လာမယ့်နွေရာသီမှာ မြင်တွေ့ရနိုင်ချေရှိတဲ့ ပရီးမီးယားလ်ဂ်ထိပ်သီးတွေရဲ့ တိုက်စစ်ပိုင်းအပြောင်းအလဲ

ဟာလန်းနဲ့မန်စီးတီအကြား သဘောတူညီမှုရသွားပြီလို့ သတင်းတွေ ခိုင်ခိုင်မာမာထွက်လာခဲ့သလို လီဗာပူးလ်နဲ့ ဆာလက်တို့ကြားက စာချုပ်သစ်အတွက်ဆွေး‌နွေးမှုတွေက အဆုံးသတ်သွားပြီဆိုတဲ့ ကောလဟလတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။  အားကစားဂျာနယ်လစ်တစ်ဦးဖြစ်သူ ဖာဘရီဇီယို ရိုမန်နိုနဲ့ ဂါဒီယန်းတို့က ဆာလက်နဲ့လီဗာပူးလ်တို့ရဲ့ ဆွေးနွေးမှုတွေဟာ အဆင်မပြေဖြစ်နေတယ်လို့ ပြောလာခဲ့ပါတယ်။ လက်ရှိမှာတော့ ကစားသမားနဲ့အသင်းကြား နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်းမှုတွေက အဆင်မပြေသေးပေမယ့် ရာသီမကုန်ခင်မှာ ဒီကြားထဲမှာ ဆာလက်နဲ့လီဗာပူးလ်တို့  သဘောတူညီမှု အသစ်ရသွားနိုင်ချေလည်း ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။  ဆာလက်က အန်ဖီးလ်မှာပဲ ဆက်နေဖို့ ဆန္ဒရှိနေပေမယ့် စာချုပ်သစ်အတွက်တော့ လက်ရှိလစာထက် ပိုများတဲ့ လစာနှုန်းထားတစ်ရပ်ကို အလိုရှိနေပါတယ်။ လီဗာပူးလ်အသင်းကလည်း ဆာလက်လိုချင်တဲ့ လစာငွေအများအပြကို ပေးချေဖို့ လက်တွန့်နေတာကြောင့် စာချုပ်သစ်ကိစ္စဟာ ခုလိုမျိုး ရပ်တန့်နေတာဖြစ်ပါတယ်။  ဆာလက်က လီဗာပူးလ်ကမ်းလှမ်းခဲ့တဲ့ လစာနှုန်းထားဟာ သူ့အတွက် ထိုက်သင့်တဲ့ပမာဏ မရှိဘူးလို့ ယုံကြည်နေသလို... Continue Reading →

M.S.News – နောက်ဆုံးရဘောလုံးသတင်းများ (20Feb)

