တန်းဆင်းအသင်းရဲ့ ကစားသမားမှသည် ချန်ပီယံလိဂ်ဂိုးသွင်းသူအဖြစ်သို့  ..

ဒန်ဂျူးမားတစ်ယောက် ဗီလာရီးရဲကိုပြောင်းသွားတုန်းက တိတ်တိတ်ဆိတ်ဆိတ်ကလေးပါပဲ။  ပေါင်  ၂၅ သန်းဆိုတာ  ခုနောက်ပိုင်း ငွေသိပ်မသုံးတဲ့ လာလီဂါမှာတော့  ပြောစရာနဲနဲလေးဖြစ်နေပေမယ့်  ပရီးမီးယားလိဂ်ရဲ့ သတင်းတွေသာကြီးစိုးနေချိန်မှာ   အဂ်လန်အသင်းငယ်တစ်သင်းကနေ စပိန်အသင်းတစ်သင်းဆီကို ပြောင်းရွေ့တာက လူသိပ်စိတ်မဝင်စားခဲ့ကြ။ သို့သော် ချန်ပီယံလိဂ်မှာ လူကြိုက်များတဲ့အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့တဲ့ ပွဲစဥ်တွေမှာ ခြေစွမ်းပြ ဂိုးတွေသွင်းရင်းသူ့နာမည်ကို သတိထားမိလာကြပါတယ်။ အခုတော့  မှတ်တမ်းသစ်များစွာကိုရေးထိုးလိုက်တဲ့ ဘိုင်ယန်မြူးနစ်ကို အနိုင်ရတဲ့ပွဲရဲ့ တစ်လုံးထဲသောသွင်းဂိုးရှင်ဖြစ်လာပါတယ်။ မရှေးမနှောင်းမှာပဲ လီဗာပူးလ်နည်းပြ ကလော့ကသူ့ကိုလိုချင်နေတယ်ဆိုတဲ့သတင်းကလဲ တစ်ပါထဲထွက်ပေါ်လာခဲ့ပါတယ်။ အရာအားလုံးက ခပ်မြန်မြန်ပါပဲ။ အရပ်  ၅ပေ ၁၀လက်မရှီပြီး အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ဒန်ဂျူးမားဟာ  ပရိုဖိုင်းအမြင့်ကစားသမားတော့မဟုတ်ခဲ့ပါ။ ဒါပေမယ့် ဘယ်တောင်ပံကနေ ကျွမ်းကျင်မှုကောင်းကောင်းနဲ့ထိုးဖောက်ကစားမှုတွေကို ဒီရာသီမှာ ဆက်တိုက်မြင်နေရပြီဖြစ်ပါတယ်။ သူဂိုးသွင်းယူထားတဲ့အသင်းတွေထဲမှာလည်း ထိပ်တန်းအသင်းကြီးတွေပါဝင်နေတာဖြစ်လို့  ပိုပြီးတော့နာမည်ထွက်လာတာလဲဖြစ်ပါတယ်။ ဘိုင်ယန်ကိုသွင်းယူတဲ့ဂိုးကလည်းသူ့ရဲ့အကင်းပါးမှုကိုဖော်ပြနေပါတယ်။ လက်ရွေးစင်အသင်းနဲ့လဲ  ၆ ပွဲကစား... Continue Reading →

