အမှတ်တရတွေ ပြည့်နှက်နေမယ့် အချစ်ဇာတ်လမ်းလေးတွေစတင်ဖို့ အကောင်းဆုံးအချိန်ဆိုရင် သင်ယုံနိုင်မလား။ မယုံမရှိပါနဲ့ နွေရာသီဟာ အချစ်ဇာတ်လမ်းလေးတွေ စတင်ပေါ်ပေါက်ဖို့ Relationship တွေစတင်ဖို့ အကောင်းဆုံး ရာသီပါ။ ဘာကြောင့်လဲလို့ သိချင်သွားပြီမဟုတ်လား … အခု ဆက်ပြောပြပေးပါမယ်။ 1. Hanging out လုပ်ဖို့ သိပ်တွေးနေစရာမလိုဘူး နွေရာသီဟာ Hanging out လုပ်ဖို့ သိပ်ကောင်းတဲ့ရာသီပါ။ ဒီလိုကာလမျိုးမှာ လူတွေက သိပ်ပြီး ရှည်ရှည်ဝေးဝေးတွေးမနေကြပဲ Hanging out လုပ်တတ်ကြတယ်။ ညနေနေဝင်ဆည်းဆာမှာ ဒင်နာလေးပဲစားမလား၊ အပေါင်းအသင်းတွေနဲ့ ရီဝေဝေလေးပဲ ပျော်ကြမလား၊... Continue Reading →

Website Powered by WordPress.com.

Up ↑