တိုက်စစ်သမားတွေထက် အလုပ်ဖြစ်နေတဲ့ အလီဆွန် လီဗာပူးလ်ဂိုးသမား အလီဆွန်ဟာမနေ့က ကစားခဲ့တဲ့နော်ဝှစ်ချ်အသင်းနဲ့ပွဲစဥ်မှာ တိုက်စစ်မှုးဆာလာရဲ့ သွင်းဂိုးကိုဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။  အလီဆွန်အတွက်တော့ ဒီရာသီပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမူတကြိမ်ပြုလုပ်ထားနိုင်ခဲ့တဲ့အပြင် ဆာလာအတွက် ဒုတိ ယအကြိမ်မြောက်ဖန်တီးနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ အသင်းရဲ့  တိုက်စစ်ကစားသမားများဖြစ်ကြတဲ့ မာနေး၊ ဂျိုတာတို့ကတော့ ဂိုးဖန်တီးမူတကြိမ်မှပြုလုပ်ထားနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ ဟယ်ရီကိန်းကို ထုတ်ဖော်ချီးကျူးသွားတဲ့ ဂွာဒီယိုလာ စပါးအသင်းကိုရှံးနိမ့်ခဲ့ပြီးနောက် စပါးအသင်းရဲ့နိုင်ပွဲမှာအဓိက နေရာကအထူးခြေစွမ်းပြကစားခဲ့တဲ့ ဟယ်ရီကိန်းအတွက် ဂွာဒီယိုလာကအခုလိုပဲမှတ်ချက်ပေးသွားခဲ့ပါတယ်။ '' ခင်ဗျားတို့အားလုံးသိကြမှာပါ။ ကျွန်တော် ကိန်းကိုအသင်းဆီခေါ်ယူချင်ခဲ့တယ်ဆိုတာကိုပေါ့။ ဒါပမေယ့် အဆင်မပြေခဲ့ဘူးလေ။ မေ့လိုက်ပါ .. ဒါကအတိတ်ပါပဲ။ ဒီညသူလုပ်ပြခဲ့တာကပုံမှန်ဆိုတာ၊ သူဒီထပ် ပိုလုပ်ပြနိုင်သေးတယ်ဆိုတာ UK ကလူတွေအကုန် လုံးသိပါတယ်''  ဆိုပြီးချီးကျူးသွားခဲ့တာဖြစ်ပါတယ်။  အဆိုပါ ပွဲစဥ်ရလဒ်က  ပရီးမီးယားလိဂ်ပြိုင်ပွဲကိုပြန်လည်အသက်ဝင်စေခဲ့တာလည်းဖြစ်ပါတယ်။ ဂိုးသွင်းအားအကောင်းဆုံးဖြစ်လာတဲ့ အာဆင်နယ်လူငယ်လေးတွေ အာဆင်နယ်လူငယ်ကစားသမား စမစ်ရိုး ဟာ  ဘရန်းဖို့ဒ်အသင်းဖက်ကို ဂိုးသွင်းယူပြီးတဲ့နောက်မှာ ဒီရာသီစုစုပေါင်းသွင်းဂိုး ၁၀... Continue Reading →

M.S.News – ညနေခင်းဘောလုံးသတင်းများ

ဘာပေကို မကျေမနပ်ဖြစ်နေတဲ့ရီးရဲ အမ်ဘာပေ ဟာအသင်း ပြောင်းရွှေ့ဖို့ အဆင်သင့်ရှိနေပေမယ့် ပီအက်ဂျီမှာ ဆက်နေဖို့ကိုလည်း ငြင်းဆန်ထားခြင်းမရှိဘူးလို့ စပိန်သတင်းတွေအရ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းပြီးရင် ပြောင်းရွေ့ နိုင်ခြေရှိတဲ့အသင်းက လီဗာပူးလ်အသင်းဖြစ်တယ်လို့ယင်းသတင်းကဆက်လက်ဖော်ပြထားပါတယ်။ လီဗာပူးလ်အသင်းဖက်ကလဲ လက်ရှိသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာမပေးသေးသည့်အပြင် ရီးရဲလ်မက်ဒရစ်အသင်းကလဲ အမ်ဘာပေရဲ့အနိုင်ဂိုးသွင်းယူပြီးအလွန်အကျွံအောင်ပွဲခံခဲ့ခြင်းနဲ့ ​ပွဲအပြီးမှတ်ချက်ထဲတွင် ကမ္ဘာ့အကောင်းဆုံးအသင်းအတွက်ကစားပေးနေရတယ်ဆိုပြီး ပြောဆိုခဲ့ခြင်းအပေါ်ကျေနပ်မှုမရှိဘူးလို့သိရပါတယ်။ အသက် ၁၇ နှစ်အရွယ်ကစားသမားလေးကိုခေါ်ယူမယ့် မန်စီးတီး မန်စီးတီးအသင်းဟာ ဘရာဇီးသား လူငယ်တောင်ပံကစားသမား ဆဗင်ညိုအား ခေါ်ယူရန် အက်သလက်တီကို မီနီရိုကို တရားဝင်ကမ်းလှမ်းလိုက်ပြီး သဘောတူညီမူရရှိရန်နီးစပ် နေပြီဖြစ် ကြောင်းသိရပါတယ်။ ယင်းကမ်းလှမ်းချက်တွင် ပြောင်းရွေ့ကြေး ယူရို ၆.၅သန်း နှင့် အပိုဆုကြေးငွေများပါဝင်ပြီး မကြာခင်မှာ စာရွက်စာတမ်းကိစ္စကိုအပြီး သတ်နိုင်တော့မှာဖြစ်တယ်လို့လဲဆိုပါတယ်။ အဆိုပါ ၁၇ နှစ်သားလေးကို အာဆင်နယ်အသင်းနဲ့အပြိုင်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ဂါဘီကို စာချုပ်သစ်ချုပ်တော့မယ့် ဘာကာ လူငယ်ကြယ်ပွင့်ဂါဗီက်ို... Continue Reading →