ယာအိုဖီးလစ်ကို ခေါ်ယူဖို့ ခြေတစ်လှမ်းထပ်တိုးလာပြီဖြစ်တဲ့ လီဗာပူးလ်

အက်သလက်တီကို မက်ဒရစ်ရဲ့ လူ တိုက်စစ်ကစားသမား  ဖီးလစ်ကို သူရဲ့လူငယ်ကစားသမားဘ၀မကုန်ဆုံးခင်မှာ လီဗာပူးလ်အသင်းက ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ သိရပါတယ်။ အသက်၂၂နှစ်အရွယ်ကစားသမားကို အက်သလက်တီကို မက်ဒရစ်က ၂၀၁၉ခုနစ်မှာ ဘင်ဖီကာကနေ ပေါင် ၁၁၃သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့စတုတ္ထမြောက် ဈေးအကြီးဆုံးကစားသမား မှတ်တမ်းတင်ထားတဲ့ ယာအို ဖီးလစ်ဟာ အက်တလက်တီကို မက်ဒရစ်နဲ့ ခုနစ်နှစ် စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပြီး လက်ရှိမှာ စာချုပ်သက်တမ်းလေးနှစ် ကျန်ရှိနေသေးပါတယ်။  အက်သလက်တီကိုကနေ ဂရစ်ဇ်မန်းထွက်ခွာသွားပြီးတဲ့နောက်မှာ ဆင်မြူနီဟာ အသင်းအတွက် အားကိုးရာအဖြစ် ယာအိုဖီးလစ်ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် လက်ရှိအချိန်အထိတော့ ကစားသမားဟာ သူ့ရဲ့မန်နေဂျာနဲ့ ပရိသတ်တွေ မျှော်လင့်ထားသလောက် မလုပ်ပြနိုင်သေးပဲ စပိန်မြေမှာ ရုန်းကန်နေရတာဖြစ်ပါတယ်။  လက်ရှိရာသီမှာ ဖီးလစ်ဟာ သူပွဲထွက်ခွင့်ရထားခဲ့တဲ့ ၂၁ပွဲမှာ လူစား၀င်ကစားသမားအဖြစ် ၁၀ပွဲ ပါ၀င်ကစားခဲ့ရတာ ဖြစ်ပါတယ်။ကစားခွင့်ရထားတဲ့ပွဲစဉ်အများစုက... Continue Reading →

“အမ်းမရိတ်မှာ အမြှောက်တပ်သားတွေက ကြိုးကြာနီတွေကိုရင်ဆိုင်ရတဲ့အခါ “

လက်စတာစီးတီးကို ဂိုးပြတ်အနိုင်ရခဲ့တဲ့အောင်ပွဲထဲမှာပဲ မျောနေလို့မဖြစ်ပဲ နောက်ထပ်ခက်ခဲတဲ့ တိုက်ပွဲတစ်ခုကို အမ်းမရိတ်မှာ အမြှောက်တပ်သားတွေ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။အချိန်က‌တော့ မြန်မာစံတော်ချိန် ကြာသပတေးနေ့မနက် (၂:၄၅)နာရီဖြစ်ပြီး ပြိုင်ဘက်ကတော့ မာဆေးဆိုဒ်ကနေ လာမယ့် ဂျာဂင်ကလော့ပ်ရဲ့ ကြိုးကြာနီတွေပဲ ဖြစ်ပါတယ်။  ပရီးမီးယားလိဂ် နောက်ဆုံးငါးပွဲဆက် အနိုင်ရထားတဲ့ အာဆင်နယ်ဟာ လက်ရှိအချိန်မှာ ခြေစွမ်းအရ‌ရော၊ ယုံကြည်မှုပိုင်းအရပါ အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ မန်စီးတီးနဲ့ သူတင်ကိုယ်တင် မကြောက်မရွံ့ဆော့ကစားနိုင်ခဲ့သလို လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ ဒီလိုမျိုးထပ်စွမ်းဆောင်ပြနိုင်ဦးမလားဆိုတာတော့ စိတ်၀င်စားစရာကောင်းပါတယ်။ ဒီပွဲစဉ်ကိုသာ အနိုင်ရခဲ့ရင် ချန်ပီယံလိဂ်၀င်ခွင့်အတွက် အနီးကပ်ဆုံးပြိုင်ဘက် မန်ယူကို ၄မှတ်ဖြတ်ပြီး အဆင့်လေးနေရာမှာ ဆက်လက်ရပ်တည်နေနိုင်မှာဖြစ်တာကြောင့် အာတီတာနဲ့ အသင်းသားတွေကတော့ ဒီပွဲစဉ်ကို ဗိုလ်လုပွဲတစ်ပွဲလိုကစားဖို့ ပြင်ဆင်လာမှာပါ   လက်စတာစီးတီးနဲ့ပွဲမှာသက်သက်သာသာအနိုင်ရခဲ့တဲ့ပွဲအကြောင်းကို နဲနဲပြန်ကြည့်ရအောင်ပါ။  အာဆင်နယ်တို့  ပုံစံကောင်းရနေတာတွေ ၊ ဆာကာ... Continue Reading →

M.S.News – နောက်ဆုံးရဘောလုံးသတင်းများ (​5Mar)

