နောက်ဆုံးရဘောလုံးသတင်းများ (16Feb)

အီတလီစီးရီးအေမှာနည်းပြဖို့ စိတ်ပျက်လျှက်ရှိနေတဲ့ ပီယာလို ဂျူဗင်တပ်ကစားသမားဟောင်းတဖြစ်လဲနည်းပြဟောင်း ပီယာလိုဟာ လက်ရှိမှာအသင်းလက်မဲ့အ ဖြစ်ရှိနေသေးပြီး အခုလောလောဆယ်မှာ သင့်တော်တဲ့ကမ်းလှမ်းမူမရသေးတာကြောင်း နည်းပြလောကကိုပြန်ဝင်လာဖို့နှောင့်နည်းနေတာလို့သိရပါတယ်။ ပီယာလိုကိုနည်းပြသစ်အဖြစ် စီးရီးအေကလပ် ဆာလန်နီတနာအသင်းကကမ်းလှမ်းခဲ့တယ်လို့သိရပါ တယ်။ ဒါပေမယ့် ပီယာလိုကိုယ်တိုင်က ဥရောပအ သင်းကြီးတသင်းမှာနည်းပြလုပ်လိုတာကတကြောင်း၊ စီးရီးအေမှာပြန်ပြီးအခြေချဖို့သူ့အနေနဲ့ စိတ်ပျက်နေတာကတကြောင်း ယင်းကမ်းလှမ်းမူကို ချက်ချင်းပယ်ချခဲ့တယ်လို့သိရပါတယ်။ ယင်းအသင်းကလဲ နည်းပြပီယာလိုကိုခေါ်ယူဖို့မဖြစ်နိုင်တဲ့အဆုံးမှာ တိုရီနိုနည်းပြဟောင်း နီကိုလာကို ခေါ်ယူခဲ့တယ်လို့သိရပါတယ်။ ယခုလက်ရှိမှာ ဆာလန်နီတနာအသင်းက စီးရီးအေရဲ့ဇယားအောက်ဆုံးမှာရောက်ရှိနေတဲ့အသင်းတသင်းလဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ချန်ပီယံလိဂ်စံချိန်သစ်များ မန်စီးတီးအသင်းဟာ စပို့တင်းအသင်းကို အဝေးကွင်းမှာဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းမှာ သွင်းဂိုး (၂၀၀)ပြည့်တဲ့ (၁၄) သင်းမြောက်ကလပ်အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါ တယ်။ ယင်းသွင်းဂိုး(၂၀၀)ရရှိဖို့အတွက် မန်စီးတီးအသင်းဟာ ပွဲပေါင်း(၉၇)ပွဲဖြင့် အနည်းဆုံးကစားကစားထားတဲ့အသင်းတွေထဲကတသင်းအဖြစ်လဲ မှတ်တမ်းဝင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ရှုံးထွက်အဆင့်ပွဲစဥ် ပထမပိုင်းမှာ (၄)ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းဖြစ်လဲ မှတ်တမ်းဝင်ခဲ့ပါတယ်။ လီယာအိုကို... Continue Reading →

ပြင်သစ်မှာ မက်ဆီ ပွဲဦးထွက်လိဂ်ဂိုးသွင်းပြီးနောက် …

ကမ္ဘာ့အကောင်းဆုံး ကစားသမားတယောက်အတွက် ပဲရစ်မြေကသိပ်ပြီးတော့မစိမ်းလှပါဘူး။ စပိန်မှာ ကတည်းက ပဲရစ်ကို ချန်ပီယံလိဂ်ပွဲစဥ်ဇယားတွေမှာ သွားရောက်လည်ပတ်အနိုင်ယူခဲ့တဲ့အပြင် ၊ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ (BALLOND'OR) ရွှေဘောလုံးဆုကိုလက်ခံရရှိဖို့အတွက်လဲ ဆုပေးစင်မြင့်ဆိုတာ နှစ်စဥ်နှစ်တိုင်းမဟုတ်ဘူးဆိုရင်တောင်  အမြဲလိုလိုရောက်ဖြစ်နေတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ထွက်ခွာပြီး ကလပ်ရွေးချယ်တဲ့အခါတော်တော်လေး ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ ဒါကလဲဘောလုံးလောကမှာ ဖြစ်တတ်တဲ့ ဝေဖန်မူတွေထဲကတခုလို့ဆိုရပါမယ်။ အထူးသဖြင့် ပရိတ်သတ်တွေကြားမှာအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော်တော်လေးဂယက်ထခဲ့ပါတယ်။ ဘောလုံးစကန်ကတည်းက ဘာစီလိုနာအသင်းမှာပဲ ကစားရင်းတစ်ဦးချင်းအောင်မြင်မူ၊ အသင်းလိုက် အောင်မြင်မူတွေရဲ့ အနိမ့်အမြင့်အတက်အကျတွေကြား မှာ ဖြတ်သန်းခဲ့ရင်း အသက်(၃၃)နှစ်အရွယ်ရောက်မှ ထွက်ခွာခဲ့တယ်။ ဒီအဖြစ်မျိုးက ကစားသမားနဲ့ ကလပ် အသင်းတွေကြား ပုံမှန်ဆိုပေမယ့် မက်ဆီ လိုဘဝကိုအေးအေးလူလူဖြတ်သန်း နေတဲ့သူ One Club Man အတွက်ဆိုရင်တော့ ဖော်ပြလို့မရလောက်အောင် ခက်ခဲတဲ့ထွက်ခွာမူမျိုးဖြစ်ခဲ့မှာပါ။ ဘာပဲဖြစ်ဖြစ်မက်ဆီပရိတ်သတ်တွေအနေနဲ့ သူသွားရာခရီးကိုနောက်​ကနေလိုက်အားပေးတဲ့အထိ သူတို့ရဲ့ချစ်ခြင်းကိုဖော်ပြခဲ့ကြပါတယ်။ ပြင်သစ်အခြေစိုက် Ligue1... Continue Reading →

Website Powered by WordPress.com.

Up ↑