နောက်ဆုံးရဘောလုံးသတင်းများ (16Feb)

အီတလီစီးရီးအေမှာနည်းပြဖို့ စိတ်ပျက်လျှက်ရှိနေတဲ့ ပီယာလို ဂျူဗင်တပ်ကစားသမားဟောင်းတဖြစ်လဲနည်းပြဟောင်း ပီယာလိုဟာ လက်ရှိမှာအသင်းလက်မဲ့အ ဖြစ်ရှိနေသေးပြီး အခုလောလောဆယ်မှာ သင့်တော်တဲ့ကမ်းလှမ်းမူမရသေးတာကြောင်း နည်းပြလောကကိုပြန်ဝင်လာဖို့နှောင့်နည်းနေတာလို့သိရပါတယ်။ ပီယာလိုကိုနည်းပြသစ်အဖြစ် စီးရီးအေကလပ် ဆာလန်နီတနာအသင်းကကမ်းလှမ်းခဲ့တယ်လို့သိရပါ တယ်။ ဒါပေမယ့် ပီယာလိုကိုယ်တိုင်က ဥရောပအ သင်းကြီးတသင်းမှာနည်းပြလုပ်လိုတာကတကြောင်း၊ စီးရီးအေမှာပြန်ပြီးအခြေချဖို့သူ့အနေနဲ့ စိတ်ပျက်နေတာကတကြောင်း ယင်းကမ်းလှမ်းမူကို ချက်ချင်းပယ်ချခဲ့တယ်လို့သိရပါတယ်။ ယင်းအသင်းကလဲ နည်းပြပီယာလိုကိုခေါ်ယူဖို့မဖြစ်နိုင်တဲ့အဆုံးမှာ တိုရီနိုနည်းပြဟောင်း နီကိုလာကို ခေါ်ယူခဲ့တယ်လို့သိရပါတယ်။ ယခုလက်ရှိမှာ ဆာလန်နီတနာအသင်းက စီးရီးအေရဲ့ဇယားအောက်ဆုံးမှာရောက်ရှိနေတဲ့အသင်းတသင်းလဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ချန်ပီယံလိဂ်စံချိန်သစ်များ မန်စီးတီးအသင်းဟာ စပို့တင်းအသင်းကို အဝေးကွင်းမှာဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းမှာ သွင်းဂိုး (၂၀၀)ပြည့်တဲ့ (၁၄) သင်းမြောက်ကလပ်အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါ တယ်။ ယင်းသွင်းဂိုး(၂၀၀)ရရှိဖို့အတွက် မန်စီးတီးအသင်းဟာ ပွဲပေါင်း(၉၇)ပွဲဖြင့် အနည်းဆုံးကစားကစားထားတဲ့အသင်းတွေထဲကတသင်းအဖြစ်လဲ မှတ်တမ်းဝင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ရှုံးထွက်အဆင့်ပွဲစဥ် ပထမပိုင်းမှာ (၄)ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းဖြစ်လဲ မှတ်တမ်းဝင်ခဲ့ပါတယ်။ လီယာအိုကို... Continue Reading →