အသင်းမှာထာဝရကစားလိုကြောင်းပြောလာတဲ့မာတင်နယ်လီ အာဆင်နယ်လူငယ်တိုက်စစ်မှုးမာတင်နယ်လီက  သူ့အနေနဲ့  အခွင့်အရေးသာရှိမယ်ဆိုရင် အသင်းမှာ အမြဲတန်းကစားသွားမယ်လို့ ဖွင့်ပြောလာပါတယ်။ ဒီအသင်းမှာပဲ ဘ၀တစ်ခုလုံး နေလို့ရတယ်ဆိုရင် ဒီမှာပဲ ကျွန်တော်နေသွားမှာပါ။ အာဆင်နယ်နဲ့အတူ အောင်မြင်မှုတွေ ရှာဖွေချင်‌ပါသေးတယ်။ အရင်ကပြောခဲ့သလိုပဲ အသင်းမှာ နေပြီး ဒီလိုအံ့ဩဖို့ကောင်းတဲ့ ပရိသတ်တွေ၊အသင်း‌ဖော်တွေနဲ့အတူ ချန်ပီယံဆုတွေကို အရယူသွားချင်ပါတယ်”  လို့ဆိုခဲ့တာပါ။ ဒါ့အပြင် အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ကစားရဖို့ထိုက်တန်ကြောင်း ၊ ဒီအတွက်အသင်းသားတွေနဲ့ အတူတကွကြိုးစားနေကြောင်းကိုလည်းထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ ၁၉ နှစ်အရွယ်တောင်ပံလူကိုခေါ်ယူလိုက်တဲ့ ဘာကာ ဘာစီလိုနာအသင်းဟာ ရေးဆင်းတောင်ပံကစားသမား ပါဘလိုတိုရီ ကို သန်း ၂၀ ခန့်နဲ့ခေါ်ယူလိုက်ပြီဖြစ်ကြောင်းအတည်ပြုပြောကြားသွားခဲ့ပါတယ်။  ဧပြီလမှာ  အသက် ၁၉ နှစ်ပြည့်မယ့် စပိန်သားလေးဟာ  စပိန်တတိယတန်းအသင်းအတွက် ဒီရာသီမှာ ၁၂ ဂိုးသွင်းပေးထားနိုင်သူလည်းဖြစ်ပါတယ်။ အဆိုပါကစားသမားလေးကို ရီးရဲမက်ဒရစ်နဲ့ ဆိုစိဒက်တို့ကလည်း ပေါင် ၁၀ သန်းဝန်းကျင်နဲ့ကမ်းလှမ်းခဲ့ကြပေမယ့် ဘာစီလိုနာက... Continue Reading →

သမိုင်းဝင်ပွဲစဥ်တစ်ပွဲ (Liverpool vs Arsenal 1989)

၂၀၁၁-၂၀၁၂ ဘောလုံးရာသီမှာ မန်စီးတီးနဲ့မန်ယူတို့ရဲ့ ‌နောက်ဆုံးပွဲနောက်ဆုံးမိနစ်တွေအထိ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် တိုက်ပွဲ၀င်ခဲ့ကြတာကို ပရိသတ်တွေ မှတ်မိကြဦးမှာပါ။ မန်စီးတီးဟာ အချိန်ပိုသွင်းဂိုးတွေနဲ့ ကျူပီအာကိုအနိုင်ယူပြီး ခါးသီးတဲ့ မြို့ခံပြိုင်ဘက် မန်ယူကို ဂိုးကွာခြားချက်အသာနဲ့ ကျော်ဖြတ်ကာ  နောက်ဆုံး ၄၄နှစ်အတွင်း အမှတ်ပေးပြိုင်ပွဲ ချန်ပီယံဖြစ်ခဲ့တာဟာ ‌ဘောလုံးပရိသတ်တွေအတွက်တော့ အမှတ်ရစရာပါပဲ။ ထိုပွဲစဥ်ကဲ့သို့အကြိတ်အနယ်ရှိတဲ့ သမိုင်းဝင် ပရီးမီးယားလိဂ် ချန်ပီယံလုပွဲစဥ်တစ်ပွဲဟာ ၁၉၈၉ခုနစ်မှာ ကစားခဲ့ကြပါတယ်။ ၁၉၈၈-၈၉ ဘောလုံးရာသီရဲ့ နောက်ဆုံးပွဲစဉ်မှာ အန်ဖီးလ်မှာ လီဗာပူးလ်နဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့ဆုံနေကြပြီး ဒီပွဲစဉ်ဟာ သူတို့နှစ်သင်းထဲက ချန်ပီယံဘယ်သူဖြစ်မလဲဆိုတာကို အဆုံးအဖြတ်ပေးမယ့် ပွဲစဉ်ပါပဲ။  ဒီပွဲစဉ်ကို လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ကျင်းပခဲ့ရမှာ ဖြစ်ပေမယ့် လီဗာပူးလ်ပရိသတ်၉၇ယောက်သေဆုံးခဲ့တဲ့ အန်ဖီးလ်ကွင်းရဲ့ ဟေးဘရော့ဒ်ပွဲကြည့်စင် ပြိုကျခြင်း ဖြစ်ရပ်ဆိုးကြောင့် လေးစားမှုနဲ့ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပြီး မေလ ၂၆ရက်နေ့မှသာယှဉ်ပြိုင်ခဲ့တာ ဖြစ်ကြတယ်။... Continue Reading →

