ခြင်ကိုက်လွန်းလို့ စိတ်ညစ်နေပြီလား

ပတ်ဝန်းကျင်မှာ အပေါများဆုံး အင်းဆက်တစ်မျိုးကို ပြောပါဆိုရင် ခြင်လို့ပဲ အတူတူ ဖြေဖြစ်ကြမယ်ထင်ပါတယ်။ ပရိသတ်ကြီးရော ဘာဖြေမှာလဲ ခြင် ပဲလား…. နေ့စဉ်မှာ ခြင်တွေကြောင့် စိတ်ညစ်နေရပြီဆိုရင်တော့ ခြင်ကင်းဝေးအောင် လုပ်ဆောင်နိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ ခြင်တွေ နဲ့ ကင်းကင်းနေနိုင်စေဖို့ နေထိုင်ရာ ပတ်ဝန်းကျင်ကို ခြင်ကင်းဝေးစေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေက အသုံးတည့်မှာပါ။ ခြင်လုံဇကာအသုံးပြုပါ နေအိမ်ရဲ့ တံခါးတွေနဲ့ ပြတင်းပေါက်တွေမှာ ခြင်လုံဇကာတွေတပ်ဆင်ပြီးနေအိမ်ထဲကို ခြင်တွေမဝင်ရောက်နိုင်အောင် ကာကွယ်ပါ။ ခြင်ထောင် သုံးပါ ခြင်လုံဇကာတပ်ဖို့အဆင်မပြေဘူးဆိုရင်ခြင်ထောင်အသုံးပြုပေးလည်းရပါတယ်။ တရားထိုင် ခြင်ထောက်ကစလို့ အဆင်ပြေမယ့် ခြင်ထောင် အမျိုးအစားကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ လေအေးပေးစက် အသုံးပြုပါ နောက်ထပ်လုပ်လို့ရတဲ့ နည်းလမ်းတစ်ခုကနေအိမ်တံခါးတွေကို လုံအောင်ပိတ်ပြီး လေအေးပေးစက်ဖွင့်ထားလို့လည်း ရပါတယ်။ လေအေးပေးစက်မရှိဘူးဆိုရင် ပန်ကာဖွင့်ထားလို့ရပါတယ်။ ငှက်မွေးပါ နေအိမ်မှာ ငှက်ကလေးတွေမွေးထားတာကလည်းခြင်တွေကို... Continue Reading →

Website Powered by WordPress.com.

Up ↑