အ‌‌ဂွဲလ်ရိုး အတွက် မက်ဆီရဲ့ ဆုတောင်း

အာဂျင်တိုင်းသား မန်စီးတီး ဂန္တဝင်အဂွဲလ်ရိုးရဲ့  အနားယူ နူတ်ဆက်ပွဲအခမ်းအနားကိုမနေ့ကပြုလုပ်သွားခဲ့ ပါ တယ်။ နည်းပြများနဲ့ကစားသမားများတက်ရောက်ခဲ့ကြပြီး ဘောလုံးအသိုင်းဝိုင်းအတွက် ဝမ်းနည်းစရာနေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ အဂွဲလ်ရိုးအတွက် အသင်းဟောင်းမန်စီးတီးအသင်းမှ အသင်းဖော်တွေဖြစ်တဲ့ ဒီဘရိုင်း၊ မာရက်ဇ် စတဲ့တခြားကစားသမားတွေအပါအဝင် ကပ္ပတိန်ဟောင်း ဒေးဗစ်ဆဲလ်ဗား ကလဲ နှုတ်ဆက်ဂုဏ်ပြုခဲ့ကြပြီး ရီးရဲမက်ဒရစ်အပြင် တခြား  အသင်းတွေကလဲ သဝဏ်လွှာပို့ပေးခဲ့ကြပါတယ်။ အဂွဲလ်ရိုးအတွက်အကောင်းဆုံးသူငယ်ချင်းတယောက်ဖြစ်တဲ့ မက်ဆီက သူ့ရဲ့အနားယူခြင်းအပေါ်မှာအခုလိုဘဲ ပြောထားပါတယ်။ " ငါတို့ ကောင်းမွန်တဲ့အချိန်တွေကို အတူဖြတ်သန်းခဲ့ရတာပဲ Kun ရေ.. အလွန်ကောင်းမွန်တဲ့ အခိုက်အတန့်တွေကို ကြုံတွေခဲ့ရပြီး တခြားသူတွေကြောင့်ငါတို့ကပိုပိုပြီး စည်းလုံးလာတယ် ၊ ရင်းနှီးချစ်ခင်လာကြတယ်။ ပြီးတော့ ကွင်းပြင်မှာလည်း အတူဆက်ရှိနေကြမှာပါ။" မကြာခင် အချိန်ခဏလေးတုန်းကတောင်မှ မင်းက ကိုပါအမေရိကဖလားရရှိတဲ့ပျော်ရွှင်မှုနဲ့ အင်္ဂ လန်မှာရရှိခဲ့တဲ့ အောင်မြင်မှုတွေကြောင့် ပျော်ရွှင်နေခဲ့တာလေ။ ဒါပေမဲ့အခုအချိန်မှာတော့ အမှန်တရားက တကယ်ကို... Continue Reading →

မန်စီးတီးနဲ့ပီအက်စ်ဂျီ အသင်းတို့ရဲ့အဖြစ်ကို လှောင်ပြောင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဂုဏ်ထူးဆောင်ဥက္ကဌ

ဂျာမနီထိပ်တန်းကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂုဏ်ထူးဆောင် ဥက္ကဌ အူလီဟိုးနက်စ်က မန်ချက်စတာစီးတီးအသင်းရဲ့ငွေကြေးသုံးစွဲမှုတွေအပေါ် အကြီးအကျယ်ဝေဖန်ပြီး မန်စီးတီးနဲ့ ပီအက်စ်ဂျီ အသင်းတွေကို တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ဂျာမနီသားတွေရဲ့ ဝေဖန်မှုတွေကြောင့် ဘိုင်ယန်မြူးနစ်နဲ့မန်စီးတီးအသင်းကြားမှာ တင်းမာမှုတွေ များလာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်တွေရဲ့ ၅၀+၁ ပိုင်ဆိုင်မှု ပုံစံနဲ့ အသင်းကိုအုပ်ချုပ်လည်ပတ်နေတာဖြစ်ပေမယ့် မန်စီးတီးနဲ့ ပီအက်စ်ဂျီအသင်းက‌‌တော့ သူတို့ရဲ့ ပိုင်ရှင်ဘီလျံနာသူဌေးတွေရဲ့ ငွေကြေးတွေနဲ့အတူ အပြောင်းအရွှေ့ဈေးကွက်တွေမှာ ကစားသမားကောင်းတွေကို ငွေကြေးပုံအောသုံး ၀ယ်ယူခဲ့ကြပြီး ဥရောပဘောလုံး ‌ဈေးကွက်ကို အတူတကွဖျက်စီးခဲ့ကြတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်မှာ မန်စီးတီးနဲ့ ပီအက်စ်ဂျီ နှစ်သင်းစလုံးက ချန်ပီယံလိဂ် ဖိုင်နယ်ကို ရောက်ခဲ့ပေမယ့် ၂၀၂၀မှာပီအက်စ်ဂျီက ဘိုင်ယန်ကိုရှုံးနိမ့်ခဲ့ရသလို ၂၀၂၁မှာလည်း မန်စီးတီးက ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ရပါတယ်။ ဟူလီဟိုးနက်စ်ကတော့ သူတိုအသင်းတွေရဲ့ ရှုံနိမ့်မှုတွေအပေါ် ပျော်ရွှင်မိတယ်လိုပြောပါတယ်။ “ဒီလောက်ကြာခဲ့တာတောင်... Continue Reading →