ချဲလ်ဆီးသတင်းမှတ်စု (26Feb)

ရူဒီဂါက ဘယ်လို ကူညီခဲ့တယ်ဆိုတာကို ချာလိုဘာပြန်ပြောပြလာ ချဲလ်ဆီးနောက်ခံလူ ချာလိုဘာက  နွေရာသီမှာ အသင်းကထွက်ခွာဖွယ်ရှိနေတဲ့  ရူဒီဂါနဲ့သူ့ရဲ့ဆက်နွယ်မှု အကြောင်းကို The Athletic နဲ့တွေ့ဆုံရာမှာပြောပြလာပါတယ်။  “  ကွန်တီရဲ့လက်အောက်မှာတုန်းက ကျွန်တော်က အငှားသွားကစားလိုက် ၊ အသင်းကို ပြန်ရောက်လာလိုက်နဲ့ အချိန်မှာပေါ့ဗျာ။  အဲ့ဒီအချိန်မှာ ရူဒီဂါဟာ ကျွန်တော့်ကို ယုံကြည်မှုပေးခဲ့တဲ့ တစ်ဦးထဲသောသူပါ။ အမြဲတန်း ကျွန်တော့်ကို ကြိုးစားဖို့ ၊ အားမလျှော့ဖို့ ဘေးကနေ အားပေးနေခဲ့ပါတယ်။  ကျွန်တော်ဟာ ချဲလ်ဆီးအဆင့်မှာကစားဖို့ ထိုက်တန်တဲ့အဆင့်မှာ ရှိကြောင်းဘေးနားကနေပြောပေးနေခဲ့တာပေါ့ “ လို့  ကျေးဇူးတင်ကြောင်းပြောဆိုသွားခဲ့ပါတယ်။ ချဲလ်ဆီးဖလားကိုင်မြှောက်မယ်လို့  ဂျိုးကိုးပြော ကာရာဘောင်းဖလားဗိုလ်လုပွဲနဲ့ပတ်သတ်ပြီး ကစားသမားဟောင်း ဂျိုးကိုးလ်က အခုလိုပဲသူ့ရဲ့ထင်မြင်ချက်ကိုပြောပြလာပါတယ်။  “ တူချယ်မှာ အစီအစဥ်ကောင်းတစ်ခုခုရှိနေမှာပါ။  ဂျော်ဂျင်ဟိုကို လိုင်လီနဲ့ပွဲမှာမတွေ့ခဲ့ရတာကလဲ အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။  ကျွန်တော်ကတော့ ချဲလ်ဆီးအသင်းဖလားကိုင်မြှောက်နိုင်လိမ့်မယ်လို့  ပြောချင်ပါတယ်။... Continue Reading →

