ဂျက်ဂရီးလစ်ရှ်ဟာ စီတီးအတွက် သင့်တော်တဲ့ကစားသမားဖြစ်မလာမှာကို မိုက်ကယ်အိုဝင်စိုးရိမ်နေ

မိုက်ကယ်အိုဝင်က သူဟာ ဂျက်ဂရီးလစ်ရှ်ကို အရမ်းသဘောကျတဲ့ ပရိသတ်တစ်ဦးဖြစ်ပေမယ့် ပေါင်သန်း ၁၀၀ တန်ကစားသမားဟာ  မန်ချက်စတာစီးတီးဘောလုံးအသင်းရဲ့ကစားနည်းဟန်နဲ့ ကိုက်ညီမှုမရှိမှာကို စိုးရိမ်မိတယ်လို့  သုံးသပ်ပြောကြားပါတယ်။ မန်ချက်စတာစီးတီးက ကလပ် ဘရုဂ်အသင်းကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာ ဂရီးလစ်ရှ်က ထပ်ပြီးခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိတာကြောင့် ပက်ဂွာဒီယိုလာရဲ့နည်းစနစ်နဲ့ ကစားသမား အကြား သဟဇာတဖြစ်ရဲ့လားဆိုတာ အများက မေးခွန်းထုတ်ခဲ့ကြပါတယ်။ ပြိုင်ဘက်ဂိုးဧရိယာဘက်ခြမ်းမှာ ဖရီးကစ်ကန်ခွင့်ရဖို့ပဲ အာရုံစိုက်နေမယ်ဆိုရင်  ဂရီးလစ်ရှ်က အသင်းနဲ့ လုံးဝကိုက်ညီမှာ မဟုတ်ဘူးလို့ အိုဝင်က သတိပေးပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ စီးတီးရဲ့ကစားနည်းပုံစံကို ဂရီးလစ်ရှ် အနေနဲ့ လေ့လာပြီးသွားရင်တော့ အက်စ်တွန်ဗီလာကပ္ပတိန်ဟောင်းဟာ ဂွာဒီယိုလာ လက်အောက်မှာ ခြေစွမ်းပြကစားနိုင်လိမ့်မယ်လို့ အခြားဂန္တင်တစ်ဦးဖြစ်တဲ့ ရီယိုဖာဒီနန်က ယုံကြည်ထားပါတယ်။ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဂရီးလစ်ရှ်ဟာ ဒီရာသီ စီးတီးတို့ဆီမပြောင်းခင် ... Continue Reading →

Website Powered by WordPress.com.

Up ↑