ဘယ်သွားမှာလဲ စတာလင်

အသက် ၂၆ နှစ်မှာ ဂိုးပေါင်း ၁၅၇ ဂိုးသွင်းပြီးသွားပြီ။ ဒီအထဲက ၁၈ ဂိုးက နိုင်ငံ့လက်ရွေးစင်အဖြစ်သွင်းတာ။ ကမ္ဘာ့ဘောလုံးဇာတ်ခုံမှာလည်း နာမည်တစ်ခုခိုင်ခိုင်မာမာတည်ဆောက်ပြီးပြီ။ အခုတော့သူက နေရာရဖို့သေချာရေရာတဲ့အသင်းပြောင်းချင်လို့ ဆိုလာပါတယ်။  ကမ္ဘာ့အကောင်းဆုံးနည်းပြလို့ တင်စားကြတဲ့ ပက်ပ်ကလည်း သူ့ကိုတန်ဖိုးထားပေမယ့် အသင်းပြောင်းလိုကပြောင်းနိုင်ကြောင်း တံခါးဖွင့် ပေးထားလိုက်ပါပြီ။  စတာလင်ရဲ့ အနာဂတ်က ဘာတွေဆက်ဖြစ်လာနိုင်မလဲ။ အပြောင်းအရွှေ့ကာလမှာ နာမည်အထွက်ဆုံးတွေထဲမှာ သူအပါအဝင်ပါပဲ။ အဲ့ဒီအထဲကမှ အာဆင်နယ် နဲ့ ဘာစီလိုနာက အကျယ်လောင်ဆုံး။  တောင်ပံကစားသမားရော ၊ အတွေ့အကြုံရင့်ကစားသမားပါ လိုအပ်နေတဲ့ အာဆင်နယ်ဟာ စတာလင်ဆီမှာ အဲ့ဒီအရာ ၂ ခုစလုံးရှာတွေ့ခဲ့ပုံရပါတယ်။ ဒါပေမယ့် အာဆင်နယ်တို့ထုံးစံအတိုင်း တကယ်ဖြစ်ကာမှသာဖြစ်လို့ဆိုရမယ်။ တဖက်က ဘာစီလိုနာကတော့ တောက်လျှောက်စိတ်ဝင်စားခဲ့ပေမယ့် ဇာဗီနည်းပြဖြစ်လာတဲ့နောက် စတာလင်အစား ချဲလ်ဆီး ကစားသမားတွေ ဖက်ကို အာရုံရောက်သွားခဲ့ပုံပါပဲ။ Football... Continue Reading →