ဆာကာ ကို ကလော့ ကခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတာ တကယ်လား

ဆာကာ ကိုလီဗာပူးအသင်းဖက်က စိတ်ဝင်စားတယ်ဆိုတဲ့ သတင်းဟာ အာဆင်နယ် ပရိတ်သတ်တွေကို စိတ်လှုပ်ရှားသွားစေပါတယ်။ ကစားသမားနဲ့ လန်ဒန်အသင်းကြားမှာ စာချုပ်က နှစ်ရှည်ချုပ်ထားတာ ဘာမှမကြာသေး။ လူငယ်လေးကလဲ  ကျောနံပါတ် ၇ ကိုဝတ်ဆင်ပြီးခြေစွမ်းတွေပြနေတာ တစ်ပွဲထက်တစ်ပွဲ ပိုသိသာလာပါတယ်။  ဒါပေမယ့် သတင်းတွေကတော့ အချိန်ကိုက်ထွက်လာတာပါပဲ။ တကယ်တော့ ဆာကာ ကို ကလော့စိတ်ဝင်စားနေတာအခုမှတော့မဟုတ်ပါဘူး။ အမ်မရီလက်ထက်မှာ ကျောနံပါတ် ၈၇ ကိုဝတ်ပြီး ခြေစွမ်းစပြနေကတည်းက သူနဲ့ မာတင်နယ်လီကို လီဗာပူးနည်းပြကြီးက ချီးကျူးထားတာပါ။ ဒါအပြင် ပြီးခဲ့တဲ့နှစ်က ပွဲကြပ်ကာလမှာလည်း ဆာကာ အပေါ် ပွဲတွေဆက်တိုက်သုံးစွဲနေတာကြောင့် စိတ်ပူကြောင်းပြောဖူးပါတယ်။ ဒီတော့ ခြေစွမ်းထက်သည်ထက်   ထက်မြတ်လာချိန်မှာ ဒီသတင်းထွက်လာတာတော့မဆန်းပါ။ အခုတစ်ကြိမ်ကရော .. သတင်းရင်းမြစ်ကဘယ်ကလာပါသလဲ။ တကယ်တော့ ‌ဘောလုံးသုံးသပ်သူလဲဖြစ် ၊ ကစားသမားဟောင်းလဲဖြစ်တဲ့  အီယန်မက်ဂယ်ရီက  Transfer Window... Continue Reading →

အွန်နရီတို့ရဲ့ စံချိန်ကို  မကျော်ဖြတ်နိုင်သေးတဲ့ ဆာလတ်တို့အဖွဲ့

လက်စတာနဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင် လက်စတာအသင်းက ကြိုးကြာနီတွေကို ၁-၀ ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။  လက်စတာအသင်းဟာ ဒီပွဲစဉ်မှာ လူစား၀င်ကစားသမား လွတ်ခ်မန်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဆာလက်ရဲ့ ပင်နယ်တီလွဲ‌ချော်မှုနဲ့အတူ လက်စတာဘက်ကို တစ်ဂိုးမှမသွင်းနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းအတွက်ကတော့ ဒီအရှုံးရလဒ်ဟာ သူတို့ ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံအိပ်မက်ကို ထိခိုက်စေရုံသာမက အာဆင်နယ်ရဲ့ စံချိန်ကောင်းတစ်ခုကို လိုက်မီမယ့် အခွင့်အရေးကိုပါ ဆုံးရှုံးခဲ့ရပါတယ်။ အာဆင်နယ်အသင်းဟာ ၂၀၀၁-၂၀၀၂ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တိုင်းမှာ ဂိုးသွင်းယူနိုင်တဲ့ အသင်းအဖြစ် မှတ်တမ်းတင်ထားခဲ့တာဖြစ်ပါတယ်။ အာဆင်၀င်းဂါးရဲ့ အာဆင်နယ်ဟာ ရာသီအကုန်မှာ လည်း အမှတ်ပေးဇယား ဒုတိယနေရာက မန်ယူကို ခုနှစ်မှတ်အထိဖြတ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက အာဆင်နယ်ရဲ့ တိုက်စစ်အစုအဖွဲ့ဟာ ပရီးမီးယားလိဂ်မှာ... Continue Reading →

