လာမယ့်နွေရာသီမှာ အမ်းမရိတ်ကို ပေပေစွန့်ခွာတော့မလား 

အမ်းမရိတ်မှာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးစဉ်တစ်ခုကို ဖြတ်သန်းပြီးနောက်မှာတော့ နီကိုလပ်စ်ပေပေဟာ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်ချေရှိတယ်လို့ အရိပ်အမြွက်ပြောလာခဲ့ပါတယ်။  လွန်ခဲ့တဲ့ သုံးနှစ်က လိုင်လီကနေ ပေါင်၇၂သန်းနဲ့ခေါ်ယူခဲ့တဲ့ ပေပေဟာ လက်ရှိရာသီမှာအာဆင်နယ်အတွက် ပရီးမီးယားလ်ဂ် ပွဲစဉ်ငါးပွဲသာ ပွဲထွက်လူစာရင်းမှာ ပါ၀င်ခွင့်ရခဲ့ပြီး အခြားပွဲစဉ်တွေကိုတော့ လူစား၀င်ကစားသမားအဖြစ်သာ ပါ၀င်ခွင့်ရခဲ့တာ များပါတယ်။  အိုင်ဗရီကို့စ်သား လန်ဒန်ကို ရောက်ခါစမှာ သူ့အပေါ်ကို မျှော်လင့်ချက်တွေ အများကြီး ထားခဲ့ကြပေမယ့် ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းပြသဖို့ ရုန်းကန်ခဲ့ရပြီး ဆာကာ၊ မာတင်နယ်လီ၊ အိုဒီဂတ်နဲ့စမစ်ရိုး အစရှိတဲ့ အာတီတာရဲ့ စိတ်ကြိုက်ကစားသမားတွေလိုမျိုး အားကိုးရတဲ့ ဂန်းနားတစ်ယောက်တော့ မဖြစ်ခဲ့ပါဘူး။  ပေပေရဲ့အတွေးကတော့ ဘာသာစကားအခက်အခဲဟာ သူ့အတွက် အခက်အခဲတစ်ခုဖြစ်ခဲ့တယ်ဆိုတာပါပဲ။ အသင်းမှာ ဆက်ရှိနေမှာလားဆိုတဲ့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ချိန်မှာလည်း “စောင့်ကြည့်ကြတာပေါ့”လို့ ဆိုခဲ့ပါတယ်။  “... Continue Reading →

ပေပေကို နေ့ခြင်းညခြင်း အာဆင်နယ်သူရဲကောင်းဖြစ်သွားမယ်လို့ မမျှော်လင့်စမ်းပါနဲ့ – ပေါလ်မာဆင်

ပေါလ်မာဆင်ကတော့ ပေပေနဲ့ပတ်သတ်ပြီးမျှော်လင့်ချက်ကြီးကြီးမထားဖို့ နဲ့  အိုဗရီကို့စ်သားဟာ မကြာခင်မှာပဲ ခြေစွမ်းပြန်ပျောက်သွားတာမျိုးဖြစ်နိုင်တယ်ဆိုပြီး သတိပေးလာခဲ့ပါတယ်။ The Star သတင်းစာနဲ့တွေ့ဆုံရာမှာ မာဆင်က ပေပေကို ပြင်းပြင်းထန်ထန်ပဲ ထောက်ပြဝေဖန်မှုတွေပြုလုပ်သွားခဲ့တာပါ။  သူ့အနေနဲ့ကတော့ ပေါင် ၇၂ သန်းတန်ကစားသမားကို အများကြီးမမျှော်လင့်ထားဘူးလို့ဆိုပါတယ်။  ပရိတ်သတ်တွေကတော့ အရေးကြီးတဲ့ပွဲစဥ်မှာ  ကိုယ်တိုင်လဲတစ်ဂိုးသွင်းယူနိုင်သလို နောက်ဆုံးမိနစ်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာမို့  ကစားသမားအပေါ်ကို မျှော်လင့်ချက်ကြီးကြီးထားနေကြတာပါ။ မာဆင်ကဘာကြောင့်ပေပေကို အခုလိုမျိုးကွဲပြားတဲ့အမြင်ရှိနေတာပါလဲ။ Sky Sports ရဲ့ကျွမ်းကျင်သူ ဂန္တဝင်ကြီးက “  ပေပေကို ချက်ချင်းကြီးပဲ အစွမ်းပြတော့မယ့် ဂန္တဝင်ကစားသမားတစ်ယောက်လို့ မမြင်ကြပါနဲ့ဦး။ သူက ၇၂ သန်းတန်အရံကစားသမားတစ်ယောက်ဖြစ်နေဆဲပါ။  ကစားသမားတစ်ယောက်အဖို့ လိုအပ်တာ ခြေစွမ်းတည်ငြိမ်ဖို့ပဲ။ သူ့မှာအခုထိ လိုအပ်တဲ့ တည်ငြိမ်မှုမရှိသေးပါဘူး။  ကျွန်တော့်မျက်လုံးထဲမှာသူက စွမ်းဆောင်ရည်ကောင်းတယ်လို့ပြောရခက်နေပါသေးတယ်။  ပေပေတစ်ယောက် ရုတ်တရက်အစွမ်းတွေပြပြီး လက်ကျန်ဘောလုံးရာသီကို ထိပ်တန်းပုံစံနဲ့ ကစားပြသွားမယ်ဆိုတာက ကျွန်တော့်အတွက်တော့... Continue Reading →

Website Powered by WordPress.com.

Up ↑