အိုးထရက်ဖိုဒ့်မှာ မြိုခံပြိုင်ဘက်ကို ဒူးထောက်ခဲ့ရတဲ့ သရဲနီများ

ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်(၁၁)ရဲ့ စိတ်၀င်စားဖို့အကောင်းဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စီးတီးအသင်းတို့ရဲ့ပွဲစဉ်ကို နိုဝင်ဘာလ ၆ ရက် ၊ မြန်မာစံတော်ချိန် (၇)နာရီ အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဒါဘီပွဲတွေထဲက တစ်ခုဖြစ်တဲ့ မန်ချက်စတာဒါဘီ ကို ဘောလုံးပရိသတ်တွေအားလုံး စိတ်၀င်တစားစောင့်ကြည့်ခဲ့ကြပေမယ့် တကယ်တန်းကစားတဲ့အခါမှာတော့ မန်စီးတီးအသင်းကသာ တစ်ပွဲလုံးဦးဆောင် ကစားသွား ခဲ့ပြီး  ပွဲက တခြမ်းစောင်းနေခဲ့ပါတယ်။ အိမ်ရှင်မန်ချက်စတာယူနိုက်တက်အသင်းက နောက်တန်း ၃ ယောက်အထိုင်  ၃-၅-၂ ကစားကွက်နဲ့အတူ ဂိုးသမား ဒီဂီယာ နောက်တန်းမှာ လင်ဒီလော့ဖ်၊မက်ဂွိင်းယား၊အဲရစ်ဘိုင်ယီ ကွင်းလယ်မှာ လုခ်ရှော၊ဘစ်ဆာကာ၊ တော်မီနေး၊ဖရက်၊ဖာနန်ဒက် နဲ့ ရှေ့တန်းမှာ ရော်နယ်ဒို၊ဂရင်းဝုဒ် တို့နဲ့  ပွဲထွက်လာခဲ့ပါတယ်။ ဧည့်သည် မန်စီးတီးအသင်းကတော့ ၄-၃-၃ အခင်းအကျင်းမှာ ဂိုးသမား... Continue Reading →

ဂျက်ဂရီးလစ်ရှ်ဟာ စီတီးအတွက် သင့်တော်တဲ့ကစားသမားဖြစ်မလာမှာကို မိုက်ကယ်အိုဝင်စိုးရိမ်နေ

မိုက်ကယ်အိုဝင်က သူဟာ ဂျက်ဂရီးလစ်ရှ်ကို အရမ်းသဘောကျတဲ့ ပရိသတ်တစ်ဦးဖြစ်ပေမယ့် ပေါင်သန်း ၁၀၀ တန်ကစားသမားဟာ  မန်ချက်စတာစီးတီးဘောလုံးအသင်းရဲ့ကစားနည်းဟန်နဲ့ ကိုက်ညီမှုမရှိမှာကို စိုးရိမ်မိတယ်လို့  သုံးသပ်ပြောကြားပါတယ်။ မန်ချက်စတာစီးတီးက ကလပ် ဘရုဂ်အသင်းကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာ ဂရီးလစ်ရှ်က ထပ်ပြီးခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိတာကြောင့် ပက်ဂွာဒီယိုလာရဲ့နည်းစနစ်နဲ့ ကစားသမား အကြား သဟဇာတဖြစ်ရဲ့လားဆိုတာ အများက မေးခွန်းထုတ်ခဲ့ကြပါတယ်။ ပြိုင်ဘက်ဂိုးဧရိယာဘက်ခြမ်းမှာ ဖရီးကစ်ကန်ခွင့်ရဖို့ပဲ အာရုံစိုက်နေမယ်ဆိုရင်  ဂရီးလစ်ရှ်က အသင်းနဲ့ လုံးဝကိုက်ညီမှာ မဟုတ်ဘူးလို့ အိုဝင်က သတိပေးပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ စီးတီးရဲ့ကစားနည်းပုံစံကို ဂရီးလစ်ရှ် အနေနဲ့ လေ့လာပြီးသွားရင်တော့ အက်စ်တွန်ဗီလာကပ္ပတိန်ဟောင်းဟာ ဂွာဒီယိုလာ လက်အောက်မှာ ခြေစွမ်းပြကစားနိုင်လိမ့်မယ်လို့ အခြားဂန္တင်တစ်ဦးဖြစ်တဲ့ ရီယိုဖာဒီနန်က ယုံကြည်ထားပါတယ်။ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဂရီးလစ်ရှ်ဟာ ဒီရာသီ စီးတီးတို့ဆီမပြောင်းခင် ... Continue Reading →

Website Powered by WordPress.com.

Up ↑