နစ္စတယ်ရွိင်း သို့မဟုတ် တစ်ချိန်တုန်းက ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းစက်တစ်လုံးအကြောင်း

 နွားကြီးလို့ မြန်မာပရိသတ်တွေချစ်စနိုးခေါ်ခဲ့ဖူးတဲ့ တစ်ချိန်က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး နစ္စတယ်ရွိင်းကိုအားလုံး မှတ်မိနေကြဦးမှာပါ။သူ့ရဲ့နာမည်အပြည့်အစုံက Rutgerus Johannes van Nistelrooij ဖြစ်ပြီး မွေးသက္ကရာဇ်ကတော့ ၁၉၇၆ ဂျူလိုင်၁ရက်နေ့ ဖြစ်ပါတယ်။ ဒီနယ်သာလန် သားရဲ့ အချိန်တွေတုန်းကဆိုရင်သူတိုခေတ်ရဲ့အကောင်းဆုံး တိုက်စစ်မှူးတွေ ထဲကတစ်ဦး အဖြစ် နာမည်ကြီး ခဲ့တာဖြစ်ပါတယ်။မတူညီတဲ့ချန်ပီယံလိဂ်ပြိုင်ပွဲသုံးကြိမ်မှာထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပြီးပြိုင်ပွဲသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းထားတဲ့ကစားသမားတွေထဲကတစ်ဦးလည်းဖြစ်ပါတယ်။ ရွိင်းကသူ့ရဲ့ကစားသမားဘ၀အစကို FC Den Bosch ဆိုတဲ့အသင်းလေးမှာစတင်ခဲ့ပြီး နောက်တော့ Heerenveen အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။ သူနာမည်စထွက်လာခဲ့တာကတော့ PSV Eindhovenမှာ ဖြစ်ပြီး အသင်းနဲ့ လိဂ်ချန်ပီယံဆုကို နှစ်ကြိမ်ရယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့သွင်းဂိုးမှတ်တမ်းတွေကြောင့် မန်ချက်စတာ ယူနိုက်တက်ကစိတ်၀င်စားခဲ့ပြီး၂၀၀၀ပြည့်နှစ်နွေရာသီမှာသူ့ကိုခေါ်ယူဖို့လုပ်ခဲ့ပါတယ်။ဒါပေမယ့်သူ့ရဲ့ဒဏ်ရာပြဿနာတွေကြောင့် နောက်နှစ်မှသာ အပြောင်းအရွှေ့ဖြစ်ခဲ့ပြီး အဲ့ဒီအချိန်တုန်းက ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးပေါင်၁၉သန်းနဲ့မန်ချက်စတာယူနိုက်တက်ဟာနယ်သာလန်တိုက်စစ်မှူးကိုခေါ်ယူနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်မှာလည်း ရွိင်းဟာအောင်မြင်ခဲ့ပြီး အသင်းနဲ့အတူ Premier Leagueဖလား၊ FAဖလား၊ Football League... Continue Reading →

Website Powered by WordPress.com.

Up ↑