ဆာလက်ရဲ့ စာချုပ်အသစ်ဟာ လီဗာပူးလ်အတွက် ပြဿနာတစ်ခုဖြစ်လာမလား

လီဗာပူးလ် အသင်းဟာ သူတို့ရဲ့အကောင်းဆုံးကစားသမား ဖြစ်သူ မိုဟာမက် ဆာလက် နဲ့ စာချုပ်အသစ်အတွက် သဘောတူညီမှုရဖို့ နီးစပ်လာပြီလို့ ဆိုခဲ့ပါတယ်။ဒါပေမယ့်အင်္ဂလန်နဲ့ မန်စီးတီး ကစားသမားဟောင်းဖြစ်သူ ဒန်နီမေးလ်ကတော့ ဒီစာချုပ်သစ်ကိစ္စဟာ အသင်းအတွက် ပြဿနာတစ်ခု ဖြစ်လာဖွယ်ရှိတယ် လို့ ဝေဖန်ခဲ့ပါတယ်။ ကစားသမားဖြစ်သူနဲ့ ဆွေးနွေးမှုတွေဟာ အချိန်တစ်ခု ကြာနေပြီဖြစ်ပေမယ့် လီဗာပူးလ်ကတော့ ဆာလက်နဲ့ သဘောတူညီမှုရယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ကောလဟာလတွေအရ ဆာလက်ဟာ တစ်ပတ်လုပ်ခငွေ ပေါင် ၅သိန်းအထိ အလိုရှိနေပြီး ဒါသာ အမှန်ဆိုရင် လေးနှစ်ခွဲစာချုပ်အတွက်ဆို ပေါင်၁၁၇သန်း အထိ လီဗာပူးလ်ဟာ ကုန်ကျဖွယ် ရရှိနေပါတယ်။ ဒန်နီမေးက ဆာလက်ဟာ အစားထိုးဖို့ မဖြစ်နိုင်လောက်တဲ့ ကစားသမားဖြစ်ပေမယ့် ဒီလောက်များပြားတဲ့ လစာငွေကိုသာ ဆာလက်ကို ပေးချေခဲ့ရင် အသင်းရဲ့ အခြားသော ကစားသမားတွေကလည်း အသင်းကို... Continue Reading →

အာနိုးနဲ့ဂျိမ်းစ် ဘယ်သူပိုကောင်းလဲ ငြင်းကြတဲ့ ဂန္တဝင်နှစ်ယောက်

လက်ရွေးစင်အသင်းရဲ့ နောက်ခံအစွန်လူနှစ်ယောက်နေရာအတွက် ဂန္တဝင်နှစ်ယောက် မှာမတူညီတဲ့အမြင်တွေရှိနေပါတယ်။ ခြေစွမ်းပြနေတဲ့ ရီဆီဂျိမ်း နဲ့ လီဗာပူးရဲ့ အာနိုးကို ဘယ်သူ့ကိုပွဲထုတ်သင့်တယ်ဆိုတာ BT Sports မှာ အကျေအလည်ဆွေးနွေးနေကြတာပါ။ ဖာဒီနန်က ကျွန်တော်တို့အခြေခံပြီးစဥ်စားတဲ့ အရည်အသွေးတွေအရ  အာနိုးရဲ့နေရာကို ဂျိမ်းစ်က ယူနိုင်ပြီလို့ ပြောလို့ရပါတယ် .. ဘောလုံးပေးပို့ဖြန့်ဝေမှုတွေ ကစားအားတွေမှာ နှစ်ယောက်စလုံးက ထိပ်တန်းအဆင့်တွေပါ။ ကြီးမားတဲ့စွမ်းဆောင်ရည်တွေကိုယ်စီပိုင်ဆိုင်ထားကြပြီး  ဘယ်ခြေညာခြေမရွေးကစားနိုင်တာလဲ အတူတူပါပဲ။ ပွဲကိုဖတ်နိုင်တဲ့အမြင်မှာလဲ အတူတူကောင်းကြပေမယ့် ကြံ့ခိုင်မှုအပိုင်းနဲ့ ပွဲကိုလွှမ်းခြုံသက်ရောက်နိုင်တဲ့ အနေအထားမှာ ထရန့်  က နဲနဲလေးပြသနာရှိနေတယ်လို့မြင်တယ်ဗျ။ ထရန့်ဟာ မတူထားခြားတဲ့ကစားသမားပေမယ့် စတီဗင်ဂျာရတ်လို ပုံစံမျိုးပိုရှိနေတယ်ဗျာ (ကစားအားနဲ့လွှမ်းခြုံနိုင်မှုကိုဆိုလို) .. တောင်ပံခံစစ်သမားနေရာအတွက်ကတော့  ဂျိမ်းနဲ့ပိုသင့်တော်တယ်လို့ ပဲပြောရမယ်။ သူက တစ်ပွဲလုံးရဲ့တိုက်စစ်ကစားပုံကိုသက်ရောက်စေတာကိုး။ ယူနိုက်တက် ဂန္တဝင်ကြီးက အဲ့လိုမြင်နေတာပါ။ ဒါပေမယ့် လီဗာပူးကစားသမားအိုဝင်ကတော့ မတူကွဲပြားစွာပဲအမြင်ရှိနေပါတယ်။ သူက... Continue Reading →

Website Powered by WordPress.com.

Up ↑